Saturday, May 17, 2025

ဂါဇာတွင် ကျယ်ပြန့်သော စစ်ဆင်ရေးများ ဆင်နွှဲရန်...

အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) သည် ဂါဇာတွင် စစ်ဆင်ရေးများ ချဲ့ထွင်ရန်အဆင်သင့်ပြင်ဆင်မှုအဖြစ် တို-က်ခို-က်မှုများကို ပိုမိုပြင်းထန်စွာ ဆောင်ရွက်လျက်ရှိကြောင်း IDF ၏ ပြန်ကြားရေးဌာနက ကြေညာခဲ့သည်။ "ပြီးခဲ့သည့်...

အပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင်...

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိနေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ဖြင့် လွှင့်စင်လာသော အပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် မိုးထစ်ချုန်းရွာ၍ လေပြင်းများတို-က်ခ-တ်နိုင်သည်ဟု မိုးလေဝသဌာနခွဲ(ရန်ကုန်)က ယနေ့တွင်...

အခွန်ပေးဆောင်ခြင်းမရှိပါက ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ(၂၈)ခုကို အမည်မည်းစာရင်းသွင်းမည်

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအနက် အေဂျင် စီ(၂၈)မှာအား အခွန်ပေးဆောင်ခြင်းမရှိပါက Black List (အမည်မည်းစာရင်း)သွင်းမည်ဟု အလုပ်သမားဝန်ကြီးဌာနက အသိပေးခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ...

CHINA-ASEAN CUP ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု...

တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် 2025 China-Asean Cup ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု လက်ရွေးစင်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းအဖွဲ့ သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲအား တရုတ်နိုင်ငံ...
HomeNewsLocal Newsလာမည့်နှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးရန်လိုဟု...

လာမည့်နှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးရန်လိုဟု နစက ဥက္ကဋ္ဌပြော

မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ယနေ့ မတ် ၂၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

နစက အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တည်ငြိမ်မှုလိုအပ်နေသည့်အချိန်ဖြစ်သော်လည်း မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာရရှိရေးအတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအားဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

” ကောက်ယူရရှိတဲ့စာရင်းတွေအပေါ်မူတည်ပြီး ဆန္ဒမဲပေးနိုင်တဲ့ အသက်(၁၈)နှစ်နဲ့အထက်လူဦးရေစာရင်းကိုကောက်ယူရရှိထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကို ဒီ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလရဲ့ တတိယပတ်နဲ့ စတုတ္ထပတ်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလရဲ့ ပထမပတ်နဲ့ ဒုတိယပတ်တွေအတွင်း မှာကျင်းပပြုလုပ်ဖို့လျာထားပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ငွေကြေးကုန်ကျမှုများသော်လည်း မိမိတို့နိုင်ငံနှင့်ကိုက်ညီပြီး မဲမသမာမှုပြုလုပ်ရန်မလွယ်ကူသည့် စနစ်ဖြစ်သော Electronic Voting Machine စနစ်ဖြင့် ဆန္ဒမဲပေးရန်ကြိုတင်ပြင်ဆင်လျက်ရှိ၍ မိမိတို့ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်အောင်ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

” သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်တွေအလိုက် Electronic Voting Machine တွေနဲ့ဆောင်ရွက်တာကြောင့် အချိန်တိုအတွင်းမှာ ဆန္ဒမဲပေးနိုင်ခြင်းနဲ့ မဲရလဒ်ရရှိခြင်းတွေရရှိမှာဖြစ်ပါတယ်။ မိမိတို့အနေနဲ့ တစ်ရက်နှစ်ရက်အတွင်း မဲစာရင်းတွေကိုအတည်ပြုဆောင်ရွက်နိုင်မှာဖြစ်လို့ တစ်လအတွင်း ရွေးကောက်ပွဲပြုလုပ်လို့ရတဲ့ မြို့နယ်တွေမှာရွေးကောက်ပွဲပြီးမြောက်နိုင်မှာပါ။ ဘယ်လိုဘဲဖြစ်ပါစေ လာမယ့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွေး ကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ကြိုတင်မဲများနှင့်ပတ်သက်၍ နိုင်ငံတကာမှဆောင်ရွက်နေမှုများကိုလေ့လာဆောင်ရွက်လျက်ရှိကာ Electronic Voting Machine ဖြင့် ဆန္ဒမဲပေးခြင်းဖြစ်၍ ကိုယ်တိုင်မဲပေးရန်လိုပြီး လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်ပသို့တရားဝင်သွားရောက်လျက်ရှိသည့် ပြည်သူများ၏ ဆန္ဒမဲပေးနိုင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစားရမည်ဟု ပြောသည်။

