Thursday, June 5, 2025

ပဲခူးတိုင်းအတွင်း ဇူလိုင်လကုန်အထိ ကျောင်းအပ်လက်ခံသွားမည်

ပဲခူးတိုင်းအတွင်း မြို့နယ်အလိုက် ရာနှုန်းပြည့်ကျောင်းအပ်နှံရေးအတွက် ဇူလိုင်လကုန်အထိကျောင်းအပ်လက်ခံပေးသွားမည်ဟု ပဲခူးတိုင်းဝန် ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဇွန် ၄ ရက်နံနက်ပိုင်းကကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှုတို့နှင့် ပတ်သက်၍...

ဂျပန်စကားပြန်(၂၃)ဦးကို ဂုဏ်ပြုလွှာချီးမြှင့်

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခို-က်ခဲ့ရသူများအား ကုသရေးလုပ် ငန်းများဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာအဖွဲ့(JDR)လည်း ပါဝင်ခဲ့သည်။ အဆိုပါ အဖွဲ့ မြန်မာနိုင်ငံ၌ကူညီမှုများပြုလုပ်ပေးနေစဥ် ပြေဆိုဆက်သွယ်မှုအဆင်ပြေစေရေးအတွက်...

မကြောက်ကြသည့် လူ့ဘောင်အဖွဲ့အစည်းအား ပညာကမ္ဘာနှင့်သာ တည်ဆောက်ရမည်ဟု...

မကြောက်ကြသည့် လူ့ဘောင်အဖွဲ့အစည်းအားတည်ဆောက်ကြမည်ဆိုပါက ပညာကမ္ဘာနှင့်တည်ဆောက်ရမည်ဟု IBEC ဆရာတော်မှ ဇွန် ၃ ရက်နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ၌ ကျင်းပသည့် ၂၀၂၅-၂၀၂၆...

အိမ်နီးခြင်းများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေသည့်မြန်မာ

မြန်မာသည် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံသားချင်း ဆက်ဆံရေးပိုမိုနားလည်ခိုင်မြဲအောင် လုပ်ဆောင်နေကြချိန်တွင်အိမ်နီးချင်းများကိုလည်း အထူးအလေးထားလာနေသည်။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းကအိန္ဒိယသံအမတ်ကြီးအားတည်ခင်းသော မိတ်ဆက် ညစာစားပွဲကိုယနေ့ ဇွန်လ ၄ ရက် ၊ညနေ...
HomeNewsLocal Newsလဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းများ...

လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းများ ရေရှည်တည့်တံ့ခိုင်မြဲရေးလိုအပ်

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇန်နဝါရီ ၁၆ ရက်နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းနှင့်ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းတို့အား လှူဖွယ်ပစ္စည်းများသွား​ရောက်ဆက်ကပ်လှူဒါန်းခဲ့သည်။

နစက ဥက္ကဋ္ဌသည် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၌ ကျောင်းတိုက်ဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တသုမနအမှူးပြုသည့် သံဃာ တော်များအားဖူးမြော်ကြည်ညိုသည်။

ထို့နောက် သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ၊ကလေးငယ်များပညာသင်ကြားရေး ဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည်များကို မေးမြန်းလျှောက်ထားကာ နဝကမ္မအလှူတော်ငွေများ၊ဆွမ်းဆန်တော်၊ဆီနှင့်စားသောက်ဖွယ်ရာပစ္စည်းများနှင့်လဟယ်မြို့၊ထေရဝါဒဗုဒ္ဓသာသ နာပြု(ဗဟို)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ဆရာမ များအတွက် ထောက်ပံ့ငွေကျပ်သိန်း ၅၀ တို့အား ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့ပြင် ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းသို့သွားရောက်၍ သီလရှင်ဆရာကြီးဒေါ်ပညာသိင်္ဂီနှင့်သီလရှင်ဆရာကြီး၊ဆရာလေးများကို ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ၊ပညာသင်ကြားရေးဆိုင်ရာများနှင့်သီလရှင် ကျောင်းအတွက်လိုအပ်ချက်များကို မေးမြန်းလျှောက်ထားပြီး နဝကမ္မအလှူတော်ငွေများ၊ဆွမ်းဆန်တော်၊ဆီနှင့်စားသောက်ဖွယ်ရာပစ္စည်းများ၊သီလရှင်ဝတ်စုံများကို လှူဒါန်းခဲ့သည်။

နစက ဥက္ကဋ္ဌသည် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗ ဟို)ကျောင်းနှင့်ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းဝင်းအတွင်းတို့အား ကြည့်ရှုပြီးနောက် ကျောင်းများရေရှည်တည်တံ့ခိုင်မြဲရန်၊သန့်ရှင်းသာယာမှုရှိစေရန် အမြဲမပြတ်ဆောင်ရွက်ပေးရေးအား နယ်မြေခံတာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတိုင်းအတွင်း ဇူလိုင်လကုန်အထိ ကျောင်းအပ်လက်ခံသွားမည်

