Monday, May 19, 2025

ပြည်တွင်း စားအုန်းဆီ ရည်ညွှန်းဈေးနှုန်း ဆက်တိုက်ကျဆင်းလာ

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းသည် ဆက်တိုက်ကျဆင်းလာကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။ ပြည်တွင်း၌ လိုအပ်သည့် စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရပြီး ဈေးနှုန်းအတတ်အကျသည်လည်း...

ယခုနှစ် သရက်သီးရာသီတွင် စိန်တလုံးသရက်သီးများ ဈေးကောင်းရနေ

ယခုရာသီသည် သရက်သီးမှည့်များ လှိုင်လှိုင်ပေါ်သည့် ရာသီသို့ ရောက်လာပြီဖြစ်ပြီး ယခုနှစ်သရက်ရာသီတွင် ဈေးကွက်အတွင်း၌ စိန်တလုံးသရက်သီးများ ဈေးကောင်းရနေကြောင်း သရက်သီးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။ သရက်သီးကို မန္တလေးတိုင်းဒေသကြီးတွင်...

မန္တလေးမြို့ စည်ပင်ဝန်ထမ်းများယာယီ‌ နေထိုင်နိုင်‌ရေး Container...

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၆၆ လမ်း၊ ၃၅လမ်းနှင့် ၃၆လမ်းကြား၌ မန္တလေးမြို့တော်စည်ပင်သာယာရေး ဝန်ထမ်းများ ယာယီ‌နေထိုင်နိုင်‌ရေး Container House အလုံးရေ (၁၅၀)လုံး...

ရမည်းသင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ ငလျင်ဒဏ်သင့်သူများအား ကြက်ခြေနီအသင်းက...

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့ရှိ ဒေသခံများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၇ ရက်က ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်၊...
HomeNewsLocal Newsလူစောင့်မရှိဘဲ ထမင်းအိုးတည်ထားရာမှ မီးဖိုထန်းလက်အကာကိုမီးကူးစက်လောင်ကျွမ်းခဲ့၍...

လူစောင့်မရှိဘဲ ထမင်းအိုးတည်ထားရာမှ မီးဖိုထန်းလက်အကာကိုမီးကူးစက်လောင်ကျွမ်းခဲ့၍ နေအိမ် ၁၆ လုံးပျက်စီးဆုံးရှုံး

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ကန်နီပေါက်ကျေးရွာအုပ်စု၊ဂျိုးကန်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ သိရသည်။

ယမန်နေ့နေ့လည် ၁ နာရီ ၄၀ မိနစ်ခန့်က ညောင်ဦးမြို့နယ်၊ကန်နီပေါက်ကျေးရွာအုပ်စု၊ဂျိုးကန်ကျေးရွာတွင် ထန်းရွက်မိုး/ထရံကာ/မြေစိုက်လူနေအိမ်တွင် လူစောင့်မရှိပဲ ထမင်းအိုးတည်ထားရာမှ အနီးရှိ မီးဖိုထန်းလက်အကာအား စတင်ကူးစက်လောင်ကျွမ်းခဲ့သည်။

မီးလောင်မှုအား ညောင်ဦးခရိုင်/မြို့နယ်မီးသတ်စခန်းတို့အပါအဝင် မီးသတ်စခန်းအသီးသီးမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းလွဲ ၂ နာရီခွဲတွင်မီးထိန်းနိုင်ခဲ့ပြီး နေ့လည် ၃ နာရီ၌မီးငြိမ်းသွားခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ သိရသည်။

ဖြစ်စဥ်တွင် စတင်လောင်ကျွမ်းခဲ့သည့်နေအိမ်နှင့် အနီးပတ်ဝန်းကျင်ရှိ ထန်းရွက်မိုး/ဝါးထရံကာ/မြေစိုက်နေအိမ် ၂ လုံး၊ သွပ်မိုး/ဝါးထံကာ/မြေစိုက်နေအိမ် ၁ လုံး၊ သွပ်မိုး/ဝါးထရံကာ/ ၂ ထပ်နေအိမ် ၁၁ လုံး၊ သွပ်မိုး/ဝါးထရံကာ/ ၂ ထပ်နေ အိမ် ၁ လုံး(စုစုပေါင်းနေအိမ် ၁၆ လုံး)မီး လောင်ကျွမ်း၍ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

