Wednesday, June 4, 2025

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃...

ထိုင်းတွင်ကိုဗစ်လူနာသစ် ၆၅,၀၀၀ ကျော်ရှိ၊ ‌ေ-သဆုံးသူသည်သုံးဦးရှိပြီဖြစ်

     ထိုင်းနိုင်ငံတွင် မေလနောက်ဆုံးအပတ်က ကိုဗစ်-၁၉ ကူးစက်သူသည် ၆၅,၈၈၀ ဦး အထိရှိလာပြီး‌ေ-သဆုံးသူသည် သုံးဦးအထိရှိလာသော်လည်း ရောဂါဖြစ်ပွားမှုသည် နှစ်အလိုက် အထွတ်အထိပ်အခြေအနေအောက် လျော့နည်းသွားသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးက...
HomeNewsLocal Newsလူတစ်ဦးချင်းစီအတွက် Biometric (၃)...

လူတစ်ဦးချင်းစီအတွက် Biometric (၃) ချက်ကောက်ယူရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဦးတည်အုပ်စုများ သတ်မှတ်ကာဆောင်ရွက်သွားသွားမည်

လူတစ်ဦးချင်းစီအတွက် Biometric (၃) ချက်ကောက်ယူရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဦးတည်အုပ်စုများ သတ်မှတ်ကာဆောင်ရွက်သွားသွားမည်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က စက်တင်ဘာ ၁၃ ရက်နံနက် ၁၀ နာရီတွင် e-ID စနစ်လုပ်ငန်းကော်မတီစတုတ္ထအကြိမ် လုပ်ငန်းညှိနှိင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

e-ID စနစ် လုပ်ငန်းစဉ်အဖြစ် အသက် ၁၀ နှစ်နှင့် အထက် နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူစသည့် နိုင်ငံသားအသိအမှတ်ပြုကတ်ပြား တစ်မျိုးမျိုးကိုင်ဆောင်ထားသူ၊ပြည်တွင်း၌ အ ခွန်ဆောင်နေထိုင်သည့် နိုင်ငံခြားသား FRC ကိုင်ဆောင်ထားသူ၊နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR)လက်မှတ်ရရှိထားသူတို့၏ ကိုယ်ရေးဆိုင်ရာ အချက်အလက် Biographic(၆)ချက်နှင့်ဇီဝဆိုင် ရာအချက်အလက် Biometric(၃)ချက်ကောက်ယူကာ လူတစ်ဦးချင်းစီအတွက် Unique ID နံပါတ်တစ်ခုစီထုတ်ပေးသွားမည်ဟု ပြောသည်။

အလားတူ လက်ရှိအခြေအနေတွင် မိမိတို့ဌာန၏ ရုံးအသီးသီးရှိ နိုင်၊ဧည့်၊ပြု လက်မှတ်များထုတ် ပေးမှုမှတ်တမ်းနှင့် PR ရရှိထားသူနှင့် FRC ကိုင်ဆောင်ထားသူများ၏ မှတ်တမ်းများပါ ကိုယ်ရေး အချက်အလက်များ၊ အိမ်ထောင်စုလူဦးရေစာ ရင်းပုံစံ(၆၆/၆)ပါ အချက်အလက်များကို နည်းပညာအသုံးပြု၍ ရုံးချုပ် Database Server သို့ ပေးပို့ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထိုသို့ ပေးပို့မှုသည် မကြာမီပြီးစီးတော့မည်ဖြစ်ပြီး ယင်း အချက်အလက်များအား e-ID စနစ်အ တွက် Biographic Data(၆)ချက်ရယူရာတွင် အသုံးပြုသွားမည်ဖြစ်ကာ ယင်း အချက်အလက်များကို မိမိတို့ဝန်ကြီးဌာန၏ အီလက်ထရောနစ် မှတ်ပုံတင်စနစ် ဦးစီးဌာနမှတာဝန်ယူ၍ ပြည်တွင်း နည်းပညာအကြံပေးအဖွဲနှင့်ပညာရှင်များ၏ သုံး သပ်အကြံပြုချက်များနှင့်အညီ စနစ်တကျထိန်း သိမ်းဆောင်ရွက်ထားသည်ဟု ပြောသည်။

