လူနာများနှင့် အနီးကပ်ထိတွေ့ ပြုစုရသည့်အချိန် ပိုမိုများပြားသဖြင့် သူနာပြုများအား လေ့ကျင့်သင်ကြားမှုသည် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအတွက် အရေးကြီးကြောင်း ကျန်းမားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကပြောသည်။
ယမန်နေ့ ဩဂုတ်(၁၆)ရက်က မိတ္ထီလာမြို့ သူနာပြုသင်တန်းကျောင်း၌ ကျောင်းအုပ်ကြီး၊ သင်တန်းဆရာဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းသား၊ သင်တန်းသူများ၏ လိုအပ်ချက်ကို တတ်နိုင်သမျှပံ့ပိုးပေးရန်နှင့် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများကိုလည်း မိသားစုသဖွယ် ဖေးမဆောင်ရွက်ပေးစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့သည်။
ထိုနောက် သင်တန်းကျောင်းအတွင်း ကွန်ပျူတာခန်း၊ စာသင်ခန်း၊ စာကြည့်တိုက်၊ ထမင်းစားဆောင်၊ စားဖိုဆောင်၊ ဝန်ထမ်းအိမ်ရာနှင့် သူနာပြုဆောင်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
