Thursday, May 15, 2025

ကျောင်းအပ်နှံရာတွင် အခကြေးငွေပေးရန်မလိုကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်အသိပေး

၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ပေးစရာမလိုကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများ အားလုံးအနေဖြင့်...

စစ်ကိုင်းမြို့ငလျင်သင့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ...

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့ရသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန...

ကျိုက်မရော ရေ‌ဘေးသင့်ကျေးရွာ(၄)ရွာရှိ အိမ်ထောင်စု (၄၀၀)ကျော်အား...

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းက ရေဘေးသင့်ခဲ့ကြသည့် ကျေးရွာ(၄)ရွာရှိ အိမ်ထောင်စု (၄၄၃)စုအတွက် တစ်အိမ်ထောင်စုလျှင် ကျပ်(၄)သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ...

ကိုရီးယား ဈေးရောင်းပွဲတော်မှ ရရှိသည့်ငွေများကို ငလျင်ဘေးဒဏ်သင့်...

မန္တလေး ငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ကိုရီးယားအနုပညာရှင်များ ပါဝင်သည့် K-Pop အဖွဲ့မှ ကိုရီးယားဈေးရောင်းပွဲတော် ပြုလုပ်ခဲ့ပြီး ရရှိသည့် ငွေများကို ငလျင်ဘေးဒဏ်သင့်ဒေသများ...
HomeNewsLocal Newsလက်ပံတန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးသေ...

လက်ပံတန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးသေ နတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

လက်ပံတန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးသေ နတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊လက်ပံတန်းမြို့၊မြို့မရပ်ကွက်၏ ရပ် ကွက်အုပ်ချုပ်ရေးမှူးဦးစိုးမင်း(၅၀)နှစ်ခန့်သည် သြဂုတ် ၈ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ယနေ့နံနက် ၇ နာရီကျော်တွင် အမည်မသိအမျိုး သားများက ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးမင်းအား မြို့မရပ်ကွက်၏ ၃ လမ်းထိပ်တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးစိုးမင်း၏ ဦးခေါင်းနှင့်ကျောပြင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့ သွားနေတုန်း အပစ်ခံရတာပဲ။ သေပြီ အခုတော့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးမင်းသည် ဆန္ဒပြသူများနှင့် CDM ဝန်ထမ်းများအား ဖမ်းဆီးစေခြင်း၊ သတင်းပေးခြင်းများပြုလုပ်ခဲ့သဖြင့် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့(လက်ပံတန်းမြို့)မှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်။

 ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောင်းအပ်နှံရာတွင် အခကြေးငွေပေးရန်မလိုကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်အသိပေး

၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ပေးစရာမလိုကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများ အားလုံးအနေဖြင့် အခကြေးငွေ ကောက်ခံခြင်း/လက်ခံခြင်းမပြုရန်၊ ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတရာ လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။ အလားတူ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများအနေဖြင့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံရန်၊ ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်း...

စစ်ကိုင်းမြို့ငလျင်သင့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးနေ

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့ရသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံးက အခြေခံပညာအထက်တန်းကျောင်းခွဲ(ရန်နိုင်)အတွင်းရှိ ငလျင်ဘေးကယ်ဆယ်ရေးစခန်းတွင် One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများက မေလ (၁၄)ရက်၊ ညနေပိုင်းတွင် သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ကြောင်းသိရသည်။ ငလျင်ဘေးသင့် ပြည်သူများအား ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့ရသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်...

ကျိုက်မရော ရေ‌ဘေးသင့်ကျေးရွာ(၄)ရွာရှိ အိမ်ထောင်စု (၄၀၀)ကျော်အား တစ်အိမ်ထောင်လျှင် ကျပ်(၄)သိန်း ထောက်ပံ့ပေးအပ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းက ရေဘေးသင့်ခဲ့ကြသည့် ကျေးရွာ(၄)ရွာရှိ အိမ်ထောင်စု (၄၄၃)စုအတွက် တစ်အိမ်ထောင်စုလျှင် ကျပ်(၄)သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ပေးအပ်မှုကို မေ(၁၂) ရက်နှင့် (၁၃)ရက်တို့တွင် ရေဘေးသင့်ခဲ့သည့် ရန်မျိုးအောင်ရပ်ကွက်၊ ဦးလေးကျေးရွာ၊ နိတုံကျေးရွာ၊ ပိန်းနဲကုန်းကျေးရွာနှင့် ခနောင်ကျေးရွာနေ အိမ်ထောင်စုများအား ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီထံက သိရသည်။ အဆိုပါထောက်ပံ့မှုအားအပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071