ရှမ်းပြည်နယ်၊လားရှိုးမြို့ရှိ မြို့နယ် လဝက ရုံးအ နီးတွင် စက်တင်ဘာ ၁၃ ရက်(ယနေ့)နေ့လည် ၁ နာရီကျော်ခန့်က အုတ်တင်လာသည့်ကားမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး၌ရပ်ထားသော ကား ၃ စီးနှင့်မြို့နယ် လဝက ရုံးအုတ်တံတိုင်းတို့အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
“ဗြုံးအုတ်တွေတင်လာတဲ့ကားက မြို့နယ် လဝက ရုံးနားကကုန်းဆင်းကို အရှိန်နဲ့ဆင်းလာပြီးမထိန်းနိုင်တော့ဘဲ လမ်းဘေးမှာရပ်ထားတဲ့ Wish ရယ် Honda Fit ရယ် Crown ကားရယ်ကိုဝင်တိုက်မိတာ ထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဖြစ်စဥ်ကြောင့် Wish ကားကြေမွပျက်စီး၊ Honda Fit ကား၏အရှေ့ခြမ်းကြေမွပျက်စီး၊ Crown ကား၏ဘယ်ဖက်ခြမ်းကြေမွပျက်စီးနှင့် မြို့နယ် လဝက ရုံး၏အုတ်တံတိုင်းအချို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Photo -CJ
