Monday, May 19, 2025

ကန်တာကားဘရိတ်ပေါက်ပြီး မှတ်တိုင်တွင်ရပ်ထားသည့် YBS ကားနှင့်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ကန်တာကားဘရိတ်ပေါက်ပြီး မှတ်တိုင်တွင်ရပ်ထားသည့် YBS ကားနှင့် ဆိုင်ကယ်တို့ကိုဝင်တို-က်မိခဲ့မှု ယနေ့ မေ ၁၉ ရက်နံနက် ၇ နာရီ...

အင်ဒိုနီးရှား ရွှေသတ္ထု့မိုင်း မြေပြို၊ လူ...

အင်ဒိုနီးရှားနိုင်ငံ ပါပူးဝါးပြည်နယ် အရှေ့စွန်းဒေသရှိ ရွှေသတ္ထု့မိုင်းတစ်ခုတွင် မြေပြို၍ မိုင်းလုပ်သား ခြောက်ဦး‌ေ-သဆုံးကာ လေးဦးဒဏ်ရာရှိခဲ့သည်။ ဖြစ်စဉ်အတွင်း ပျောက်ဆုံးလျက်ရှိသူ ၁၄ ဦးကို ရှာဖွေမှုကို...

ဂရင်းလန်းအပေါ် ဒိန်းမတ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုတရုတ်က အပြည့်အ၀...

ဂရင်းလန်းအရေးတွင် ဒိန်းမတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို တရုတ်နိုင်ငံက အပြည့်အဝလေးစားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တနင်္လာနေ့က ပေကျင်းတွင် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke...

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး တရုတ်သွားမည်

အိန္ဒိယနိုင်ငံနှင့် ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး ပဋိပက္ခကို အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့အပြီး တစ်ပတ်ကျော်အကြာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ ရုံးက...
HomeNewsLocal Newsလယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေး...

လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေး နည်းပညာ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်

လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေး နည်းပညာ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်မှု ညှိနှိုင်းအစည်းအဝေး၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်မှု ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၂)ရက်က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပလျက်ရှိသည့် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း ယာယီကွပ်ကဲရေးရုံး၌ ကျင်းပပြုလုပ်ရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြခန်းများတွင် လယ်ယာသုံး စက် ကိရိယာများ ခင်းကျင်းပြသထားမှုနှင့်ပတ်သက်၍ စက်ပစ္စည်းများ၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်၍ ယခုထက်ပိုမိုကောင်းမွန်သည့် စက်ကိရိယာများဖြစ်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ပေးရန် လမ်းညွှန်မှုပြုခဲ့ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ကြောင့် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီစေရေး နည်းပညာ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး တောင်သူများလိုအပ်သည့် လယ်ယာသုံးစက်ပစ္စည်းကိရိယာများအား ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လယ်ယာသုံးစက်ပစ္စည်းကိရိယာများကို ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် နည်းပညာ ဖလှယ်နိုင်ရေး၊ အကြံဉာဏ်များရရှိရေး၊ ပိုမိုကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ဖိတ်ခေါ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ အစည်းအဝေး တက်ရောက်လာသူများကလည်း လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ထုတ်လုပ်နိုင်ရေး တွေ့ကြုံနေရသည့် အခက်အခဲများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် အချက်များ၊ လယ်ယာသုံးစက်ပစ္စည်း ကိရိယာများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး နည်းပညာဆိုင်ရာအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၎င်းအစည်းအဝေးသို့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဖွဲ့စည်းထားရှိသည့် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆပ်ကော်မတီအသီး သီးမှ အဖွဲ့ဝင်များ၊ ဆက်စပ်ဝန်ကြီးဌာနအသီးသီးမှ တာဝန် ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကန်တာကားဘရိတ်ပေါက်ပြီး မှတ်တိုင်တွင်ရပ်ထားသည့် YBS ကားနှင့် ဆိုင်ကယ်တို့ကိုဝင်တို-က် ၁ ဦး‌ေ-သဆုံး ၁ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ကန်တာကားဘရိတ်ပေါက်ပြီး မှတ်တိုင်တွင်ရပ်ထားသည့် YBS ကားနှင့် ဆိုင်ကယ်တို့ကိုဝင်တို-က်မိခဲ့မှု ယနေ့ မေ ၁၉ ရက်နံနက် ၇ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။ အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်းမအတိုင်း မောင်းနှင်လာသည့် ကန်တာကားသည် အောင်ဇေယျကြိုးတံတားအဆင်းအရောက် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အ.မ.က (၁၁)ကျောင်းအနီး မှတ်တိုင်တွင်ရပ်ထားသော YBS ကားနှင့် ဆိုင်ကယ်တို့အား ဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တွဲလက်လူမှုကူညီရေးအဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြပြီး ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ်မောင်းသူနှင့် လိုက်ပါလာသော ကလေးငယ်တို့အား အင်းစိန်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း...

