ယနေ့ညနေပိုင်း၌ လမ်းမတော်မြို့နယ် နှင့် ဒဂုံမြို့နယ်တို့သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားသော (၃၃) ကေဗွီ ဟုံဟိုင်း – အာအိုင်အာ ဓာတ်အားလိုင်းပေါ်သို့ ဗိုလ်ချုပ်လမ်းနှင့် ဇော်ဂျီလမ်းထိပ်ရှိ ပိတောက်ပင် လဲကျ၍ ဓာတ်အားပြတ်တောက်နေသည်ဟု သိရသည်။
ထို့ကြောင့် လမ်းမတော်မြို့နယ်အတွင်းရှိ..ဆသရရုံး-ဂျန်းရှင်းမော်တင်-ဂရိတ်ဝေါကွန်ဒို-အင်ယာကောင်စီနှင့် ရွှေလမင်းဆေးရုံ ၊ ဒဂုံမြို့နယ်ပြည်လမ်းခွဲရုံ-တို့ဓာတ်အားခေတ္တပြတ်မည်ဟု သိရသည်။
လဲကျနေသော ပိတောက်ပင်အား ဖယ်ရှားရှင်းလင်းလျက် အပိုင်းလိုက် အမြန်ဆုံး ဓာတ်အားပြန်လည်ရယူနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှ ဆောင်ရွက်လျက်ရှိပါကြောင်း အများပြည်သူသို့ လေးစားစွာ အသိပေးပန်ကြားထားသည်။
