Saturday, May 17, 2025

အပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင်...

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိနေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ဖြင့် လွှင့်စင်လာသော အပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် မိုးထစ်ချုန်းရွာ၍ လေပြင်းများတို-က်ခ-တ်နိုင်သည်ဟု မိုးလေဝသဌာနခွဲ(ရန်ကုန်)က ယနေ့တွင်...

အခွန်ပေးဆောင်ခြင်းမရှိပါက ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ(၂၈)ခုကို အမည်မည်းစာရင်းသွင်းမည်

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအနက် အေဂျင် စီ(၂၈)မှာအား အခွန်ပေးဆောင်ခြင်းမရှိပါက Black List (အမည်မည်းစာရင်း)သွင်းမည်ဟု အလုပ်သမားဝန်ကြီးဌာနက အသိပေးခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ...

CHINA-ASEAN CUP ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု...

တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် 2025 China-Asean Cup ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု လက်ရွေးစင်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းအဖွဲ့ သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲအား တရုတ်နိုင်ငံ...

ထရမ့်ပ်အော်ဂန်နိုက်ဇေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီ၏ ဒေါ်လာ ၁...

ဂေါက်ကွင်းများ၊ ဟိုတယ်များနှင့် အိမ်ခြံမြေစီမံကိန်းများတွင် ဒေါ်လာ ၁ ဒဿမ ၅ ဘီလျံရင်းနှီးမြှုပ်နှံမည့် ထရမ့်ပ်အော်ဂန်နိုက်ဇေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီတစ်ခု၏ အစီအစဉ်ကို ဗီယက်နမ်အစိုးရက အတည်ပြုချက်ပေးလိုက်သည်ဟု...
HomeCelebrities' Newsလူချွန်လူကောင်းတွေပေါ်သလို ပျက်စီးပြီး ဖရိုဖရဲဖြစ်တဲ့...

လူချွန်လူကောင်းတွေပေါ်သလို ပျက်စီးပြီး ဖရိုဖရဲဖြစ်တဲ့ လူငယ်တွေ ယောက်ျားလေး၊ မိန်းကလေးတွေ အများကြီးရှိလာမှာပဲ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)

1811918

ဘဝသရုပ်ဖော်နဲ့ ပညာပေး ဇာတ်လမ်းကောင်းတစ်ခုဖြစ်တဲ့ “ခေါက်ထီးလေးမလုံ့တလုံ” ဝတ္ထုကို စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) က ၁၉၇၇ခုနှစ်မှာ ရေးသားခဲ့တာဖြစ်ပြီး အခုဆိုရင် ဒီဝတ္ထုက နှစ်ပေါင်း ၄ဝ တိတိရှိနေပြီ ဖြစ်ပါ တယ်။ ဒီဝတ္ထုကို ရေးသားဖြစ်ခဲ့ပုံကို ဆရာမကြီးက

” အန်တီတို့ခေတ်တုန်းက မေဖဲလ်ကလပ် ဆိုတာရှိတယ်။ နောက်တော့ ပြည်သူပိုင်သိမ်းပြီး စက်မှုဝန်ကြီးရုံးဖြစ်သွားတယ်။ အခုတော့ဟိုတယ်တွေဖြစ်တယ်။ မြန်မာပလာဇာဖြစ်တယ်ပေါ့။ အဲဒီမှာ ညနေပိုင်းဆိုရင် ပါတီတွေရှိတယ်။ အင်းယားကန်ပေါ် လမ်းလျှောက်ရင်းနဲ့ ကန်ဘောင်ကနေ လှမ်းကြည့်ရင် အဲဒီအိမ်က မြန်မာ မိန်းကလေးငယ်ငယ်လေးတွေနဲ့ foreigner တွေနဲ့တွဲပြီးကခုန်နေတာတွေ့ရတာပေါ့။ စိတ်ဝင်စားတော့ ရပ်ကြည့်မိတယ်။ တစ်နေ့ကျတော့ ဗဟန်းရဲစခန်းက အဲဒီအိမ်ကို ဝင်စီးလိုက်တယ်။ နောက်နေ့ သတင်းစာတွေထဲမှာ ပါလာရော။ အဲဒီရုံးချိန်းတိုင်းရုံးချိန်းတိုင်းကို သွားခဲ့တယ်။ ဒီမိန်းကလေးတွေကို တွေ့ရတယ်။ သူတို့ပြောတာတွေနား ထောင်တယ်။ သူတို့ဘဝအကြောင်း ထိုင်ပြီးတော့ စကားပြောရင်း သိခဲ့ရတယ်ဆိုတော့ သူတို့ကို စိတ် ဝင်စားသွားတယ်။ သူတို့အားနည်း ချက်ကို ကိုယ်ကသိသွားတာပေါ့။ သူတို့အခုလိုဒုက္ခရောက်ရတာ။ သူတို့အခုလို ဒီဘဝရောက်ရတာ အားလုံးကသူများရဲ့ အပြစ်ချည်းပဲ။ သူ့မှာ ဘာမှအပြစ်မရှိဘူးဆိုတဲ့သ ဘောတွေဖြစ်တာပေါ့။ ကိုယ့်ကိုယ် ကိုသတိမရတဲ့ မိန်းကလေးတွေကို သတိရစေချင်လို့ ကိုယ့်မှာလည်း တာဝန်ရှိတယ်ဆိုတာ ပြောချင်လို့ ဒီဝတ္ထုလေးကိုရေးလိုက်တာပါ။ ခေတ်တိုင်းမှာ ခုထိ ရှိကြမှာပဲ။ Facility တွေ တအားများပြီးတော့ လူမှုအသုံးဆောင်တွေ ပိုထွန်းကား တဲ့အချိန် လူမှုဆက်ဆံရေး ပိုကျယ်ပြန့်တဲ့ခေတ်ကို ပိုရောက်လေ လူချွန်လူကောင်းတွေပေါ်သလို ပျက်စီးပြီး ဖရိုဖရဲဖြစ်တဲ့ လူငယ်တွေ ယောက်ျား လေး၊ မိန်းကလေးတွေ အများကြီး ရှိလာမှာပဲ” လို့ပြောပါတယ်။

