Sunday, July 27, 2025

ဟုမ္မလင်းမြို့တွင် သဲဖြူဆရာတော်ကြီး၏ စက္ခုဒါနအလှူတော် ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီးဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော်ကို ယနေ့ ဇူလိုင် ၂၆...

နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအားUID ထုတ်ပေးရေးအတွက်...

ပင်စင်ထုတ်ယူမှုဆိုင်ရာ လူပုဂ္ဂိုလ်စိစစ်မှုများကို တိကျမှန်ကန်စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralize e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ကို ချိတ်ဆက်ကာ UID နံပါတ်များ...

တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား (၂၂)ဦးကို ထပ်မံစစ်ဆေးထိန်းသိမ်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၂၂)ဦးကို ယနေ့ ဇူလိုင် ၂၆ ရက်က ထပ်မံဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ကြောင်း...

အမှတ်(၄)ခရိုင်ပတ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်

အမှတ်(၄)ခရိုင်ပတ်လမ်းဖြစ်သည့် မြင်းခြံကုန်း - ခံတက္ကုန်း - နှမ်းခင်း - ရွှေစေတီလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့...
HomeNewsLocal Newsလာမည့်ဘောလုံးရာသီအတွက် ရခိုင်ယူနိုက်တက်အသင်း ဘရာဇီးလ်နည်းပြကို...

လာမည့်ဘောလုံးရာသီအတွက် ရခိုင်ယူနိုက်တက်အသင်း ဘရာဇီးလ်နည်းပြကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူ

လာမည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအတွက် ရခိုင်ယူနိုက်တက်အသင်းက ဘရာဇီးလ်နည်းပြတစ်ဦးကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့‌ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ကိုယ်စားပြု ဘောလုံးအသင်းဖြစ်သည့် ရခိုင်ယူနိုက်တက်ဘောလုံးအသင်းသည် ၂၀၂၅ မြန်မာနေရှင်နယ်လိဂ်ဖလားပြိုင်ပွဲ (MNL League Cup 2025) တွင် အောင်မြင်မှု ရရှိနိုင်ရန် နှင့် ၂၀၂၅ – ၂၀၂၆ ရာသီ အခြားပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဘရာဇီးလ်လူမျိုးနည်းပြ ရီကာဒိုဒါရိုချာ ( Ricardo Cordeiro Da Rocha ) အား တစ်နှစ်စာချုပ်ဖြင့် အသင်းနည်းပြချုပ်အဖြစ် ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း အသင်းက အသိပေးထားသည်။

အသက် (၅၉) နှစ်အရွယ်ရှိ ဝါရင့်နည်းပြတစ်ဦးဖြစ်သူ ရီကာဒို ဒါရိုချာသည် ကစားသမားဘဝတွင် ဘရာဇီးလ်နာမည်ကြီး ပြည်တွင်းကလပ်အသင်းများဖြစ်သည့် ပါးလ်မီးရပ်စ် နှင့် ဗာစကိုဒါးဂါးမား တို့တွင် ပါဝင်ကစားခဲ့သူတစ်ဦးဖြစ်သည်။

ထို့နောက် နည်းပြဘဝကို ဘရာဇီးလ်ပြည်တွင်းကလပ်အသင်းများ နှင့် ဘင်ဖီကာ၊ လာဇီယို အစရှိသည့် ဥရောပကလပ်အသင်းကြီးများ နှင့် အီတလီ ကလပ်အသင်း ဖြစ်သည့် Vicenzo FC တို့တွင် နည်းပြအဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ဂါနာပရီးမီးယားလိဂ် အသင်းများဖြစ်သည့် Dagbon United ၏ နည်းစနစ် ဒါရိုက်တာ အဖြစ်လည်းကောင်း၊ Ashanti Gold Sporting Club နည်းပြချုပ်အဖြစ်လည်းကောင်း တာ ဝန်ယူဆောင်ရွက်ခဲ့ကာ Ashanti Gold အသင်း နှင့် အတူ BK Edusel Cup ချန်ပီယံဆုရယူပေးနိုင်ခဲ့သည်။

ထို့အပြင် ၂၀၀၈ ခုနှစ် တွင် ကိတ်ဗာဒီလက်ရွေးစင်အသင်းအား နည်းပြချုပ်အဖြစ်ကိုင်တွယ်ခဲ့ပြီး အာဖရိကနိုင်ငံများ ဖလား ခြေစစ်ပွဲတွင် အကောင်းဆုံး ဦးဆောင်ပေးခဲ့သူတစ်ဦးဖြစ်သည်။

၂၀၂၃ ဘောလုံးရာသီတွင် ဘိုလစ်ဗီးယားဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်ဆိုင်ရာ Coordinator အဖြစ် သက်တမ်းအ လိုက်ယူ-၁၃၊ယူ-၁၅၊ယူ-၁၇ လူငယ်အသင်းများအား နောက်ဆုံးတာဝန်ယူ ဆောင်ရွက်ခဲ့ကာ ယခုရာသီတွင် ရခိုင်ယူနိုက်တက်အသင်း သို့ နည်းပြချုပ်အဖြစ် ခန့်အပ်ခံရပြီး လိုအပ်သည့် ပြည်ဝင်ခွင့် ဗီဇာ ကိစ္စရပ်များ ဆောင်ရွက်ပြီးစီးပါက အသင်းနှင့်အတူ ပူးပေါင်းရန် ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်းသိရသည်။

