ပြိုင်ဘက် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များ ပ-စ်ခတ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၄ ရက်နေ့တွင် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးကိုမြှင့်တင်ရန် မျှော်လင့်လျှက် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်ခဲ့သည်။
ဇွန်လတွင် တာဝန်စတင်ထမ်းဆောင်ပြီးနောက်ပိုင်း မစ္စတာလီ၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်သည် ပြုံယမ်း၏ ရန်လိုသောအပြုအမူနှင့် အမေရိက,က ဗင်နီဇွဲလားကို တို-က်ခိုက်လိုက်ခြင်း၏ နောက်ဆက်တွဲအဖြစ် ကမ္ဘာလုံးဆိုင်ရာတင်းမာမှုများမြင့်တက်နေချိန်နှင့် တိုက်ဆိုင်နေသည်။
ဇန်နဝါရီလ ၄ ရက် နေ့တွင် မြောက်ကိုရီးယားက ဒုံးကျည်ပ-စ်လွှတ်ခြင်းသည် တရုတ်ကို တောင်ကိုရီးယားနှင့် ဆက်ဆံရေးပိုမိုနီးကပ်သွားခြင်းကို ဟန့်တားရန်နှင့် နျူကလီးယားဖျ-က်သိမ်းရေးဆိုင်ရာ တရုတ်၏ ရပ်တည်ချက်ကို တန်ပြန်ရန် သတင်းစကားပေးပို့သည့်သဘောဟု ဆိုးလ်ရှိ အရှေ့ဖျားလေ့လာရေးဌာန ပါမောက္ခ လင်မ်အယ်လ်ချူးလ်က ပြောကြားခဲ့သည်။
လီသည် တောင်ကိုရီးယားစီးပွားရေးခေါင်းဆောင် ၂၀၀ ကျော်ပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ လေးရက်ကြာခရီးစဉ်အတွက် ပေကျင်းကို ရောက်ရှိလာခဲ့ပြီဟု တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။
မစ္စတာလီ၏ ခရီးစဉ်အတွင်း တရုတ်နှင့် တောင်ကိုရီးယားတို့သည် ထောက်ပံ့ရေးကွင်းဆက် ရင်းနှီးမြှုပ်နှံမှု၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးကဲ့သို့သော ကိစ္စရပ်များကို ဆွေးနွေးသွားရန် မျှော်လင့်ထားကြောင်း စီစီတီဗီက ဆက်လက်ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
