ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့ ရွှေကုက္ကိုမြို့သစ်ရှိ အွန်လိုင်းငွေလိ-မ် လုပ်ငန်းများတွင် နစ်နာသူအဖြစ် လူကု-န်ကူးခံရသူ နိုင်ငံခြားသား (၆၁) ဦးကို ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ထိုင်းကို ယနေ့ ဖေဖော်ဝါရီ (၆)ရက်တွင် လွှဲပြောင်းပေးသည်။
ယင်း နိုင်ငံခြားသား (၆၁) ဦးကို ထိုင်းနိုင်ငံဘက်ခြမ်းမှ ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့က လက်ခံခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်ပို့ရန် တာဝန်ယူသွားမည်ဖြစ်သည်ဟု သိရသည်။
ကရင်ပြည်နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရာတွင် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ကရင်နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရေစီကရင် အကျိုးပြုတပ်မတော် (DKBA)တို့က ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက်တွင်ပင် ထိုကဲ့သို့ လွှဲပြောင်းပေးခြင်း ဖြစ်သည်။
ယင်း (၆၁) ဦးတွင် တရုတ်နိုင်ငံသား (၃၉) ဦးဖြင့် အများဆုံးပါဝင်ခဲ့ပြီး အိန္ဒိယ၊ ပါကစ္စတန်နှင့် မလေးရှားနိုင်ငံသားများလည်း ပါဝင်သည်။
ထိုင်း အစိုးရအနေဖြင့် ဖေဖော်ဝါရီ (၅) ရက်က စတင်ကာ အွန်လိုင်းငွေလိ-မ်လုပ်ငန်း နှိမ်နှင်ရေးလုပ်ဆောင်မှုအနေဖြင့် မြန်မာဘက်ခြမ်းသို့ ဖြန့်ချိပေးနေသော ထိုင်းမြန်မာနယ်စပ် ငါးနေရာအား လျှပ်စစ်၊ အင်တာနက်နှင့် လောင်စာဆီတင်ပို့မှုကို ပိတ်ပင်ခဲ့သည်။
လက်ရှိတွင် ထိုင်းဘက်ခြမ်းမှ မီးဖျက်တောက်ခြင်းခံထားရသည့် တာချီလိတ်မြို့၌ ထိုင်းလျှပ်စစ်အစား လာအိုနိုင်ငံမှ လျှပ်စစ်ဖြင့် အစားထိုး ချိတ်ဆက်သွယ်တန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
