Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsလိုအပ်ပါက အရေးပေါ်ကာလ နောက်...

လိုအပ်ပါက အရေးပေါ်ကာလ နောက် (၆) လ သက်တမ်းထပ်တိုးဦးမည်ဟု ယာယီသမ္မတ ဦးမြင့်ဆွေ ပြောကြား

ယမန်နေ့ ဇန်နဝါရီ (၃၁) ရက်က အမျိုးသားကာကွယ်ရေးနှ င့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၄၂၅) အရ အရေးပေါ်ကာလ သက်တ မ်း (၆) လ ထပ်တိုးခဲ့ပြီး လိုအပ်ပါက နောက်ထပ် (၆) လ ထပ်မံသက်တမ်းတိုးရမည်ဖြစ်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေက ပြောသည်။

နစက၏ သက်တမ်း (၃) နှစ်ပြည့်ချိန်နှင့် အချိန်ကိုက်ဖြစ်သည့် ဇန်နဝါရီ (၃၁) ရက်တွင် ကာလုံအစည်းအဝေးခေါ်ကာ အရေးပေါ်ကာလကို နောက်ထပ် (၆) လ သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းသို့ ဆုံးဖြတ်ရခြင်းမှာ တိုင်းပြည်၏ အနာဂတ်ကောင်းကို အောင်အောင်မြင်မြင်ဖြင့် ဆက် လက်ဖန်တီးပုံဖော်နိုင်ရန် ဖြစ်ပြီး ယခုထပ်မံတိုးမြှင့်လိုက်သည့် (၆) လတာကာလသက်တမ်းအတွင်း ဆောင်ရွက်နိုင်သည် မှန်သမျှကို ကြိုးပမ်းဆောင်ရွက်ပြီး ရရှိလာသည့် ရလာဒ်များအပေါ် မူတည်၍ လိုအပ်ပါက ထပ်မံသက်တမ်းတိုးမြှင့်ပေးရမည့် အနေအထားပင်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က ကျင်းပသည့် ကာ/လုံအစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က  မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေသည် ပုံမှန်အခြေအနေသို့ပြန်လည် မရောက် ရှိသေးဘဲ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်မတိုင်မီအခြေအနေသို့ ပြန်လည် ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းအခြေအနေသို့ ပြန်လည် ရောက်ရှိရေး လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း သိက္ခာရှိသည့်ရွေးကော က်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

ထိုသို့ ဆောင်ရွက်ရာတွင်လည်း လွှတ်တော် အသီးသီးတွင် ရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ် အရေအတွက်သည် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များထက် ပိုမိုများပြားနေရန် လိုအပ်ပြီး သို့မှသာ သိက္ခာရှိသည့်ရွေးကော က်ပွဲဖြစ်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအ ရ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ရန်နှင့် သာမာန်မဟုတ်သည့် အခြေအနေဖြစ်သ ည့်အတွက် တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ (၆) လ သ က်တမ်းတိုးမြှင့်ပေးရန် မဖြစ်မနေ လိုအပ်မည်ဖြစ်ပြီး တိုးမြှင့်ရန် သဘောတူကြောင်း ယမန်နေ့က ကျင်းပသည့် ကာ/ လုံအစည်းအဝေးတွင် ယာယီသမ္မတ ဦးမြင့်ဆွေက ပြောကြားကာ အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071