Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsလူမှုရေးဦးတည်ချက် ၃ ရပ်အားအကောင်အ...

လူမှုရေးဦးတည်ချက် ၃ ရပ်အားအကောင်အ ထည်ဖော်နိုင်ရန် စာပေပညာရှင်ကြီးများ အပါအ ဝင် ရုပ်ရှင်၊ဂီတ၊သဘင်စသည့် အနုပညာရှင်များ ၏ စစ်မှန်ကောင်းမွန်သည့် စွမ်းဆောင်မှုများက များစွာထိရောက်အောင်မြင်စေမည်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနိုဝင်ဘာ ၂၃ ရက်(ယနေ့)နံနက်ပိုင်း၌ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန-၂ တွင်ကျင်းပသည့် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊အမျိုး သားစာပေဆုနှင့်စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားတွင် အမှာစကားပြောကြားရာ ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာစာပေလောကရှင်သန်ဖွံ့ဖြိုးရန်ကြိုးပမ်းရာတွင် စာပေကိုပြုစုရေးသားကြသည့် စာဆိုတော်ကြီးများ၏ အခန်းကဏ္ဍသည်အရေးပါကာ စာပေပညာရှင်ကြီးများကို အားပေးချီးမြှောက်ပေးသည့် နိုင်ငံတော်အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အ စည်းများ၊စေတနာရှင်လူပုဂ္ဂိုလ်များ၏ စေတနာသည်လည်း တစ်ထောင့်တစ်နေရာမှပါဝင်သည်ဟု ပြောသည်။

နိုင်ငံတော်အစိုးရမှ မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ရန် စာဆိုတော်ကြီးများ၏ စာပေလက်ရာမွန်များအား နိုင်ငံတော်အဆင့် အမျိုးသားစာပေဆုနှင့်စာပေဗိမာန်စာမူဆုအဖြစ်ရွေးချယ်၍ စာဆိုတော်နေ့ရောက်တိုင်း နှစ်စဉ်ချီးမြှောက် ဂုဏ်ပြုပေးလျက်ရှိသည်ဟု ပြောသည်။

“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေက အရေးပါသလို ဉာဏပစ္စည်းဆိုင်ရာတွေကလည်း ထပ်တူအရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စာပေနဲ့အနုသုခုမပညာရပ်တွေဟာ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သလို နိုင်ငံတစ်နိုင်ငံလူမျိုးတစ်မျိုးရဲ့ယဉ်ကျေး မှုအဆင့်အတန်းကို အကဲဖြတ်ရာမှာလည်း အဓိ ကအခြေခံထားပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။

နစက မှ ၂၀၂၂ ခုနှစ်၊မတ်လတွင် စာပေနှင့်အနုပညာ နယ်ပယ်၌ ထူးချွန်သူ ၂၅ ဦး၊ ဧပြီလတွင် ၈ ဦးနှင့်နိုဝင်ဘာ ၁၇ ရက်တွင် ၇ ဦးတို့အား အလင်္ကာကျော်စွာဘွဲ့များချီးမြှင့်ခဲ့သဖြင့် လွတ်လပ်ရေးရ အပြီး ပါလီမန်ခေတ်မှစ၍ ယနေ့မျက်မှောက် ခေတ်အထိ စာပေနှင့်အနုပညာနယ်ပယ်မှ အလင်္ကာကျော်စွာဘွဲ့ရသူပေါင်း ၆၄ ဦးရှိပြီဖြစ်သည်။

ထို့ပြင် အနုပညာနယ်ပယ်အသီးသီးရှိ အနုပညာဖန်တီးမှုလုပ်ငန်းများအား နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ တွင် “အနုပညာ ဗဟိုဌာနအဆောက်အဦ (Art Centre)” များနှင့် စာပေလောကသားများစုစည်းဆောင်ရွက်စေရန်နှင့်မြန်မာစာပေဖွံ့ဖြိုးရေးလုပ် ငန်းများ ထာဝရရှင်သန်စေရန် “စာဆိုဗိမာန်” တည်ဆောက်ရန် စတင်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“မိမိတို့နိုင်ငံသားတွေ အထူးသဖြင့် အနာဂတ်နိုင်ငံ့ခေါင်းဆောင်တွေဖြစ်ကြမယ့်လူငယ်တွေရဲ့ အ တွေးအခေါ်၊ အသိပညာတိုးတက်ဖွံ့ဖြိုးအောင် ဖြည့်ဆည်းပေးဖို့နဲ့ နိုင်ငံတကာအလယ်မှာ ဝင့်ထည်စွာရပ်တည်နိုင်ဖို့ မီဒီယာတွေပေါင်းစည်း ဆောင်ရွက်မှုကဏ္ဍဖွံ့ဖြိုးဖို့လည်း လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

လူမှုရေးဦးတည်ချက်သုံးရပ်အားအကောင်အ ထည်ဖော်နိုင်ရန် စာပေပညာရှင်ကြီးများ အပါ အဝင် ရုပ်ရှင်၊ ဂီတ၊ သဘင်စသည့် အနုပညာရှင် အသီးသီး၏ စစ်မှန်ကောင်းမွန်သည့် စွမ်းဆောင်မှုများမှာ များစွာထိရောက်အောင်မြင်စေမည်ဟု ပြောသည်။

တိုင်းပြည်၏အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့် စကားအတိုင်း နိုင်ငံကောင်းရာ ကောင်းကျိုးအတွက် ပြည်သူများ၏ အသိပညာ ဗဟုသုတနှင့်စိတ်ဓာတ်မြင့်မားရေးကို စာပေအနု ပညာရှင်ကြီးများအားဖြင့် ဆောင်ရွက်ပေးပါက မိမိတို့နိုင်ငံကြီးသည် အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် စာပေပညာရှင်ကြီးများ၊သတင်းစာပညာရှင်ကြီးများအနေဖြင့် မိမိတို့တတ်ကျွမ်းသည့် စာပေရေးသားခြင်းလုပ်ငန်းများ၊ သတင်း စာပညာရပ်များနှင့်မီဒီယာလုပ်ငန်းများကို ဆောင် ရွက်ရာတွင် လူတစ်စုအတွက်၊အဖွဲ့အစည်းတစ်ခုအတွက်မဖြစ်စေဘဲ တစ်မျိုးသားလုံးအကျိုး၊ နိုင် ငံတော်အကျိုးကို ဦးတည်ဆောင်ရွက်ပေးကြရန် နစက ဥက္ကဋ္ဌက ​မေတ္တာရပ်ခံခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071