Saturday, January 31, 2026

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...
HomeActivitiesလူငယ်တွေအနေနဲ့ သရုပ်ဆောင်သင်တန်းနဲ့ ဒါရိုက်တာသင်တန်းကို...

လူငယ်တွေအနေနဲ့ သရုပ်ဆောင်သင်တန်းနဲ့ ဒါရိုက်တာသင်တန်းကို ပေါ်ပြူလာဖြစ်ချင်လို့ တက်တာမျိုး မဖြစ်စေချင်ဘူး

မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးက ဦးစီးပြီး နှစ်စဉ်ဖွင့်လှစ်နေကျ ဖြစ်တဲ့ သရုပ်ဆောင်သင်တန်းနဲ့ ဒါ ရိုက်တာ သင်တန်းကို ဇူလိုင် ၉ ရက် နေ့က ဖွင့်လှစ်ခဲ့ပြီး နာမည်ကျော် ဒါရိုက်တာများနဲ့ သရုပ်ဆောင် အတတ်ပညာရှင်များက သင်တန်းပို့ ချလျက်ရှိပါတယ်။

အရင်ကာလတွေတုန်းက မြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးစီး ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ ရုပ်ရှင် သရုပ်ဆောင်သင်တန်းတွေကနေ နာ မည်ကျော်ကြားတဲ့ သရုပ်ဆောင်တွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီတုန်းက သင် တန်းသားတွေဟာ အနုပညာကို အတော် စိတ်ပါဝင်စားကြပြီး အနု ပညာရှင်ဖြစ်ချင်လို့ အနုပညာ လော ကထဲကို ရောက်ချင်လွန်းလို့ စိတ် အားထက်သန်စွာနဲ့ ဝင်ရောက်လာ ကြသူတွေ ဖြစ်တယ်လို့ ရုင်ရှင် အစည်းအရုံး နာယကကြီးတစ်ဦးဖြစ် သူ ဒါရိုက်တာ မောင်နှင်းမိုးက ပြော ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီ သင်တန်းတွေကနေ ထင်ထင်ရှားရှား ထွက်ပေါ်လာတဲ့ သရုပ်ဆောင်တွေ ထပ်မတွေ့ရတော့တဲ့အပေါ်ကိုတော့ …