ထို့အတူ နိုင်ငံရေးပါတီများကိုလည်း ရွေးကောက်ပွဲဝင်ရောက်နိုင်ရန် ဥပဒေနှင့်အညီခွင့်ပြုပေးထားပြီး အကြောင်းအမျိုးမျိုးကြောင့် စည်းကမ်းသတ်မှတ်ချက်များကျော်လွန်သွားသဖြင့် ပယ်ဖျက်ခဲ့ရသည့် ပါတီများလည်းရှိသည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂါဇာတွင် ကျယ်ပြန့်သော စစ်ဆင်ရေးများ ဆင်နွှဲရန် အစ္စရေးစစ်တပ်က တို-က်ခို-က်မှုများ ပိုမိုပြုလုပ်

အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) သည် ဂါဇာတွင် စစ်ဆင်ရေးများ ချဲ့ထွင်ရန်အဆင်သင့်ပြင်ဆင်မှုအဖြစ် တို-က်ခို-က်မှုများကို ပိုမိုပြင်းထန်စွာ ဆောင်ရွက်လျက်ရှိကြောင်း IDF ၏ ပြန်ကြားရေးဌာနက ကြေညာခဲ့သည်။ "ပြီးခဲ့သည့် ၂၄ နာရီအတွင်း IDF သည် ဂါဇာရှိ စစ်ဆင်ရေးဇုံများတွင် ထိန်းချုပ်မှုရရှိရန် ကျယ်ပြန့်သော တို-က်ခို-က်မှုများ စတင်ဆင်နွှဲခဲ့ပြီး စစ်ဆင်ရေး ပိုမိုချဲ့ထွင်ရန်နှင့် စစ်ပွဲ၏ ရည်မှန်းချက်များ ပြည့်မီရန်တို့အတွက် မိမိတပ်များအား စုစည်းခဲ့သည်။ ယင်းရည်မှန်းချက်များတွင် ပြန်ပေးဆွဲခံရသူများ လွတ်မြောက်ရေးနှင့် ဟမားစ်အဖွဲ့ကို ချေမှုန်းရေးတို့ ပါဝင်သည်" ဟု ယင်းအစီရင်ခံတွင် ဖော်ပြထားသည်။ "IDF...

အပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် မိုးထစ်ချုန်းရွာ၍ လေပြင်းတို-က်ခ-တ်နိုင်

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိနေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ဖြင့် လွှင့်စင်လာသော အပူပျံတက်တိမ်တို-က်များကြောင့် ယနေ့မှစ၍ (၁၀)ရက်အတွင်း တိုင်းနှင့်ပြည်နယ်များတွင် မိုးထစ်ချုန်းရွာ၍ လေပြင်းများတို-က်ခ-တ်နိုင်သည်ဟု မိုးလေဝသဌာနခွဲ(ရန်ကုန်)က ယနေ့တွင် အသိပေးထားသည်။ ထို့အပြင် နေရာကွက်၍ မိုးကြီးခြင်း၊ ဒေသအလိုက် မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်...

အခွန်ပေးဆောင်ခြင်းမရှိပါက ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ(၂၈)ခုကို အမည်မည်းစာရင်းသွင်းမည်

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအနက် အေဂျင် စီ(၂၈)မှာအား အခွန်ပေးဆောင်ခြင်းမရှိပါက Black List (အမည်မည်းစာရင်း)သွင်းမည်ဟု အလုပ်သမားဝန်ကြီးဌာနက အသိပေးခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ နိုင်ငံအလိုက်အလုပ်သမားစေလွှတ်ခဲ့မှုအပေါ် သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနောက်ဆုံးထား၍ အခွန်စည်းကြပ်မှုခံယူပြီး ပြန်လည်တင်ပြရန် ၂၀၂၄ ခုနှစ်၊ ဇွန် ၇ ရက်၊ အခွန် စည်းကြပ်မှုခံယူရမည့် အေဂျင်စီများအနက် အခွန်ပေးဆောင်ခြင်းမရှိသေးသည့် အေဂျင်စီများကို ၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်နေ့တို့တွင်နောက်ဆုံးထား၍ အခွန်စည်းကြပ်မှုခံယူရန် အလုပ်သမားဝန်ကြီးဌာနမှ မေ ၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071