မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည့် မန္တလေးမြို့အခြေစိုက် ရတနာပုံဘောလုံးအသင်းမှ ယူ-၂၀ အသင်းအတွက် လူရွေးပွဲကို ယနေ့ ဧပြီ ၆ ရက်က မန္တလေးမြို့ရှိ ဗထူးအားကစားကွင်း၌ပြု လုပ်ခဲ့ကြောင်း သိရသည်။
ရတနာပုံဘောလုံးအသင်း၏ မျိုးဆက်သစ်လူငယ်များစုဖွဲ့နိုင်ရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ရာ မန္တလေးမြို့ခံလူ ငယ်များအပြင် ပုလိပ်၊ စစ်ကိုင်းနှင့် မန္တလေးမြို့အနီးတဝိုက်ရှိ မြို့နယ်များမှ လူငယ်အားကစားသမား(၁၄၀) ကျော်လာရောက်ရွေးချယ်ခံခဲ့ကြကြောင်း သိရသည်။
ပထမနေ့ရွေးချယ်မှုအပြီးတွင် သတ်မှတ်အရည်အ ချင်းနှင့်ကိုက်ညီသည့် လူငယ်ကစားသမားများအား ပ မာဏအဆင့်ရွေးချယ်ထားကာ မနက်ဖြန် ဧပြီ ၇ ရက်တွင်လည်း လူရွေးချယ်ပွဲကို ဒုတိယနေ့အဖြစ်ဆက် လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