” ပြီးခဲ့တဲ့ရာသီ က အသင်းရဲ့ အားနည်း ချက်၊အားသာချက်တွေကို ရာသီပြီးဆုံးတာနဲ့ သုံးသပ်ပြင်ဆင်ပြီး အမြဲ ရှုံးရှုံး နိုင်နိုင် အဝေးကရော ကွင်းထဲမှာပါ အားပေးကြတဲ့ ရခိုင်ပရိသတ်ကြီး အတွက် ရလဒ်ကောင်းတွေနဲ့ အတူ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ဝါရင့်နည်းပြကြီးကို သေချာရွေးချယ်ခေါ်ယူခဲ့တာပါ။ ရာသီသစ်အတွက် သေချာလေး ထပ်ပြင်ဆင်ပါဦးမယ်၊ အကောင်းဆုံးစုဖွဲ့မှု နဲ့ အတူ ရခိုင်ယူနိက်တက် ဆက်လက်ချီတက်မှာပါ” ဟု ဘရာဇီးလ်လူမျိုး နည်းပြအားခန့်အပ်လိုက်ခြင်း နှင့် ပတ်သက်၍ အသင်းပိုင်ရှင် ဦးလှကျော်ဝင်းက ပြောကြားသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ဘရာဇီးလ်နည်းပြချုပ်ရီကာဒို နှင့် အတူ ကင်မရွန်းကြံ့ခိုင်ရေး နည်းပြအပါအဝင် ဆားဘီးယား ဂိုးနည်းပြတစ်ဦးကိုလည်း နည်းပြအဖွဲ့ တွင် ထပ်မံခေါ်ယူ ဖွဲ့စည်းသွားရန်စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကစားသမားသစ်များလည်း ထပ်မံအားဖြည့် ခေါ်ယူကာ အောင်မြင်မှုများရရှိနိုင်ရန် ပြင်ဆင်လေ့ကျင့် သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟုမ္မလင်းမြို့တွင် သဲဖြူဆရာတော်ကြီး၏ စက္ခုဒါနအလှူတော် ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီးဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော်ကို ယနေ့ ဇူလိုင် ၂၆ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ကြသည်။ ထိုသို့ စမ်းသပ်စစ်ဆေးကုသပေးနေမှုကို သဲဖြူတောရဆရာတော်ကြီး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တာဝန်ရှိသူများကကြည့်ရှု၍ မျက်စိဝေဒနာရှင်များအား နံနက်စာအအေးနှင့် မုန့်များပေးအပ်ပြီး အားပေးစကားပြောကြားခဲ့ကြသည်။ ထို့ပြင် သဲဖြူဆရာတော်ကြီးနှင့် တိုင်းဝန်ကြီးချုပ်တို့သည် စမ်းသပ်စစ်ဆေးကုသပေးနေသည့် မျက်စိပါရဂူဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများအားဂုဏ်ပြုငွေများပေးအပ်ပြီး မျက်စိခွဲစိတ်ပြီးလူနာများအား နေကာမျက်မှန်များနှင့် ဆေးများပေးအပ်ပြီး မျက်စိအကြီးစားခွဲစိတ်နေမှုကိုကြည်ရှုခဲ့ကြသည်။ အဆိုပါ စက္ခုဒါနအလှူတော်အား ယနေ့ ဇူလိုင် ၂၆ ရက်မှ ဇူလိုင်...

နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအားUID ထုတ်ပေးရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် လဝကတို့ ပူးပေါင်းလုပ်ဆောင်နေ

ပင်စင်ထုတ်ယူမှုဆိုင်ရာ လူပုဂ္ဂိုလ်စိစစ်မှုများကို တိကျမှန်ကန်စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralize e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ကို ချိတ်ဆက်ကာ UID နံပါတ်များ ထုတ်ပေးနေခြင်းလည်း ဖြစ်သည်။ ထိုသိူ့ထုတ်ပေးရာတွင် အထူးသဖြင့် အသက်အရွယ်ကြီးပြီဖြစ်သည့်အဖိုးအဖွားများ၊ သွားလာခက်ခဲသူများအတွက် အိမ်တိုင်ရာရောက် (Home Service) ဖြင့် UID လုပ်ငန်းကိုအဆင်ပြေဆုံးအောင် ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။ ထို့အပြင် မြို့နယ်အလိုက် မြန်မာ့စီးပွားရေးဘဏ်များတွင် One-Stop Service ဖြင့် UID လျှောက်ထားမှုကို ဆောင်ရွက်ပေးနေကာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သက်ဆိုင်ရာဘဏ်များတွင် တိုက်ရိုက်ဝင်ရောက်ကာ Biographic...

တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား (၂၂)ဦးကို ထပ်မံစစ်ဆေးထိန်းသိမ်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၂၂)ဦးကို ယနေ့ ဇူလိုင် ၂၆ ရက်က ထပ်မံဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသား(၁)ဦး၊ ဖိလစ်ပိုင်နိုင်ငံသား(၁၉)ဦး ၊ အီသီယိုးပီးယားနိုင်ငံသား(၁)ဦးနှင့် အိန္ဒိယနိုင်ငံသား(၁)ဦး (စုစုပေါင်း ၂၂ ဦး)ကိုဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ခြင်းဖြစ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရန်လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများကိုစာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။ ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဇူလိုင် ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၉,၃၂၁)ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် (၉,၀၆၀)ဦးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071