ရှားပါးစာရင်းဝင်အဖြစ် စာရင်းသွင်းခံထားရသည့် တောရိုင်းတိရိစ္ဆာန်များကို ထိုတောရိုင်းတိရိစ္ဆာန်များရှိရာ မြေပြင်ရှိ လူထုကပါ ထိန်းသိမ်းပါဝင်လာနိုင်ရန် အရေးတကြီး လို အပ်လျက်ရှိနေသည်ဟု တောရိုင်းတိရိစ္ဆာန်များကို စောင့်ရှောက်ကာကွယ်နေသူများက ပြောသည်။
“တကယ်တော့ ဒီအခြေအနေမှာ မြေပြင်ထိသွားပြီး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပညာပေးဆောင်ရွက်ဖို့က သိတဲ့အတိုင်း အခက်အခဲတွေရှိနေပါတယ်၊ အဲတော့ အွန်လိုင်းကနေပဲ ထိန်းသိမ်းရေး အကြောင်းတွေ ဆောင်ရွက်နေရတာတွေရှိတယ်” ဟု ထိုသူက ဆိုသည်။
ထို့ကြောင့် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များသည် မျှော်မှန်းသလောက် အတိုင်းအတာကို ရောက်ရှိနိုင်ရန် အခက်အခဲများလည်း ရှိနေဆဲ ဖြစ်သည်ဟု သူက ဆက်ပြောသည်။
မကြာသေးခင် ရက်ပိုင်းအတွင်းက မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်၌ မြန်မာနိုင်ငံ၏ အရှားပါးဆုံးမျိုးစိတ်တခုဖြစ်ကာ နိုင်ငံတကာက ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် သတ်မှတ်ထားသည့် အင်းကျား တစ်ကောင် အပစ်ခံလိုက်ရသည့် ဖြစ်စဉ်ရှိသည်။
“ဖြစ်စဉ်က ဂျီထောင်တဲ့ သုတ်ကိုင်းမှာ မိရာက မသိတော့ ကျားပေါက်မှတ်လို့ လူကိုက်တတ်တယ်ဆိုပြီး တူးမီးနဲ့တွယ်ထည့်လိုက်တာတဲ့၊ မြန်မာနိုင်ငံရဲ့ အရှားပါးဆုံးမျိုးစိတ်မို့
နှမြောလိုက်သည့်ဖြစ်ခြင်း။ အတတ်နိုင်ဆုံး နောက်ကို ဒီလိုကောင်တွေ တွေ့ရင်မလုပ်ကြဖို့လှမ်းတော့ တားထားမိပါတယ်” ဟု ထိုဖြစ်စဉ်ကို သိရှိသူတစ်ဦးက လူမှုကွန်ရက်မှ တဆင့် အသိပေးထားသည်။
ထိုသို့သော ဖြစ်စဉ်များကြောင့် ရှားပါးစာရင်းဝင် တောရိုင်းတိရိစ္ဆာန်များကို ထိန်းသိမ်းရေးကို မြေပြင်တွင်ပါ အသိပညာပေးဆောင်ရွက်နိုင်ရန် လိုအပ်နေခြင်း ဖြစ်သည်ဟုလည်း တိရစ္ဆာန်ဆရာဝန်တစ်ဦးကလည်း မှတ်ချက်ပေးသည်။
“အဆင့်ဆင့်ပညာပေးဖို့လိုတယ်၊ ပညာပေးနိုင်ဖို့ ကျွမ်းကျင်သူတွေရှိဖို့လိုတယ်၊ ကျွမ်းကျင်သူတွေရှိဖို့ စီမံဖို့လိုတယ်၊ ပြောရရင်တော့ အများကြီးပါ” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံအတွင်း၌ မြေပြင်ထိ အသိပညာပေး လှုပ်ရှားခဲ့ကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများရှိသောကြောင့် ထိုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည်လည်း အရေးပါသည်ဟု သူကဆိုသည်။
“မုဆိုးတွေဆိုရင်လည်း ဒီမုဆိုးတွေကို ဘယ်လို စည်းရုံးမလဲ၊ မုဆိုးတွေပါ ထိန်းသိမ်းရေးထဲ ပါလာအောင် ဘယ်လိုလုပ်မလဲ ၊ ဒါတွေပါ ထည့်တွေးနိုင်ဖို့ လိုတယ်” ဟု ၎င်းက ဆက်ပြောပြသည်။
ထိုနည်းတူ မျိုးတုန်းမည့် အန္တာရာယ်များအကြား ထိန်းသိမ်းရန်လိုအပ်လာသည့် ပန်ဒါနီများလည်း ရှိနေပြီး တောအတွ င်း၌ ရှိနေသည့် ပန်ဒါနီများကို မျိုးတုန်းမှုဘေးမှ ကာကွယိနိုင်ရန် ထိန်းသိမ်းကာကွယ်ရန်အတွက် ဒေသခံများ ပါဝင်ရန်အရေးကြီးကြောင်း၊ ဒေသခံများနှင့် လိုက်လျောညီထွေဖြစ်မည့် ဥပဒေပြုခြင်းနှင့် အသိပညာပေးခြင်းများကိုလ ည်း ပြုလုပ်သင့်ကြောင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများက ထောက်ပြပြောဆိုထားကြသည်။
ဓာတ်ပုံ – Lin Yone Man Fb