“လူသေဆုံးတာတော့မရှိပါဘူး ပျက်စီးတာတွေပဲများသွားတာ အဲဒီအိမ်တွေက အကုန်လုံးနီးပါးကိုပျက်စီးသွားတာ”ဟု ညောင်ဦးမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်ကျွမ်းကာ နေအိမ်များပျက်စီးခဲ့၍ ယင်းနေအိမ်များတွင်နေထိုင်သူ အမျိုးသား/အမျိုးသမီး ၆၃ ဦးတို့အား ကျေးရွာရှိ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ ယာယီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

Photo-ညောင်ဦးမြို့နယ်မီးသတ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်း စားအုန်းဆီ ရည်ညွှန်းဈေးနှုန်း ဆက်တိုက်ကျဆင်းလာ

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းသည် ဆက်တိုက်ကျဆင်းလာကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။ ပြည်တွင်း၌ လိုအပ်သည့် စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရပြီး ဈေးနှုန်းအတတ်အကျသည်လည်း စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်ကြောင်း သိရသည်။ လက်ရှိတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းသ ည် ကျဆင်းလာသည့်အတွက် ပြည်တွင်းရှိစားအုန်းဆီဈေး နှုန်းလည်း ဆက်တိုက်ကျဆင်းလာကြောင်း သိရသည်။ ပြည်ပမှ စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ မေ (၁၉)ရက်မှ (၂ ၅) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည် ညွှန်းဈေးနှုန်းမှာ...

ယခုနှစ် သရက်သီးရာသီတွင် စိန်တလုံးသရက်သီးများ ဈေးကောင်းရနေ

ယခုရာသီသည် သရက်သီးမှည့်များ လှိုင်လှိုင်ပေါ်သည့် ရာသီသို့ ရောက်လာပြီဖြစ်ပြီး ယခုနှစ်သရက်ရာသီတွင် ဈေးကွက်အတွင်း၌ စိန်တလုံးသရက်သီးများ ဈေးကောင်းရနေကြောင်း သရက်သီးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။ သရက်သီးကို မန္တလေးတိုင်းဒေသကြီးတွင် စိန်တလုံး၊ ရွှေဟင်္သာနှင့် ရင်ကွဲစသည့် သရက်သီးမျိုးကွဲများကို စီးပွားဖြစ်စိုက်ပျိုးပြီး အခြားဒေသများတွင်လည်း မျိုးကွဲအနည်းငယ်ကို ကိုယ်တိုင်စားသုံးရန်အတွက် အိမ်ခြံဝင်းများတွင် စိုက်ပျိုးကြရာ ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ပြင်ဦးလွင်ခရိုင်တွင် ဒုတိယအများဆုံးစိုက်ပျိုးလျက်ရှိသည်။ ကျောက်ဆည်ခရိုင်၊ ဟံမြင်မိုရ်နှင့် ပြင်ဦးလွင်ခရိုင် ၊ မတ္တရာမြို့နယ်မှထွက်ရှိသည့် အရည်အသွေးအကောင်းဆုံး စိန်တလုံးသရက်သီးများသည် ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်သို့ ထိုးဖောက်၍ ဈေးကွက် နေရာရရှိထားပြီးဖြစ်သည်။ ယခုနှစ်သရက်သီးရာသီတွင် သရက်အိတ်စွပ်ဈေးမြင့်တက်လာခြင်း၊...

မန္တလေးမြို့ စည်ပင်ဝန်ထမ်းများယာယီ‌ နေထိုင်နိုင်‌ရေး Container House အလုံးရေ (၁၅၀)တည်ဆောက်နေ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၆၆ လမ်း၊ ၃၅လမ်းနှင့် ၃၆လမ်းကြား၌ မန္တလေးမြို့တော်စည်ပင်သာယာရေး ဝန်ထမ်းများ ယာယီ‌နေထိုင်နိုင်‌ရေး Container House အလုံးရေ (၁၅၀)လုံး တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ တည်ဆောက်ပေးနေသည့် နေရာသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက မေ (၁၇)ရက်က ကြည့်ရှု့စစ်ဆေးခဲ့ပြီး ချမ်းအေးသာစံမြို့နယ်ရှိ (၈၄)လမ်း၊ (၂၈)လမ်း နှင့် (၂ ၉) လမ်းကြား၊ (၇၈)လမ်း၊ (၂၇)လမ်းနှင့် (၂၈) လမ်း ကြား၊ မဟာအောင်မြေမြို့နယ် (၆၄)လမ်း၊ (၄၁)လမ်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071