Friday, May 1, 2026

တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်ပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ယနေ့ မေ ၁ ရက်နံနက် ၅ နာရီ ၄၃ မိနစ်ခန့်က ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ကို ဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း...

AYA Bank Tri Nations...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AYA Bank Tri Nations Cup 2026 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပဏာမလူစာရင်းကို...

နိုင်ငံသားများ ပြည်တွင်း၌ အေးချမ်းစွာ အလုပ်လုပ်ကိုင်နိုင်ရေး...

နိုင်ငံသားအားလုံး နိုင်ငံတော်၏ အရိပ်ဝါသအောက်တွင် ပျော်ရွှင်အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့်အစား ပြည်တွင်း၌သာ အလုပ်လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်...

ဒဂုံတောင်ပိုင်း ခရီးသွားများအတွက်သတင်းကောင်း၊ YBS-27 ယာဉ်လိုင်း...

ရန်ကုန်မြို့နေ ခရီးသွားပြည်သူများသွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် Trans Link ကုမ္ပဏီ၏ စီမံမှုအောက်တွင် ပြေးဆွဲနေသည့် YBS-27 ယာဉ်လိုင်းကို ယနေ့ မေလ...
HomeNewsFootballရှုံးပွဲမရှိ စံချိန်ထိန်းထားနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်း

ရှုံးပွဲမရှိ စံချိန်ထိန်းထားနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်း

ယနေ့ ဇန်နဝါရီ (၁၈)ရက် ညနေ (၃)ရာရီအချိန်တွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၆)အတွင်း ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းအား (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ ရှုံးပွဲမရှိ စံချိန်ကို ထိန်းထားနိုင်ခဲ့သည်။

အဆိုပါ အသင်း(၂)သင်းသည် စုဖွဲ့မှု အားကောင်းပြီး ချ န်ပီယံဆုများကို (၅) ကြိမ်စီ ပိုင်ဆိုင်ထားသည့် အသင်းများဖြစ်သည်။

ယနေ့ပွဲစဉ်အတွင်း ရှမ်းယူနိုက်တက်ဘက်မှ နိုင်ငံခြားသား ကစားသမား (၅)ဦးထိ ပွဲထွက် ပါဝင်ကစားခဲ့ကြကာ ၊ ရန်ကုန်ယူနိုက်တက်အသင်းက ပြည်တွင်းကစားသမားများဖြင့်သာ ရင်ဆိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

ယနေ့ ရှမ်းယူနိုက်တက်အသင်း ပွဲထွက်လူစာရင်းတွင် ဇွဲခန့်မင်း၊ နန္ဒကျော်၊ ဟိန်းဖြိုးဝင်း၊ DA Silve ၊ Paul ၊ ကျော်ဇင်ဖြိုး၊ Ryuji ၊ ဇွဲထက်မင်း၊ Biassi ၊ မြတ်ကောင်းခန့်၊ Mark Serki တို့ ပါဝင်ခဲ့သည်။

အလားတူ ရန်ကုန်ယူနိုက်တက် ပွဲထွက်လူစာရင်းတွင် ဟိန်းဇေယျာလင်း၊ ဒေးဗစ်ဟန်၊ ကျော်ဖြိုးဝေ၊ ဇော်ဝင်သိန်း၊ ကောင်းစည်သူ၊ ဥက္ကာနိုင်၊ မင်းကျော်ခန့်၊ ဧစိုး၊ ဝေလင်းအောင်၊ ဆန်းဆက်နိုင်၊ လှိုင်းဘိုဘိုတို့ ပွဲထွက်ကစားခဲ့ကြသည်။

၎င်းတို့ နှစ်သင်း ပထမအကျော့တွေ့ဆုံမှုအား တောင်ကြီးမြို့၌ ယှဉ်ပြိုင်ကစားခဲ့ကြကာ (၂)ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ထားပြီး၊ ယနေ့ ဒုတိယအကျော့ တွေ့ဆုံမှု၌ ရှမ်းယူနိုက်အတက်အသင်းက (၁)ဂိုးသွင်းယူ၍ အနိုင်ရခဲ့သ ည်။

လက်ရှိ Myanmar National League Week-15 အပြီး အ မှတ်ပေးဇယားရပ် တည်မှုအရ ရှမ်းယူနိုက်တက်အသင်းမှာ ရမှတ် (၄၃) မှတ်ဖြင့် အဆင့် (၁)၊ ရန်ကုန်ယူနိုက်တက် အသင်းမှာ ရမှတ် (၃၅)မှတ် ဖြင့် အဆင့် (၃)နေရာများတွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသ ည် (၁၅)ကြိမ်မြောက် ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်ပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ယနေ့ မေ ၁ ရက်နံနက် ၅ နာရီ ၄၃ မိနစ်ခန့်က ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ကို ဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တွံတေးမြို့နယ်၊ သုံးအိမ်ကျေးရွာရှိ တွံတေး-လှိုင်သာ ယာသွားကားလမ်းတွင် ဆီဘောက်ဆာကားမှ လမ်းဘေးသစ်ပင်ကိုဝင်တို-က်မိခဲ့ပြီး ကားမောင်းသူသည် ခေါင်းခန်းအတွင်းညပ်နေသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ခေါင်းခန်းအတွင်းညပ်နေသည့်ကားမောင်းသူမှာ ထိခို-က်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင်‌ေ-သဆုံးသွားခဲ့သဖြင့် ရုပ်အလေ-ာင်းအား စိတ္တသုခလူမှုကူညီရေးအသင်းက တွံတေးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

AYA Bank Tri Nations Cup 2026 အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပဏာမကစားသမား ၃၅ ဦးဖြင့် စခန်းသွင်းလေ့ကျင့်မှုစတင်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AYA Bank Tri Nations Cup 2026 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပဏာမလူစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ထုတ်ပြန်လိုက်ပြီဖြစ်သည်။ လေ့ကျင့်မှုနှင့် လူစာရင်း ဇွန်လအတွင်း ကျင်းပမည့် အဆိုပါ နိုင်ငံတကာခြေစမ်းပွဲ (International Women’s Friendly Matches) တွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် မြန်မာအမျိုးသမီးအသင်းသည် ပဏာမကစားသမား (၃၅) ဦးဖြင့် ဧပြီလ (၂၇) ရက်မှ စတင်ကာ စခန်းသွင်းလေ့ကျင့်နေပြီဖြစ်သည်။ အဆိုပါလူစာရင်းတွင်...

နိုင်ငံသားများ ပြည်တွင်း၌ အေးချမ်းစွာ အလုပ်လုပ်ကိုင်နိုင်ရေး ဝန်ကြီးဌာနများက ဝိုင်းဝန်းဖော်ဆောင်ပေးရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

နိုင်ငံသားအားလုံး နိုင်ငံတော်၏ အရိပ်ဝါသအောက်တွင် ပျော်ရွှင်အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့်အစား ပြည်တွင်း၌သာ အလုပ်လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်သည်။ ယနေ့ မေလ ၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းလုပ်ငန်းခွင်နှင့် ဘဝလုံခြုံမှု ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့တွင် မတရားဖိနှိပ်ခံရမှုများ ရှိနေကြောင်း သိရှိရသဖြင့် ပြည်ပသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071