Monday, May 4, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeNewsFootballလုပ်ပွဲကစားသော ဘောလုံးသမားနှင့်အရာရှိ ၄၃...

လုပ်ပွဲကစားသော ဘောလုံးသမားနှင့်အရာရှိ ၄၃ ဦးကိုရာသက်ပန် ပိတ်ပင်

တရုတ်နိုင်ငံ၏ လူကြိုက်အများဆုံး အားကစားများထဲကတစ်ခုတွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ပွဲကစားခြင်းနှင့် လောင်းကစားခြင်းတွေအပေါ် ၂ နှစ်ကြာ စုံစမ်းစစ်ဆေးမှုလုပ်ခဲ့ပြီးနောက် တရုတ်ဘောလုံးအဖွဲ့ချုပ်(CFA) က ဘောလုံးသမား ၃၈ ဦးနှင့် ကလပ်တာဝန်ရှိသူ ၅ ဦးတို့ကို ဘောလုံးလောကမှ ရာသက်ပန် ပိတ်ပင်လိုက်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုအရ ပွဲပေါင်း ၁၂၀ တွင် လုပ်ပွဲကစားခဲ့ပြီး ကလပ်ပေါင်း ၄၁ ခု ပါဝင်ပတ်သက်ခဲ့သည်ဟု တွေ့ရှိခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဋ္ဌာန အကြီးတန်းအရာရှိ Zhang Xiaopeng က ဒါလီယန်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်ဟု ရှင်းဟွာသတင်းဋ္ဌာနက ဖော်ပြသည်။

လုပ်ပွဲကစားခဲ့သည့် ပွဲအားလုံးသည် တရုတ်နိုင်ငံတွင် ကစားခဲ့ခြင်းလားဆိုသည်ကိုမူ သတင်းတွင် ဖော်ပြခဲ့ခြင်း မရှိပေ။

တရုတ် နိုင်ငံတကာဘောလုံးသမားဟောင်း သုံးဦးဖြစ်သည့် Jin Jingdao၊ Guo Tianyu၊ Gu Chao နှင့် တောင်ကိုရီးယား ဘောလုံးသမား Son Jun-ho သည်လည်း ရာသက်ပန်ပိတ်ပင်ခံခဲ့ရမှုအတွင်း ပါဝင်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိချက်များကို သတင်းထုတ်ပြန်သည့် အင်္ဂါနေ့(စက်တင်ဘာ ၁၀) က သတင်းစာရှင်းလင်းပွဲအရ သိရသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ CFA ဥက္ကဋ္ဌလည်းတက်ရောက်ခဲ့သည်။

အရေးယူခံရသည့် ကစားသမားများကမူ လူသိရှင်ကြား မှတ်ချက်ပေးခြင်းမျိုး မရှိသေးပေ။ ကိုရီးယား ကစားသမား Son သည် တရုတ်နိုင်ငံတွင် ၁၀ လကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် မတ်လအတွင်းက လွှတ်ပေးလိုက်ပြီး တောင်ကိုရီးယားသို့ ပြန်ရောက်နေပြီဖြစ်သည်။

စစ်ဆေးချက်အရ ၄၄ ဦးသည် လာဘ်ယူမှု၊ လောင်းကစားမှုနှင့် တရားမဝင် ကာစီနိုများဖွင့်လှစ်မှုအတွက် ရာဇဝတ်မှုများဖြင့် ရင်ဆိုင်ခဲ့ရပြီး အခြား ၁၇ ဦးသည် လာဘ်ယူမှုနှင့် လုပ်ပွဲကစားမှုတို့တွင် ပတ်သက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု Zhang က ပြောဆိုသည်။

အဆိုပါ ၄၄ ဦးထဲမှ ၄၃ ဦးကို ဘောလုံးကန်ခြင်း နှင့် ပွဲစဥ် ရေးဆွဲ ခြင်းမှ ရာသက်ပန် ပိတ်ပင်ခဲ့ပြီး အခြား ၁၇ ဦးကို ၅ နှစ် ပိတ်ပင်ခဲ့သည်ဟု CFA ဥက္ကဋ္ဌ Song Kai က ပြောဆိုခဲ့သည်။

အင်္ဂါနေ့အနှောင်းပိုင်းတွင် ယှဉ်ပြိုင်မည့် တရုတ်လက်ရွေးစင်အသင်းနှင့် ဆော်ဒီအာရေဗျအသင်းတို့၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲမတိုင်မီတွင် ယခုကဲ့သို့ စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က အဝေးကွင်တွင် ဂျပန်အသင်းနှင့် ကစားခဲ့ရာ၌ တရုတ်တို့ ၇-၀ ဖြင့် ဂိုးပြတ်အရေးနိမ့်ထားခဲ့သည်။

Ref: Flashscore

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။        သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။        နည်းပညာပိုင်းဆိုင်ရာ...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်( ၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071