“အခုလိုမျိုး သရုပ်ဆောင်သင် တန်းနဲ့ ဒါရိုက်တာ သင်တန်းတွေကို တကယ်ဝါသနာပါပြီး မရမက လာ တက်တဲ့ သူတွေ ရှိတယ်။ ပေါ်ပြူလာ ဖြစ်ချင်လို့ လာတက်တဲ့သူတွေ ရှိ တယ်။ နောက်ပြီးတော့ အနုပညာ လောကမှာ အဆက်အသွယ်ရ ကောင်းရနိုင်မလား ဆိုပြီးတော့ လာ တက်တဲ့သူတွေလည်း ရှိတယ်။ သူတို့ မှာ စိတ်ကူးအမျိုးမျိုး ရှိနိုင်ပါတယ်။ အဲဒီတော့ ပေါ်ပြူလာဖြစ်ချင်လို့ အနုပညာလောကထဲ ဝင်ရောက်ချင် တဲ့သူက သင်တန်းကို တကယ်စိတ်ဝင် စားလို့ လာတက်တာမဟုတ်တော့ဘူး ဆိုတာ သိသာထင်ရှားသွားပြီလေ။ အနုပညာနဲ့ပတ်သက်ပြီး သင်ပြပေးတဲ့ အရာတွေကို သူတို့သင်တန်းမှာ ဂရု တစိုက် သင်ကြားမှာ မဟုတ်တော့ဘူး လေ။ အဲဒီလို လူမျိုးတွေကတော့ အိယောင်ဝါးနဲ့ပဲ ပြီးသွားကြမှာ ဖြစ် တယ်”လို့ ဒါရိုက်တာမောင်နှင်းမိုးက မှတ်ချက်ပြုဆိုပါတယ်။ဒါ့အပြင် ဒါရိုက်တာ မောင်နှင်း မိုးက လက်ရှိမှာ အနုပညာမျိုးဆက် သစ်လေးတွေဖြစ်လာမယ့် သင်တန်း သူ၊ သင်တန်းသားတွေအတွက် ဆုံးမ စကားလည်း ပြောပြပေးခဲ့ပါတယ်။ အခုနောက်ပိုင်း လူတွေက ပေါ်ပင် လေးတွေ ပါလာကြတယ်။ ပေါ်ပင် လေးတွေ ရှိနေတော့ သင်တန်းလာ တက်ပြီဆိုရင် ဟေးလားဝါးလားနဲ့ပဲ ပြီးဆုံးသွားကြတယ်။ တစ်ခုပြောချင် တာက ရုပ်ရှင်အစည်းအရုံးက ဖွင့် လှစ်တဲ့ သရုပ်ဆောင်သင်တန်း ဆို တာက တကယ့်ကို ဖြစ်စေချင်လွန်း လို့ ဖွင့်လှစ်ပေးထားတဲ့ သင်တန်းဖြစ် ပါတယ်။ အပြင်မှာလည်း ဒီ့ထက် ကောင်းတွေ သင်တန်းတွေလည်း ရှိ ပါတယ်။ သို့သော် အပြင်သင်တန်းမှာ တချို့သင်တန်းတွေသည် ညာသွား တာမျိုး ရှိတယ်။ ရုပ်ရည်ရှိတဲ့ အမျိုး သမီးလေးတွေကို မင်းသမီးတင် ရိုက် မယ် ဘာညာဆိုပြီး ပိုက်ဆံတွေကို လိမ်သွားတာမျိုးတွေ ရှိခဲ့ဖူးတယ်။ ရုပ်ရှင်အစည်းအရုံးသင်တန်းဆိုတာ က အနုပညာရပ်ဝန်းက အနုပညာ ရှင်တွေ နဲ့ သင်ပြတာ ဖြစ်တဲ့အတွက် လာတက်ကြတဲ့ လူငယ်လေးတွေ ဟာလည်း ယုံကြည်ကိုးစားမှုများစွာ ရှိကြတယ်။ အဲဒီတော့ အနုပညာ လောကထဲကို ဝင်ရောက်ချင်တဲ့သူ တကယ်ဖြစ်ချင်သူတွေအတွက် အ ခွင့်အလမ်းတွေ ရှိနေပါတယ်။ ပေါ် ပြူလာဖြစ်ချင်လို့ လာတက်ရောက် တာမျိုးတော့ တကယ်ကို မဖြစ်စေ ချင်ပါဘူး” လို့ ဒါရိုက်တာ မောင်နှင်း မိုးက ပြောပြပေးခဲ့ပါတယ်။

ထက်လူ

Ads Space Available


Continue reading

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအားညှိနှိုင်းမှာကြားခဲ့သည်။ ရန်ကုန်လေဆိပ်၌ ပြည်ပမှဝင်ရောက်လာသည့် ခရီး သည်များအား သတ်မှတ်ထားသောလုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးစစ်ဆေးလျက်ရှိရာ ယခုအခါ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် ဖြစ်ပေါ်လျက်ရှိသော နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သတ်၍ အိန္ဒိယမှဝင်ရောက်လာသော ခရီးသည်များအား အဖျားရောဂါလက္ခဏာအပါအဝင် နီပါးရ်ဗိုင်းရပ်ရောဂါသံသယရောဂါလက္ခဏာများစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းစဉ်အ နေဖြင့် နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သတ်၍ ခရီးသွားပြည်သူများအားအသိပေးချက် လက်ကမ်းစာစောင်များဝေငှခြင်း၊ ပိုစတာများပြသထားခြင်းတို့ကိုလည်းဆောင်ရွက်လျက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်လည်း လေဆိပ်ရှိအခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ တွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံသံအမတ်ကြီးများတွေ့ ဆုံ

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General H.E. Mr. Nurlan Yermekbayev နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် SCO အဖွဲ့အစည်းကြားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးရန် ဆွေးနွေးခဲ့သည်။ ထို့ပြင် မြန်မာသံအမတ်ကြီးသည် ဇန်နဝါရီ ၂၆ ရက်က တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး H.E. Mr. Jaime A. FlorCruz၊ ဇန်နဝါရီ ၂၉ ရက်က တရုတ်နိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီး H.E....

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071