Monday, May 4, 2026

ရန်ကုန်တိုင်းအတွင်း ယခု မေလအတွင်း အုပ်စု(၂)စုခွဲ...

ရန်ကုန်တိုင်းအတွင်း၌ ယခု မေလအတွင်း အုပ်စု(A,B) ခွဲ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန်(၄)နာရီစီ အလှည့်ကျစနစ်ဖြင့်...

လယ်ယာသုံးစက်ကိရိယာများအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ်က တောင်သူများထံလွှဲပြောင်းပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဝယ်ယူထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများအား ပြည်နယ်ဝန် ကြီးချုပ်ဦးနိုင်ဦးက တောင်သူများထံသို့ ယနေ့ မေ ၄ ရက်နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ် ယာလုပ်ငန်းခွင်၌...

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ...

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏...

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇...
HomeNewsLocal Newsလာမည့် စနစ်သစ် တက္ကသိုလ်ဝင်အောင်လက်မှတ်အတွက်...

လာမည့် စနစ်သစ် တက္ကသိုလ်ဝင်အောင်လက်မှတ်အတွက် လုံခြုံရေးအဆင့်မြှင့် ထုတ်ပေးရန်စီစဉ်နေ

လာမည့် ၂၀၂၄ ခုနှစ် စနစ်သစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ်များကို ယခင်အောင်လက်မှတ်ပုံစံများနှင့်မတူဘဲ လုံခြုံရေးအဆင့်မြှင့်တင်ပြီး ထုတ်ပေးရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းဌာနတွင်ပြောကြားထားသည်။

၂၀၂၄ ခုနှစ် စနစ်သစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ်ကို လုံခြုံရေးစနစ်မြှင့်၍ ထုတ်ပေးရန် ကြိုးစားဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်ရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်က ပြောကြားထားခြင်း ဖြစ်သည်။

“၂၀၂၄ မှာထုတ်ပေးမယ့်ဟာမှာ Micro Printing ဆိုတယ့် မှန်ဘီလူးနဲ့ ကြည့်လိုက်မှပေါ်တယ့်ဟာပါတယ်။ နောက်ပြီး UV နဲ့ထိုးလို့ရှိရင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ logo ရယ် နှစ်ခုပေါ်တယ့်ဟာပါတယ်။ UV light နဲ့ထိုးကြည့်မှ ပေါ်တယ်။ အသစ်မှာက (၇) မျိုးလောက်ပေါ်တဲ့ဟာပါမယ်” ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ရန်ကုန်ရုံးခွဲက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်က ပြောကြားထားသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်အတွက် တက္ကသိုလ်ဝင်အောင်လက်မှတ်များကိုလည်း ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်ကစတင်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ နေပြည်တော်နှင့် ရန်ကုန်ရုံးခွဲတို့တွင် ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲတွင်တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်ဖြေဆိုသူ တစ်သိန်း ခြောက်သောင်းကျော်ရှိသည့်အနက် တစ်သိန်းတစ်သောင်း နီးပါး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၆၇ ဒ သမ ၈၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းအတွင်း ယခု မေလအတွင်း အုပ်စု(၂)စုခွဲ ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန်(၄)နာရီစီအလှည့်ကျလျှပ်စစ်ဓာတ်အားပေး

ရန်ကုန်တိုင်းအတွင်း၌ ယခု မေလအတွင်း အုပ်စု(A,B) ခွဲ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန်(၄)နာရီစီ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရသည်။ ထိုသို့ ဖြန့်ဖြူးပေးရာ၌ ရန်ကုန်တိုင်း၏ အရှေ့ပိုင်း၊ အ နောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင်နေထိုင်သူများအား နံနက် ၅ နာရီမှ ည ၉ နာရီအတွင်းကို အုပ် စု(A,B) ခွဲ၍ အချိန်(၄)နာရီစီ အလှည့်ကျစနစ်ဖြင့် လျှပ် စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ည ၉...

လယ်ယာသုံးစက်ကိရိယာများအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ်က တောင်သူများထံလွှဲပြောင်းပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဝယ်ယူထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများအား ပြည်နယ်ဝန် ကြီးချုပ်ဦးနိုင်ဦးက တောင်သူများထံသို့ ယနေ့ မေ ၄ ရက်နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ် ယာလုပ်ငန်းခွင်၌ စက်စွမ်းအားပြည့်အသုံးချနိုင်ရန်လိုအပ်ကာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ရန် ပုံငွေဖြင့် လယ်ယာသုံးစက်ကိရိယာများအား ဒေသတွင်းရှိတောင်သူများ လယ်ယာကဏ္ဍတွင် တွင်ကျယ်စွာအသုံးပြုနိုင်ရန်ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ပြည် နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများထံသို့ လယ် ယာသုံးစက်ကိရိယာများအားလွှဲပြောင်းပေးအပ်ပြီးစက်ကိရိယာကိုင်တွယ်၊ ထိန်းသိမ်းမှု(အခြေခံ)သင် တန်းတွင်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး လယ်ယာသုံးစက်ကိရိယာများကိုကြည့်ရှုစစ် ဆေးခဲ့ကြကြောင်း သိရသည်။

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့ မေ ၄ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ " နွေရာသီခရီးသွားရာသီမှာ ဘန်ကောက်ကိုသွားလည်မယ့်မြန်မာနိုင်ငံသားတွေအဆင်ပြေစေဖို့အတွက် ရန်ကုန်-ဒွန်မောင်းခရီးစဉ်သစ်ကိုအထူးတိုးမြှင့်ပြေးဆွဲပေးခြင်းဖြစ်ပါတယ်"ဟု MAI ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒွန်မောင်းလေဆိပ်သည် ဘန်ကောက်မြို့လယ်နှင့် ပိုမိုနီးကပ်ပြီး မြို့တွင်းသို့သွားရောက်နိုင်သည့် Red Line ရထားလမ်း(သို့)အမြန်လမ်းများရှိ၍ သွားလာချိန်နှင့် ကားဌားခသက်သာစေသည်။ ထို့အတူ ဒွန်မောင်းလေဆိပ်သည် Low-cost လေကြောင်းလိုင်းများစွာအခြေစိုက်သည့်နေရာဖြစ်၍ အလွန်အဆင်ပြေသော ချိတ်ဆက်မှု(Transit)လေဆိပ်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071