Friday, December 5, 2025

ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့မည်–ထရမ့်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ် သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ "ကျွန်တော်တို့...

စားအုန်းဆီရည်ညွှန်းဈေး နှစ်လအတွင်း ကျပ် (၄၀၀)ကျော်...

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာလျှင် ကျပ်(၆၅၈၅)ကျပ်သတ်မှတ်ခဲ့ရာမှ လက်ရှိကာလ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကျပ်(၆၁၄၀)ထိ ဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿာလျှင်...

မဟာမြတ်မုနိဘုရားကြီးရှိ သာသနိကအဆောက်အဦများအား ပြန်လည်ပြုပြင်၊ အသစ်တည်ဆောက်ရာတွင်...

မန္တလေးမြို့ရှိ မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သော မ ဟာမြတ်မုနိဘုရားကြီးကို ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံ ခြုံရေးနှင့် အေချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊...

နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦအင်္ဂါရပ်များနှင့်အညီဆောက်လုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)ရုံးအဆောက်အဦသစ်ကို နိုင်ငံတော်ယာယီသမ္မတ...

နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦအင်္ဂါရပ်များနှင့်အညီဆောက်လုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)၏ ရုံးအဆောက်အဦသစ်ကို ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာ ယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍...
HomeNewsFootballရှုံးပွဲမရှိ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီဖြစ်သည့်...

ရှုံးပွဲမရှိ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီဖြစ်သည့် ရှမ်းယူနိုက်တက်အသင်း

၂၀၂၄-၂၀၂၅ မြန်မာနေရှင်နယ်လိဂ်
ဘောလုံးရာသီအတွင်း ရှုံးပွဲမရှိ ချန်ပီယံဆုကို ရှမ်းယူနိုက်တက်က ဆွတ်ခူးခဲ့ရရှိပြီဖြစ်သည်။

ယနေ့ မတ်လ (၁ )ရက် တောင်ကြီးမြို့ ပြည်နည်အားကစားကွင်း၌ ကျင်းပခဲ့သည့် ရာသီပိတ်နောက်ဆုံးပွဲစဉ် (၂၂) ကို ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားရာအိမ်ရှင် ရှမ်းယူနိုက်တက်အသင်းက (၄) ဂိုးပြတ်သွင်းယူ၍ အနိုင်ရရှိခဲ့သည်။

ပွဲစဉ်အပြီးတွင် ချန်ပီယံဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနေရှင်နယ်လိဂ် ၂၀၂၄-၂၅ ဘောလုံးပြိုင်ပွဲတွင် သွင်းဂိုး (၁၅) ဂိုးဖြင့် ဂိုးသွင်းအများဆုံးဆု ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းမှ ကျောနံပါတ် (၂၃) ရန်ကျော်ထွေးအား ဆုကြေးငွေကျပ် (၁၀) သိန်းနှင့် အထိမ်းအမှတ်ဆုတံဆိပ်ကို အားကစားနှင့် ကာယပညာဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ချီးမြှင့်ပေးခဲ့သည်။

ပြိုင်ပွဲတွင် ရမှတ် (၄၄)မှတ်ဖြင့် တတိယရရှိခဲ့သည့် ဟံသာဝတီယူနိုက်တက်အသင်းအား တစ်ဦးချင်းကြေးတံဆိပ်ဆုချီးမြှင့်ခြင်းကို မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်မင်းသိန်းက ချီးမြှင့်ပြီး တတိယဆုအတွက် ဆုကြေးငွေကျပ်သိန်း (၃၀၀) ကို ရှမ်းပြည်နည်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်က ချီးမြှင့်ပေးခဲ့သည်။

ထို့အတူ ရမှတ် (၅၁) ဖြင့် ဒုတိယဆုရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းအား တစ်ဦးချင်း ငွေတံဆိပ်ဆု ချီးမြှင့်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ဒုတိယဆုအတွက် ဆုကြေးငွေကျပ်သိန်း (၅၀၀) ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းတို့က ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲတွင် ရမှတ် (၆၂) မှတ် ရရှိကာ ရှုံးပွဲမရှိချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအား တစ်ဦးချင်း ရွှေတံဆိပ်ဆုချီးမြှင့်မှုကို အာရှဘောလုံးအဖွဲ့ချုပ်အကြီးတန်း ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ချီးမြှင့်ပေးခဲ့သည်။

တဆက်တည်း ပထမဆုအတွက် ဆုကြေး ငွေကျပ်သိန်း (၇၀၀) ချီးမြှင့်ခြင်းကို ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ချီးမြှင့်ပေးခဲ့သည်။

