ရှမ်းပြည်နယ်၊ လင်းခေးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ စက်တင်ဘာ ၃၀ ရက်မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပုန်းထွန်ကျေးရွာအုပ်စု၊ ပန်ပေါင်းကျေးရွာအနီးရှိ ကားလမ်းပေါ်သို့ရေကျော်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် ရေကျော်နေသည့်လမ်းပိုင်းနေရာ၌ ကားလေးများဖြတ်သန်းသွားလာနိုင်ခြင်းမရှိ၍ ယာဉ်သွားလာမှုပြတ်တောက်မှုမရှိစေရန် လင်းခေးခရိုင်/မြို့နယ် မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အ စည်းများပူးပေါင်းကာ ယာဥ်များဖြတ်သန်းသွားလာမှုအဆင်ပြေစေရေးအတွက်ကူညီပေးလျက်ရှိကြောင်း သိရသည်။
