Monday, May 19, 2025

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇...

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက်...

မက္ကဆီကိုသင်္ဘောဘရွတ်ကလင်းတံတားဝင်တို-က်၊သင်္ဘောသားနှစ်ဦး ‌ေ-သဆုံး

ကမ္ဘာတစ်ဝန်း ချစ်ကြည်ရေးခရီးသွားနေသည့် မက္ကဆီကို ရေတပ် ရွက်သင်္ဘောတစ်စီးသည် စနေနေ့က နူးယော့ခ်မြို့ရှိ ဘရွတ်ကလင်တံတားကို ဝင်တို-က်မိခဲ့သောကြောင့် ရွက်တိုင်သုံးခု ကျိုးပဲ့ခဲ့ပြီး သင်္ဘောသားနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း...

အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်းအခွန်ဆောင်ရန်အသိပေး

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်း အခွန်ဆောင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှုအပေါ် ပေးဆောင်ရမည့်...

အခမဲ့ဘောလုံးသင်တန်း မန္တလေးတွင် ဒုတိယအကြိမ် ထပ်ဖွင့်မည်

ဘောလုံးဝါသနာပါသည့် လူငယ်များအတွက် မန္တလေးမြို့၌ နွေရာသီအခမဲ့ ဘောလုံးသင်တန်း ဒုတိယ အသုတ်ထပ်ဖွင့်ရန်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ ယခု ဒုတိယအသုတ် သင်တန်းကို မနက်ဖြန် မေ...
HomeInternationalရှီ၏ခရီးစဉ်၌တရုတ်နှင့်ဗီယက်နမ်တို့စာချုပ်များစွာကိုလက်မှတ်ရေးထိုးခဲ့

ရှီ၏ခရီးစဉ်၌တရုတ်နှင့်ဗီယက်နမ်တို့စာချုပ်များစွာကိုလက်မှတ်ရေးထိုးခဲ့

ဟနွိုင်း၊ဧပြီ ၁၄

အမေရိက,က မြင့်မားလှသည့်အခွန်များကို စည်းကြပ်နေစဉ် ကုန်သွယ်ရေးကဏ္ဍတွင် တစ်ဖက်နှင့်တစ်ဖက်ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်သဖြင့် တရုတ်နှင့်ဗီယက်နမ်တို့သည် သဘောတူညီစာချုပ်များစွာကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။

ကမ္ဘာတစ်ဝန်း၌ အခွန်းတိုးမြှင့် ချမှတ်မှုကို ဆိုင်းငံ့ထားသည့် သက်တမ်းကုန်ဆုံးမည့်ဇူလိုင်လတွင် ဗီယက်နမ်အနေဖြင့် အမေရိက၏ အခွန်စည်းကြပ်မှု ၄၆ ရာခိုင်နှုန်းကိုရင်ဆိုင်ရမည်ဖြစ်သကဲ့သို့ တရုတ်သည်လည်း ၁၄၅ ရာခိုင်နှုန်းအထိအခွန်စည်းကြပ်ခံရမည့်အရေးကြောင့် တရုတ်သမ္မတရှီသည် အာဆီယံဒေသတွင်းသို့ ညှိနှိုင်းရေးခရီးစဉ်ကို ပြုလုပ်ရခြင်းလည်းဖြစ်သည်။

သမ္မတရှီသည် ဗီယက်နမ်ထိပ်တန်းခေါင်းဆောင် တူလန်နှင့်တွေ့ဆုံပြီးနောက် နှစ်နိုင်ငံကြားထောက်ပံ့ရေးလမ်းကြောင်းများတိုးမြှ့င့်ရေးအပါအဝင် မီးရထားလမ်းများပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ဒါဇင်ပေါင်းများစွာကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟုလည်းရိုက်တာသတင်းဌာနကဖော်ပြခဲ့သည်။

တရုတ်နှင့်ဗီယက်နမ်မီဒီယာများက နောက်ပိုင်းတွင်ဖော်ပြကြသည်မှာ နှစ်ဖက်ခေါင်းဆောင်များသည် သဘောတူညီချက်ပေါင်း ၄၅ ခုကိုလက်မှတ်ရေးထိုးခဲ့ကြသည်ဟုလည်းဆိုကြသည်။သို့သော် မည်သည့်သဘောတူညီချက်များပါဝင်သည်ဟူသောအသေးစိတ်အချက်ကိုမူ ဖော်ပြခြင်းမရှိခဲ့ပေ။