ပဲခူးတိုင်းအတွင်း မြို့နယ်အလိုက် ရာနှုန်းပြည့်ကျောင်းအပ်နှံရေးအတွက် ဇူလိုင်လကုန်အထိကျောင်းအပ်လက်ခံပေးသွားမည်ဟု ပဲခူးတိုင်းဝန် ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဇွန် ၄ ရက်နံနက်ပိုင်းကကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှုတို့နှင့် ပတ်သက်၍ ခရိုင်/တိုင်းပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အနာဂတ်နိုင်ငံတော်အား ယနေ့လူငယ်များမှ ပုခုံးပြောင်းတာဝန်ယူကြရမည်ဖြစ်၍ ပညာရေးနှင့် စာတတ်မြောက်ရေးသည် နိုင်ငံတော်အတွက်အလွန်ရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ရာ နိုင်ငံတော်အစိုးရမှ ကျောင်းနေရွယ်ကလေးအားလုံး အနည်းဆုံးမဖြစ်မနေ(KG+9)အထိ အခမဲ့ပညာသင်ကြားနိုင်ရန် ဘက်ပေါင်းစုံဖြည့်ဆည်းပေးလျက်ရှိသည်ဟု ပြောသည်။ " ပဲခူးတိုင်းအတွင်းမှာ မြို့နယ်အလိုက်ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ဖို့အတွက် ဇူလိုင်လကုန်အထိကျောင်းအပ်လက်ခံပေးသွားပါမယ်။ အဲဒါကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့ဆောင် ရွက်ရပါမယ်"ဟု တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပြောသည်။ ထို့ပြင် အသက်မွေးပညာရပ်များဖွင့်လှစ်သင်ကြားပေးနေသည့်...

ဂျပန်စကားပြန်(၂၃)ဦးကို ဂုဏ်ပြုလွှာချီးမြှင့်

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခို-က်ခဲ့ရသူများအား ကုသရေးလုပ် ငန်းများဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာအဖွဲ့(JDR)လည်း ပါဝင်ခဲ့သည်။ အဆိုပါ အဖွဲ့ မြန်မာနိုင်ငံ၌ကူညီမှုများပြုလုပ်ပေးနေစဥ် ပြေဆိုဆက်သွယ်မှုအဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံသား(၂၃)ဦးမှ ဂျပန်စကားပြန်များအဖြစ် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ထို့ကြောင့် ပါဝင်ကူညီပေးခဲ့ကြသည့် ဂျပန်စကားပြန်(၂၃)ဦးအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ မေ ၃၀ ရက်က ဂျပန်သံရုံး၏ သံတမန်ရေးရာလုပ်ငန်းများတွင် အရေးပါသောအခန်းကဏ္ဍမှပူးပေါင်းပါဝင်ကူညီပေးသော လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အသင်းအဖွဲ့များသို့ ကျေးဇူးတင်ဂုဏ်ပြုသည့်အနေဖြင့် ဂျပန်သံအမတ်ကြီး၏နေအိမ်တွင် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာများအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏အကြီးအကဲ မစ္စတာယိုရှိတခဲ ရှိုးဂိုက ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားပြီးနောက်...

မကြောက်ကြသည့် လူ့ဘောင်အဖွဲ့အစည်းအား ပညာကမ္ဘာနှင့်သာ တည်ဆောက်ရမည်ဟု IBEC ဆရာတော်မိန့်ကြား

မကြောက်ကြသည့် လူ့ဘောင်အဖွဲ့အစည်းအားတည်ဆောက်ကြမည်ဆိုပါက ပညာကမ္ဘာနှင့်တည်ဆောက်ရမည်ဟု IBEC ဆရာတော်မှ ဇွန် ၃ ရက်နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ၌ ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းဖွင့်ပွဲအခမ်းအနား၌ မိန့်ကြားတော်မူခဲ့ခြင်းဖြစ်သည်။ " ဥပဒေ၊ စည်းကမ်း၊ နည်းဥပဒေဆိုတာ တိုင်းသူ ပြည်သားတွေလိုက်နာကြရမယ့် ကျင့်ဝတ်စည်း ကမ်းတွေဖြစ်တယ်။ ကျောင်းတော်သူ၊ ကျောင်းတော်သားတွေဟာ စည်းမဲ့ကမ်းမဲ့နဲ့ ပညာသင်ကြမယ်ဆိုရင် တိုင်းပြည်ရဲ့အနာဂတ်ဟာ ပရမ်းပတာတိုင်းပြည်သာဖြစ်လာလိမ့်မယ်။ IBEC ကျောင်းတော်ကြီးဟာ နိုင်ငံတော်အစိုးရကချမှတ်ထားတဲ့ တည်ဆဲဥပဒေတွေကိုလေးစားလိုက်နာတဲ့ ကျောင်းတော်ကြီးဖြစ်သလို ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖေ-ာက်တဲ့ကျောင်းတွေထဲမှာလည်း IBEC...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071