လိုင်ဘေရီးယန်းနိုင်ငံသား တိုက်စစ်မှူး ဘလာမိုဝီး ကို ရန်ကုန်ယူနိုက်တက်အသင်းက ရာသီကုန်အထိစာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်အသိပေးထားသည်။
ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် လာမည့် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်များအတွက် တိုက်စစ်အားဖြည့်မှုအဖြစ် ခေါ်ယူလိုက်ခြင်းဖြစ် ကြောင်း ဆိုသည်။
တိုက်စစ်မှုး ဘလာမိုဝီးသည် လာမည့် မြန်မာနေရှင်နယ်လိဂ် (ဒုတိယအကျော့) ပွဲစဉ်များမှစတင်ပါဝင် ကစားသွားမည်ဖြစ်ပြီး ကျောနံပါတ်(၁၂) ကိုဝတ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
အသက် (၂၄) နှစ်အရွယ်ရှိ တိုက်စစ်မှူး ဘလာမိုဝီး သည် River Gee County အသင်းနှင့်အတူ ကစားသမားဘဝကိုစတင်ခဲ့ပြီး Golden Boot ဆုကိုပါဆွတ် ခူးနိုင်ခဲ့သည့် တိုက်စစ်မှုးတစ်ဦးဖြစ်သည်။
ထို့နောက် ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် Wintown United, Paynesville FC အသင်းတို့တွင်ခြေစွမ်းပြကစားခဲ့ပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ် သည်။
ဓာတ်ပုံ-YUFC