ပြိုင်ပွဲတွင် တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်မှတ်တမ်းရရှိခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအား Undefeated Champions ဆုဖလားထပ်ဆောင်းချီးမြှင့်မှုကို မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်နာယကကြီး ဦးအောင်ကိုဝင်းက ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအား ချန်ပီယံဆုဖလားချီးမြှင့်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်က တက်ရောက်ချီးမြှင့်ပေးခဲ့ပြီးနောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

မြန်မာနေရှင်နယ်လိဂ် ၂၀၂၄-၂၅ အမှတ် ပေးဘောလုံးပြိုင်ပွဲအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ရမှတ် (၆၂) မှတ်ဖြင့် အဆင့်(၁)၊ ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် (၅၁) ဖြင့် အဆင့်(၂)နှင့် ဟံသာဝတီယူနိုက်တက်အသင်းက ရမှတ် (၄၄) မှတ် ဖြင့် အဆင့်(၃) နေရာရရှိခဲ့သည်။

ထို့အတူ အဆင့်(၄)နေရာကို ရမှတ် (၄၀) ရရှိသည့် ဒဂုံစတားယူနိုက်တက်နှင့်အဆင့် (၅)နေရာအား ရမှတ် (၃၃) မှတ် ရရှိသည့် မဟာယူနိုက်တက်အသင်းတို့က ရပ်တည်နိုင်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် အမှတ် ပေးချန်ပီယံဆုကို (၆)ကြိမ်မြောက် (၂၀၁၇၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄-၂၅) ရရှိခြင်းဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့မည်–ထရမ့်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ် သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ "ကျွန်တော်တို့ ဂျိုးဘိုင်ဒင် ရဲ့ CAFE လို့ ခေါ်တဲ့ ကော်ပိုရိတ် ပျမ်းမျှလောင်စာဆီ ချွေတာရေး စံနှုန်းတွေကို တရားဝင် ရပ်စဲလိုက်ပါတယ်" ဟု အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်ပ် က ပြောကြားခဲ့သည်။ ခရီးသည်တင်ကားများနှင့် အပေါ့စားထရပ်ကားများအတွက် ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခုလုံး၏ ပျမ်းမျှဆီစားသက်သာမှုသည် ၂၀၃၁ ခုနှစ်ထုတ် မိုဒယ်နှစ်တွင် တစ်ဂါလံလျှင်...

စားအုန်းဆီရည်ညွှန်းဈေး နှစ်လအတွင်း ကျပ် (၄၀၀)ကျော် ကျဆင်း

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာလျှင် ကျပ်(၆၅၈၅)ကျပ်သတ်မှတ်ခဲ့ရာမှ လက်ရှိကာလ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကျပ်(၆၁၄၀)ထိ ဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿာလျှင် ရည်ညွှန်းဈေးကျပ် (၄၄၅)ကျပ်အထိ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။ ယခုအပတ် ဒီဇင်ဘာ (၅)ရက်မှ (၁၁)ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆၁၄၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ထားခြင်းလည်းဖြစ်သည်။ စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ...

မဟာမြတ်မုနိဘုရားကြီးရှိ သာသနိကအဆောက်အဦများအား ပြန်လည်ပြုပြင်၊ အသစ်တည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးတွက်ချက်ဆောင်ရွက်ရန် နိုင်ငံတော် ယာယီသမ္မတမှာကြား

မန္တလေးမြို့ရှိ မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သော မ ဟာမြတ်မုနိဘုရားကြီးကို ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံ ခြုံရေးနှင့် အေချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်ယာယီသမ္မတသည် မဟာမြတ်မုနိဘုရားကြီးအားဖူးမြှော်ကြည်ညိုပြီးနောက် ဘုရားကြီးရှိ သာသနိကအဆောက်အဦများတွင် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများအား ရှေးမူမပျက်ပြန်လည်ပြုပြင်တည်ဆောက်မွမ်းမံထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပြန် လည်ပြုပြင်ခြင်းလုပ်ငန်းများ၊ အသစ်တည်ဆောက်ရသည့်လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စနစ်တကျဖြစ်စေရေး တွက်ချက်ဆောင် ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးတို့မှ ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်းအလှူတော်ငွေများကိုပေးအပ်လှူဒါန်းပြီး ပြည်ပလှူဖွယ်ပစ္စည်းများပြခန်းနှင့် ချိတ်ဆွဲရတနာခန်းမတို့တွင် ငလျင်ဒဏ်ဖြစ်ပေါ်ချိန်၌ ပြင်းထန်သောလှုပ်ခတ်မှုများကြောင့်မြေခခဲ့ရသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071