ဒီဝတ္ထုကို ရုပ်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားတာကို ကြည့်ရတဲ့အခါ ကျေနပ်အားရမိကြောင်းကိုလည်း ဆရာမကြီးက ..

” ဝတ္ထုရေးတဲ့ လူတစ်ယောက်အနေနဲ့ ဝတ္ထုက ပုံစံတစ်မျိုး၊ ရုပ်ရှင် ရဲ့ တင်ဆက်ပုံက ပုံစံတစ်မျိုး။ မတူကြဘူး။ အခုရုပ်ရှင်တစ်ကားအနေနဲ့ ကြည့်လိုက်ရတော့ တော်တော်သပ်သပ်ရပ်ရပ်ရှိပြီး ဇာတ်ညွှန်းဆရာ နဲ့ ဒါရိုက်တာကိုလည်း အထူးကျေးဇူးတင်ပါတယ်။ စိတ်ထဲမှာ လျှောကျ သွားအောင်ကြည့်ရှုရတဲ့ ဇာတ်ကား လေးဖြစ်လို့ပါ။ နောက်ပြီး သရုပ်ဆောင်တွေကျတော့လည်း အေးမြတ် သူဆိုရင် ငယ်လည်း ငယ်တယ်လေ။ ဒီဇာတ်ရုပ်ကြီးကို လုပ်ချင်မယ် လို့မထင်ဘူး။ လုပ်ရင် လည်း အဆုံး ထိလုပ်မယ် မထင်ဘူး။ သူကတစ်ဆုံးလုပ်သွားတယ်။ အဲဒါ ကြောင့် သူ့ကို လည်း ကျေးဇူးတင် ပါတယ်။ အဲဒါ ကြောင့်ရုပ်ရှင်က လှသွားတယ်လို့ ထင်ပါတယ်။ နောက် ပြီး ကိုမင်း မော်ကွန်းကျတော့ ခါတိုင်း ဇာတ်ကားတွေကြည့်ရတာ သူ့ကိုက လေးလေးတစ်ယောက်ကို မြင်ရ သလိုပဲ။ ဒီဇာတ်ကားမှာ တကယ် ရင့်ကျက်တဲ့ ရှေ့နေ တစ်ယောက် ပုံစံဖြစ်သွားတယ်။ သူ့လည်း ကျေးဇူးတင်ရတာပဲ။ အမှန်ကတော့ ဝတ္ထုအနေနဲ့ ဆိုရင် ဒီဇာတ်က စိုးပြည့်ဇာတ်ဖြစ် လိမ့်မယ်။
ရွှေစင်မွန်လို တရား ဥပဒေကို အမြဲတမ်းဦးထိပ်ထားတဲ့ နောက်ပြီး မိန်းကလေးရဲ့ သိက္ခာကိုတန်ဖိုးထားတဲ့ အဲဒီလို မိန်းကလေး တွေ အများကြီးဖြစ်စေချင်လို့ ဝတ္ထုထဲမှာ ရွှေစင်မွန်ကို အဓိက ဇာတ်ဆောင်အနေနဲ့ ရေးခဲ့ဖူးတာ။ ဒါပေမယ့် ရုပ်ရှင်မှာကျတော့ အလှုပ်ဇာတ်ဆောင်ဖြစ်တဲ့ြေ<ွကက တက်သွားတာ။ြေ<ွကကအြ<ွက ဆုံးဖြစ်နေတော့ အကယ်ဒမီကို အေးမြတ်သူများ မှန်းနိုင်မလားလို့ ထင်မိတယ်။ စိုးပြည့်သဇင်လည်း အင်မတန်တော်ပါတယ်” လို့ပြောပါတယ်။ “ခေါက်ထီးလေးမလုံ့တလုံ” ရုပ်ရှင်ဇာတ်ကားကို ဧပြီလ၂၈ရက် နေ့မှာ ရုံတင်ပြသပြီဖြစ်ပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071