ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို လပွတ္တာမြို့ရှိ အောင်တော်မူဘုရားဝန်းအတွင်းရှိ၊ တာဝတိံသာတန်ဆောင်း၌ ယနေ့ ဒီဇင် ဘာ ၁၂ ရက်နံနက်ပိုင်းမှစတင်ကာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးသွားသူ များ၊ မှတ်ပုံတင်မရရှိသေးသူများကို ပြုလုပ်ပေးခဲ့ကြသည့်အပြင် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးခြင်းများကိုပြုလုပ်ခဒ့ကြကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှကြည့်ရှု၍ လာရောက်ပြုလုပ်သော ဒေသခံများအားနှုတ်ဆက်ပြီး ပြုလုပ်ပြီးသည့် မှတ်ပုံတင်များနှင့် UID နံပါတ်များကို ကာယကံရှင်များနှင့် ရပ်ကွက်ကိုယ်စားလှယ်များထံပေးအပ်ခဲ့ကြောင်း သိရသည်။
လဝက မှ မကြာမှီကျင်းပမည့် ရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်မဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေးတို့အတွက် ပန်းခင်းစီမံချက်များဖြင့် သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ထုတ်ပေးခြင်းတို့ကို နိုင်ငံတစ်ဝန်း၌ဆောင် ရွက်ပေးလျက်ရှိပြီး မှတ်ပုံတင်ရရှိပြီးသူများအား Biographic/Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးခြင်းတို့ကိုလည်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။