လန်ဒန်မှ ဟိသရိုးလေဆိပ်အပါအဝင် ဉရောပလေဆိပ်အချို့ ၏ အီလက်ထရောနစ် check-in နှင့် baggage စနစ်များသည် ယနေ့ ဆိုက်ဘာတိုက်ခိုက်ခြင်းခံရသဖြင့် လေကြောင်းခရီးစဉ်များနှောင့်နှေး ကြန့်ကြာခဲ့သည်။
ေလကြောင်းလိုင်း အချို့ကို Collins Aerospace ကုမ္ပဏီက ပေးထားသည့် ဆော့ဖ်ဝဲလ်သည် နည်းပညာပြဿနာကြောင့် ချို့ယွင်းသွားသဖြင့် ပြုပြင်ရမည်ဖြစ်ရာ နှောင့်နှေး ကြန့်ကြာမှုများရှိမည်ဖြစ်ကြောင်း ခရီးသည်များကို ဟိသရိုးလေဆိပ်က ကြိုတင်အသိပေးခဲ့သည်။
အလားတူပင် ဘယ်ဂျမ်နိုင်ငံ ဘရပ်ဆဲလ်လေဆိပ်သည်လည်း သောကြာနေ့ညက ဆိုက်ဘာတိုက်ခိုက်ခံရသဖြင့် ခရီးသည်များလေဆိပ်အဝင် (check-in) နှင့် လေယာဉ်ပေါ် အတက် (boarding) ကို ဆော့ဖ်ဝဲလ်ချွတ်ယွင်းမှုကြောင့် လက်ဖြင့်သာ လုပ်ဆောင်ရ၍ ကြန့်ကြာမှုရှိကြောင်းသိရသည်။
ထို့အပြင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ ဘရန်ဒင်န်ဘု(ဂ) လေဆိပ်သည်လည်း ဆော့ဖ်ဝဲလ်ပြဿနာကြောင့်ပင် ခရီးသည်များသည် စောင့်ဆိုင်းချိန် ကြာခဲ့ကြရကြောင်း သတင်းရရှိသည်။
ဘီဘီစီ