” e-ID စနစ်အတွက် ဆောင်ရွက်မယ့်စနစ်တည် ဆောက်ပုံဒီဇိုင်း၊ပြည်ပနည်းပညာအကြံပေးငှား ရမ်းခေါ်ယူရေးနဲ့ Biometric ကောက်ယူရေးအ တွက် အသုံးပြုမယ့် နည်းပညာဆိုင်ရာပစ္စည်းနဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ သုံးသပ်အကြံပြုချက်တွေရရှိပြီးဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကပြောသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့်အမျိုးသားအကျိုးစီးပွားအားရှေးရှု၍ ဘဏ္ဍာ ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊တင်ဒါစည်း မျဉ်းစည်းကမ်းများ၊အထက်ဌာနညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်သွားရမည်ဟု ပြောသာ်။

ထို လုပ်ငန်းစဉ်များဆောင်ရွက်ပြီးပါက Biometric(၃)ချက်ကောက်ယူရေးဆောင်ရွက်ရ မည်ဖြစ်ကာ မကြာမီ စမ်းသပ်ကောက်ယူမှုများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိသည်ဟုဘပြောသည်။

“လူတစ်ဦးချင်းစီအတွက် Biometric (၃) ချက်ကောက်ယူရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဦးတည်အုပ်စုတွေ သတ်မှတ်ပြီးအဆင့်ဆင့်ဆောင်ရွက်သွားဖို့လျာထားပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကပြောသည်။

ထိုနောက် အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းဟိန်းက e-ID စနစ်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ဆက်စပ်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အစည်းအဝေး၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်(ဆီးဂိမ်းစ်)ပြိုင်ပွဲဝင် မြန်မာယူ-၂၂ အသင်း၊ အမျိုးသမီးလက်ရွေးစင်အသင်း၊ အမျိုးသားနှင့် အမျိုးသမီး ဖူဆယ်လက်ရွေးစင်အသင်းများ အောင်မြင်ရေးကြိုတင်ပြင်ဆင်မှုများ၊ မြန်မာ့လက်ရွေးစင်အမျိုးသား၊ အမျိုးသမီး၊ လူငယ်သက်တမ်းအလိုက်အသင်းများနှင့် ဖူဆယ်အသင်းများအားလုံး အာရှ၊ အာဆီယံ ပြိုင်ပွဲများအတွက် ရည်မှန်းချက်များနှင့် ပြင်ဆင်မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ထို့အတူ ငလျင်ဒဏ်ကြောင့်ပျ-က်စီးခဲ့သည့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)ရှင်းလင်းခြင်း၊ တည်ဆောက်ခြင်းနှင့် ၂၀၂၅ ပညာသစ်နှစ်...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း နစ်မြုပ်ခဲ့သော ရေပြင်ဧရိယာရှိ သန္တာကျောက်တန်းအခြေအနေကို စစ်ဆေးရန်အတွက် အဏ္ဏဝါဥယျာဉ်ဌာနနှင့် ဘုရင့်ရေတပ်မှ ရေငုပ်သမားများကို စေလွှတ်ထားသည်ဟု အဒ္ဒမန်ကမ်းရိုးတန်းကို ကြီးကြပ်ရသည့် ထိုင်းရေကြောင်း ကွပ်ကဲမှုစင်တာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။          လူသုံးကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားပြီး သင်္ဘောသား ခုနှစ်ဦးလိုက်ပါခဲ့သော မြန်မာနိုင်ငံအလံတင်သင်္ဘောသည် ကြာသပတေးနေ့က ရနောင်းပြည်နယ်ရှိ ဆိပ်ခံတံတားတစ်ခုမှ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သင်္ဘောသည် ကော့သောင်းတွင်...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃ နာရီတွင် လာရောက်ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ ဒု-ဗိုလ်ချုပ်ကြီးသည် ဆံတော်မြတ်ရတနာ၊ ဆံတော်တိုက်ပြခန်း၊ နန်းဦးဘုရားကြီးတို့အား ဖူးမြှော်ကြည်ညိုပြီးနောက် ရွှေသင်္ကန်းအလှူတော်ငွေကျပ်( ၁၀၀,၀၀၀)အားပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆံတော်မြတ်ရတနာဓာတ်ပုံတို့အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒု-ဗိုလ်ချုပ်ကြီးသည် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ တန်ဆောင်းအသီးသီးတွင်ရှိသော ဘုရားများကိုလည်း လှည့်လည်ဖူးမြှော်ကြည် ညိုခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071