Saturday, September 19, 2026

ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းလောင်းလှူပွဲ စက်တင်ဘာ ၂၅...

မွန်ပြည်နယ်၊ ကျိုက္ခမီမြို့တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းနှင့် ပျားရည်ဆွမ်းများ လောင်းလှူပူဇော်ပွဲကို လာမည့် စက်တင်ဘာ ၂၅ ရက် ညနေ ၄နာရီတွင် ကျင်း...

သီပေါတွင် ရိုးရာယဉ်ကျေးမှုပွဲများ ယခုနှစ်မှစ၍ ပြန်လည်ကျင်းပမည်

သီပေါမြို့နယ်၏ လူမှုဘဝပြန်လည်တိုးတက်လာစေရေးနှင့် ဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် ရိုးရာယဉ်ကျေးမှုပွဲလမ်းသဘင်များကို ယခုနှစ်မှစတင်၍ သင့်လျော်သည့်ပုံစံဖြင့် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ဆိုသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးစိုင်းကောင်းသက်စံနှင့်...

ဖလမ်းမြို့သို့ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံ (၂၁)ရာခိုင်နှုန်းကျော်ရှိလာ

တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ စစ်ဘေးရှောင်များအဖြစ်တိမ်းရှောင်နေကြရသော ဖလမ်းဒေသခံများမှာနေရပ်များသို့ မေ ၆ ရက်မှစတင်၍ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ ထိုသို့...

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မည်

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာရဲထွန်းဝင်းနှင့် ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုး ရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan...
HomeNewsLocal Newsလယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေး...

လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေး နည်းပညာ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်

လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေး နည်းပညာ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်မှု ညှိနှိုင်းအစည်းအဝေး၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်မှု ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၂)ရက်က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပလျက်ရှိသည့် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း ယာယီကွပ်ကဲရေးရုံး၌ ကျင်းပပြုလုပ်ရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြခန်းများတွင် လယ်ယာသုံး စက် ကိရိယာများ ခင်းကျင်းပြသထားမှုနှင့်ပတ်သက်၍ စက်ပစ္စည်းများ၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်၍ ယခုထက်ပိုမိုကောင်းမွန်သည့် စက်ကိရိယာများဖြစ်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ပေးရန် လမ်းညွှန်မှုပြုခဲ့ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ကြောင့် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေး နည်းပညာ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး တောင်သူများလိုအပ်သည့် လယ်ယာသုံးစက်ပစ္စည်းကိရိယာများအား ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လယ်ယာသုံးစက်ပစ္စည်းကိရိယာများကို ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် နည်းပညာ ဖလှယ်နိုင်ရေး၊ အကြံဉာဏ်များရရှိရေး၊ ပိုမိုကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ဖိတ်ခေါ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ အစည်းအဝေး တက်ရောက်လာသူများကလည်း လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ထုတ်လုပ်နိုင်ရေး တွေ့ကြုံနေရသည့် အခက်အခဲများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် အချက်များ၊ လယ်ယာသုံးစက်ပစ္စည်း ကိရိယာများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး နည်းပညာဆိုင်ရာအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၎င်းအစည်းအဝေးသို့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဖွဲ့စည်းထားရှိသည့် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆပ်ကော်မတီအသီး သီးမှ အဖွဲ့ဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနအသီးသီးမှ တာဝန် ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းလောင်းလှူပွဲ စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပမည်

မွန်ပြည်နယ်၊ ကျိုက္ခမီမြို့တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းနှင့် ပျားရည်ဆွမ်းများ လောင်းလှူပူဇော်ပွဲကို လာမည့် စက်တင်ဘာ ၂၅ ရက် ညနေ ၄နာရီတွင် ကျင်း ပသွားမည်ဖြစ်ကြောင်း ကျိုက္ခမီရေလယ်ဘုရားဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆွမ်းလောင်းလှူပွဲကို ကျိုက္ခမီရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သီရိဇေယျာခန်းမဆောင်ကြီးမှ စတင်၍ မြို့လယ်ကျောက်တိုင်အနီးရှိ ဦးရေဝတလမ်းဝအထိ ကျင်း ပသွားမည်ဖြစ်သည်။ အဆိုပါဆွမ်းလောင်းလှူပွဲသို့ ကျိုက္ခမီမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၅၈ ကျောင်းမှ ဝါဆိုရဟန်းသံဃာတော် ၂၉၀ ပါး၊ ဝါဆိုရှင်သာမဏေ ၁၉၂ ပါးနှင့် သီလရှင် ၁၄ ပါး၊ စုစုပေါင်း ၄၉၆...

သီပေါတွင် ရိုးရာယဉ်ကျေးမှုပွဲများ ယခုနှစ်မှစ၍ ပြန်လည်ကျင်းပမည်

သီပေါမြို့နယ်၏ လူမှုဘဝပြန်လည်တိုးတက်လာစေရေးနှင့် ဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် ရိုးရာယဉ်ကျေးမှုပွဲလမ်းသဘင်များကို ယခုနှစ်မှစတင်၍ သင့်လျော်သည့်ပုံစံဖြင့် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ဆိုသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးစိုင်းကောင်းသက်စံနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ရိုးရာပွဲလမ်းသဘင်များ ပြန်လည်ကျင်းပခြင်းမှတစ်ဆင့် ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းနိုင်ရေးနှင့် လူမှုဘဝပြန်လည်တက်ကြွလာရေးတို့ကို ရည်ရွယ်ထားကြောင်း ဆိုထားသည်။ အဆိုပါကိစ္စအပါအဝင် သီပေါမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် လျှပ် စစ်ဓာတ်အား ပြန်လည်ရရှိရေး၊ အခြေခံပညာကျောင်းများ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်...

ဖလမ်းမြို့သို့ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံ (၂၁)ရာခိုင်နှုန်းကျော်ရှိလာ

တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ စစ်ဘေးရှောင်များအဖြစ်တိမ်းရှောင်နေကြရသော ဖလမ်းဒေသခံများမှာနေရပ်များသို့ မေ ၆ ရက်မှစတင်၍ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်လာလျက်ရှိရာ စက်တင်ဘာ ၁၇ ရက်တွင်လည်း ပြန်လည်ဝင်ရောက်လာသော ဒေသခံများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်နှင့် တာဝန်ရှိသူများက ကျင်မွာလ်ရပ်ကွက်ရှိ လွတ်လပ်ရေးစေတီ၌ကြိုဆိုခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်က နေ ရပ်ပြန်ဒေသခံ(၁၁၁)ဦးအား သက်ဆိုင်ရာ တာဝန်ရှိသူ များ၊ ဝန်ထမ်းများကအချက်အလက်ကောက်ယူမှုကိုကြည့်ရှုအားပေးပြီး ဒေသခံများကိုထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်အထိ စစ်ဘေးရှောင်များအဖြစ်တိမ်း ရှောင်နေရသော ဖလမ်းမြို့ပေါ်လူဦးရေ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071