ငြိမ်းချမ်းသောဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားမျိုးနွယ်အတွက်မျှဝေခံစားသော အနာဂတ်ရှိသည့်အသိုက် အဝန်းတစ်ခုတည်ဆောက်ရေးတွင် လူငယ်များအ နေနှင့် ငြိမ်းချမ်းရေးအမြင်ဖြင့်ပါဝင်ကူညီရန် တ ရုတ်သမ္မတ ရှီကျင့်ဖျင် ကတွန်းအားပေးခဲ့သည်။
တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ နိုင်ငံပေါင်း(၁၃၀) ကျော်မှ လူငယ်ကိုယ်စားလှယ် (၃၀၀၀)ကျော် ပထ မဆုံးအကြိမ်တွေ့ဆုံသည့် ကမ္ဘာ့ငြိမ်းချမ်းရေးလူ ငယ်ညီလာခံသို့ပေးပို့သည့် ငြိမ်းချမ်းရေးသဝဏ် လွှာတွင် သမ္မတ ရှီကထည့်သွင်းမှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအို လံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်မှလည်း ညီလာခံသို့တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် လူငယ်ခေါင်းဆောင်ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးလူငယ်ညီလာခံတို့၏ ဆက်စပ်စကားဝိုင်းဆွေးနွေးပွဲများကိုလည်း တက်ရောက်ခဲ့သည်။
ဆက်စပ်စကားဝိုင်းဆွေးနွေးပွဲများကို တစ်စိတ်တစ် ဝမ်းတည်းဖြစ်သောငြိမ်းချမ်းရေး (ငြိမ်းချမ်းရေးအ တွက် သဘောတူညီချက်များ၊ ပထဝီနိုင်ငံရေးပဋိ ပက္ခများကြောင့် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသရှိ လူငယ်များ၏တရားမျှတမှုအတွက် စကားသံများ)၊ တာဝန်ယူမှုရှိသောလူငယ်ခေါင်းဆောင်များ ၏ငြိမ်းချမ်းရေး(AI ခေတ်တွင် မှားယွင်းသောသ တင်းအချက်အလက်နှင့်ပတ်သက်၍ စီမံခန့်ခွဲပုံအဆင့်ဆင့်)ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြသည်။
ယင်း အခမ်းအနားများတက်ရောက်ခဲ့သည့် ပြည် ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဇူလိုင် ၃၀ ရက်နံနက်ပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