အင်ဒိုနီးရှား ရွှေသတ္ထု့မိုင်း မြေပြို၊ လူ ခြောက်ဦး‌ေ-သ၊ ၁၄ ဦး ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ ပါပူးဝါးပြည်နယ် အရှေ့စွန်းဒေသရှိ ရွှေသတ္ထု့မိုင်းတစ်ခုတွင် မြေပြို၍ မိုင်းလုပ်သား ခြောက်ဦး‌ေ-သဆုံးကာ လေးဦးဒဏ်ရာရှိခဲ့သည်။ ဖြစ်စဉ်အတွင်း ပျောက်ဆုံးလျက်ရှိသူ ၁၄ ဦးကို ရှာဖွေမှုကို မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္လာနေ့တွင် ရပ်နားလိုက်ရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သောကြာနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနောက်ပါပူးဝါးပြည်နယ် အာဖက်ခ်တောင်တန်းရှိ ဒေသခံများလုပ်ကိုင်ကြသည့် မိုင်းငယ်တစ်ခုတွင် မြေပြိုခဲ့သည်ဟု အင်ဒိုနီးရှား သဘာဝဘေးလျှော့ချရေးဌာန ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ မူဟာရီက ပြောဆိုသည်။ မိုင်းလုပ်သားများအသုံးပြုသည့် ယာယီတဲများမြေမြုပ်သွားခဲ့ရသည့် သဘာဝဘေးဒဏ်ကြုံခဲ့ပြီးနောက် ပျောက်ဆုံးလျက်ရှိသူများကို အာဏာပိုင်များက အင်္ဂါနေ့တွင် တကျော့ပြန်ရှာဖွေမှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။ လမ်းများနှင့် တောင်ပေါ်လမ်းကြောင်းများ ပျက်စီးနေခြင်းနှင့်...

ဂရင်းလန်းအပေါ် ဒိန်းမတ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုတရုတ်က အပြည့်အ၀ လေးစား–ဝမ်ယိ

ဂရင်းလန်းအရေးတွင် ဒိန်းမတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို တရုတ်နိုင်ငံက အပြည့်အဝလေးစားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တနင်္လာနေ့က ပေကျင်းတွင် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasmussen ကို ပြောကြားလိုက်သည်။ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေ တည်တံ့ခိုင်မြဲမှုတွင်လည်း ဒိန်းမတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ တရားဝင်ရပ်တည်မှုကို ဆက်လက်ထောက်ခံမည်ဟု မျှော်လင့်ပါကြောင်း ဝမ်က ပြောဆိုခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပေကျင်းက အပြင်းအထန် ရှုတ်ချခဲ့သော ထိုင်ဝမ်သမ္မတဟောင်း ဆိုင်အင်းဝမ်၏ ကိုပင်ဟေဂင် ခရီးစဉ်အပြီး ရက်ပိုင်းအကြာတွင် ဝမ်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071