ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီးဖြစ်သည့်အတွက် ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပသွားမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါ အလှူတော်မင်္ဂလာကို မေလ (၁၅) ရက်တွင် နံနက် (၇) နာရီခွဲမှစတင်၍ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်မြောက်ဘက်မုခ် ရာဟုထောင့်အောင်မြေနေရာ၌ ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းလုပ်ငန်းအဖြစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်မှစတင်ကာဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်သည်။