ပြန်လည်တည်ဆောက်ရေးနှင့် ထူထောင်ရေး လုပ်ငန်းများဖြင့် လည်ပတ်နေသည့် လားရှိုးမြို့တွင် အခြေခံစားသော က်ကုန်အပါအဝင် ကုန်စျေးနှုန်းများ ပုံမှန်မရှိသေးကြောင်း စုံစမ်းသိရသည်။
လက်ရှိလားရှိုးမြို့တွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ကျပ် (၃) သိန်းကျော်အထိ ဈေးပေါက်နေကြောင်း သိရသည်။
“တိုက်ပွဲ မဖြစ်ခင်အချိန်က (၁) သိန်းခွဲဝန်းကျင်တော့ရှိတယ်။ (၂) ဆကျော် ဈေးတက်သွားတာပေါ့” ဟု ကုန်သည်တစ်ဦးက ဆိုသည်။
ချင်းရွှေဟော်-သိန္နီလမ်းကြောင်းမှ တရုတ်နိုင်ငံဘက်က တင်သွင်းသည့် ကုန်ပစ္စည်းများ ပုံမှန်ရောက်ရှိနေကြောင်းလည်း ၎င်းကပြောသည်။
လက်ရှိတွင်လည်း မြို့ခံလူထုအတွက် သောက်ရေသန့်အပြင် အခြေခံ စားသောက်ကုန်များသည် တရုတ်ဘက်မှ တင်သွင်းလာသည့် ပစ္စည်းများကိုသာ အားထားနေရကြောင်း မြို့ခံများထံမှ သိရှိရသည်။
စားသုံးဆီ စျေးနှုန်းမှာလည်း တစ်ပိဿာ ကျပ် (၂၀,၀၀၀) နှင့် စက်သုံးဆီသည် (92) ဆီအမျိုးအစား တစ်လီတာလျှင် ကျပ် (၅,၈၀၀) ဝန်းကျင်ရှိကြောင်း သိရသည်။
ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေများကို တရုတ်ဘက်မှ တင်သွင်းနေပြီး တစ်အိတ်လျှင် ကျပ် (၂၁,၀၀၀) ဝန်းကျင်ဖြင့် ဝယ်ယူလို့ရနေကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။
လားရှိုးမြို့အား နစက ပြန်လည်ရယူပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် အဓိကကျသည့် မြို့လုံခြုံရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများဖြစ်ကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။