လူနေတိုက်ခန်းအပေါ်ဆုံးထပ်များတွင် ဖွင့်ထားသည့် ကာရာအိုကေဆိုင်များကို ပိတ်စေလိုသည့် လူထုအသံကိုကြားခဲ့ရကြောင်း လသာမြို့နယ်၊ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
လသာမြို့နယ်၊ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ရပ်ကွက်များအတွင်းသို့ လက်ကမ်းစာစောင်များ လိုက်လံဝေငှစဉ် ထိုကဲ့သို့ လူထုက တောင်းဆိုမှုများရှိကြောင်း သိရသည်။
“အဲ့ဒါကတော့ တချို့အထပ်မြင့်အဆောက်အဦးတွေရဲ့အပေါ်မှာ မလိုအပ်ပဲနဲ့ ကာရာအိုကေဖွင့်ထားတဲ့ အဆောက်အဦးတွေရှိတယ်။ ဒါတွေကိုတော့ သူတို့မလိုချင်ဘူး။ အဲဒီလိုကိစ္စမျိုးတွေကို ပိတ်နိုင်အောင်ကြိုးစားပေးပေါ့။ ဒါမျိုးတွေတင်ပြထားတာ ရှိတယ်ပေါ့” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
ရပ်ကွက် (၁၀) ခုတွင် တစ်ပါတ်လျှင် သုံးရက်နှုန်းဖြင့် အလှည့်ကျလက်ကမ်းစာစောင်ဝေကြောင်း သိရသည်။
ဒေါ်စန္ဒာမင်းသည် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