တရုတ်သမ္မတရှီကမူ ကုန်သွယ်ရေးစစ်ပွဲသည် မည်သည်တစ်ဦးတစ်ယောက်မျှအနိုင်မရနိုင်ဘဲ အကျိုးမရှိကြောင်း ၎င်း၏ခရီးစဉ်အတွင်းပြောကြားခဲ့ပြီး ဗီယက်နမ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ်တွင်မူ ၎င်းတို့နှစ်နိုင်ငံအနေဖြင့် တစ်ဖက်သတ်အနိုင်ကျင့်မှုမျိုးကိုရှောင်ရှားကြရမည်ဟုလည်းဆိုခဲ့သည်။

Source : ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် မီးလောင်မှုဖြစ်စဉ်ကို ဖုန်းဆက်အကြောင်းကြားချက်ရခဲ့သည်ဟု ဟိုက်ဒရာဘတ်မြို့တည်ရှိရာ တောင်ပိုင်း Telangana ပြည်နယ် မီးဘေးအန္တရာယ် အရေးပေါ်တုန့်ပြန်ရေးနှင့် အရပ်ဖက်ကာကွယ်ရေးဌာနကသတင်း ထုတ်ပြန်ခဲ့သည်။ “မီးက မြေညီထပ်မှာလောင်ပြီးတော့ အပေါ်ထပ်တွေကို ကူးသွားခဲ့တယ်၊ မီးငြိမ်းသတ်တာနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို တပြိုင်နက် လုပ်နေပါတယ်”ဟု သတင်းတွင် ရေးသားဖေါ်ပြထားသည်။ ဖြစ်စဉ်အတွင်း အသက် ငါးနှစ်အောက် ကလေးခြောက်ဦးအပါအဝင် ‌ေ-သဆုံးခဲ့သူ...

မက္ကဆီကိုသင်္ဘောဘရွတ်ကလင်းတံတားဝင်တို-က်၊သင်္ဘောသားနှစ်ဦး ‌ေ-သဆုံး

ကမ္ဘာတစ်ဝန်း ချစ်ကြည်ရေးခရီးသွားနေသည့် မက္ကဆီကို ရေတပ် ရွက်သင်္ဘောတစ်စီးသည် စနေနေ့က နူးယော့ခ်မြို့ရှိ ဘရွတ်ကလင်တံတားကို ဝင်တို-က်မိခဲ့သောကြောင့် ရွက်တိုင်သုံးခု ကျိုးပဲ့ခဲ့ပြီး သင်္ဘောသားနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် သက်တမ်း ၁၄၂ နှစ်ရှိ တံတားကြီးသည် ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့သော်လည်း သင်္ဘောပေါ်ပါ ၁၉ ဦးသည် ဆေးကုသမှုခံယူရန် လိုအပ်သည်ဟု နူးယော့ခ် မြို့တော်ဝန် အဲရစ် အဒမ်စ်က ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် လူလေးဦးအနက် နှစ်ဦး ‌ေ-သဆုံးခဲ့သည်ဟု အဒမ်စ်က တနင်္ဂနွေနေ့အစောပိုင်းတွင် လူမှုမီဒီယာ၌ ကြေညာခဲ့သည်။ သင်္ဘောတို-က်မိရသည့်...

အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်းအခွန်ဆောင်ရန်အသိပေး

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်း အခွန်ဆောင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှုအပေါ် ပေးဆောင်ရမည့် အခွန်ပေးဆောင်ခြင်းမရှိပါက လိုင်စင်ပယ်ဖျက်ကာ အမည်မည်းစာရင်းသွင်းမည်ဖြစ်ကြောင်း မေလ (၁၇) ရက် က ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။ လက်ရှိတွင် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ (၂၈)ခုကို သတ်မှတ်ရက်အတွင်း အခွန်မဆောင်ပါက အမည်မည်းစာရင်းသွင်းမည်ဖြစ်ကြောင်း အသိပေးထားသည်။ အလုပ်သမားဝန်ကြီးဌာန၏ ကြေညာချက်အရ အမည်စာရင်းပါရှိသည့်ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ (၂၈) ခုအနေဖြင့်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အခွန်များကို မေလ (၃၁)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071