မန္တလေးငလျင်ကြီးကြောင့် အစိုးရကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍ ဆုံးရှုံးမှု ကျပ်ငွေဘီလီယံ (၈၀၀၀) နီးပါးထိ ရှိ
မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရှေးဦးပြန် လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ငွေကျပ် (၃၄၀)ဘီလီယံကျော်သုံးစွဲပြီးဖြစ်သည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အသိပေးခဲ့သည်။
မန္တလေးငလျင်ကြီးစတင်ဖြစ်ပွားသည့်နေ့မှစ၍ ၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၁ ရက်အထိ အမျိုးသားသ ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ငလျင်ဒဏ်သင့်သူများ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေမည့် အရေးပေါ်စားနပ်ရိက္ခာများထောက်ပံ့မှုအတွက် ငွေကျပ်(၄၂ ဒသမ ၀၉၄)ဘီလီယံကျော်၊ သေဆုံးသူများ၏ မိသားစုများအားထောက်ပံ့မှုအ တွက် ငွေကျပ်(၄ ဒသမ ၇၃၃)ဘီလီယံကျော်၊ ဒဏ် ရာရသူများအတွက် ငွေကျပ်(၀ ဒသမ ၁၇၅)ဘီလီယံသုံးစွဲပြီးဖြစ်သည်။
နေအိမ်များပြန်လည်တည်ဆောက်ရန် ငွေကျပ် (၁၆၀၅ ဒသမ ၅၇၁)ဘီလီယံကျော်ကိုလည်း ထောက်ပံ့ထားသည့်အပြင် ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ်(၃၄၀)ဘီလီယံကျော်ကိုသုံးစွဲပြီးဖြစ်ကာ ပြည်တွင်း/ပြည်ပမှ လှူဒါန်းသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကိုလည်း ငလျင်ဒဏ်သင့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီဖြန့်ခွဲထောက်ပံ့ပြီးဖြစ်သည်။
ငလျင်ကြောင့် ရုံးများ၊ အခြေခံပညာကျောင်းများ၊ ဝန်ထမ်းအိမ်ရာများပျက်စီးခဲ့ရာ ဝန်ထမ်းများနေ ထိုင်နိုင်ရေးနှင့်ရုံးများ၊ စာသင်ကျောင်းများ ပြန် လည်ဖွင့်လှစ်နိုင်ရန် ယာယီကွန်တိန်နာရုံး(၄၄၂) လုံး၊ ယာယီကွန်တိန်နာအိမ်(၉၀၄၈)လုံး၊ ယာယီ Prefabricated စာသင်ကျောင်းဆောင်(၂၀)ကို ဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် ငလျင်ဒဏ်သင့်ဒေသများသို့ ဖြန့်ခွဲဆောင်ရွက်ပေးထားပြီးဖြစ်သည်။
နေပြည်တော်တွင် ယာယီနေအိမ်(၂၉၇၂)ခန်းဆောက်လုပ်ခဲ့ပြီး (၁၂၇)ခန်းဆောက်လုပ်ဆဲဖြစ်ကာ ယာယီစာသင်ဆောင်(၅၇)ဆောင်ဆောက်လုပ်ခဲ့ပြီး (၇)ဆောင်ဆောက်လုပ်ဆဲဖြစ်ကာ အခြေခံပညာကျောင်းများအားလုံးကို ကျောင်းဖွင့်ချိန်တွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများကိုလည်းပြန်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။
လမ်းပျက်စီးမှု၏ (၉၄ ဒသမ ၄၃)ရာခိုင်နှုန်း၊ တံတားပျက်စီးမှု၏ (၃၈ ဒသမ ၈၃)ရာခိုင်နှုန်း၊ မြန်မာ့မီးရထားလမ်းပိုင်းအလိုက် ပျက်စီးမှု၏ (၉၆ ဒသ မ ၃၉)ရာခိုင်နှုန်းတို့ကိုပြုပြင်ပြီးဖြစ်ကာ ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်မှု၏ (၉၇ ဒသမ ၁၉)ရာ ခိုင်နှုန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုတွင် (၉၈ ဒသ မ ၆၁)ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။
မန္တလေးငလျင်ကြီးကြောင့် ဆည်မြောင်းတာတမံ၊ လမ်းတံတား၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ရထားပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ သာသနာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အစိုးရစက်ရုံ/အလုပ်ရုံ၊ ရုံးအ ဆောက်အဦစသည့် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးမှုမှာ ငွေကျပ်(၄၇၇၉)ဘီလီယံကျော်ဖြစ်ပြီး လူနေအိမ်၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ၊ ပုဂ္ဂလိကစီးပွားရေးလုပ် ငန်းများ၊ ပုဂ္ဂလိကစာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ စိုက်ပျိုးသီးနှံများအစရှိသည့် ပုဂ္ဂလိ ကကဏ္ဍဆုံးရှုံးမှုမှာ ငွေကျပ်ဘီလီယံ(၃၂၀၀)ကျော် ဖြစ်၍ စုစုပေါင်းဆုံးရှုံးမှုမှာ မြန်မာကျပ်ငွေဘီလီယံ (၇၉၇၉)ကျော်(အမေရိကန်ဒေါ်လာသန်း ၃၈၀၀)ခန့်ဖြစ်သည်။
ကဏ္ဍအလိုက် ပျက်စီးဆုံးရှုံးမှုတွင် အစိုးရရုံး၊ အဆောက်အဦ၊ ရုံးအသုံးအဆောင်နှင့် ဝန်ထမ်းအိမ်ရာများပျက်စီးမှုကအများဆုံးဖြစ်၍ လူနေအိမ်/အဆောက်အဦများပျက်စီးမှုက ဒုတိယအများဆုံး၊ ဘာသာရေးအဆောက်အဦများ ပျက်စီးမှုက တတိယအများဆုံး ဖြစ်ကြောင်း သိရသည်။
