Wednesday, December 17, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူထောင်ပေါင်းများစွာ...

ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူထောင်ပေါင်းများစွာ ထိခိုက်စေခဲ့

(Unicode)

ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူထောင်ပေါင်းများစွာ ထိခိုက်စေခဲ့

မကြာသေးမီက ကျောက်မဲမြို့နယ်က ကျေးရွာပေါင်းငါးရွာကျော်က ရွာသားအယောက် ၂၅၀၀ ခန့်ဟာ သူတို့ရွာတွေနားမှာဖြစ်တဲ့တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့ပေါ်ကို ခေတ္တခိုလှုံရန် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး သူတို့ပိုင်ဆိုင်သမျှတွေကို ချန်ထားခဲ့ကြရတာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်နေတာကို ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာနိုင်ငံကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ကျောက်မဲမြို့နယ်ကြက်ခြေအသင်းခွဲတို့က နေရပ်စွန့်ခွာခဲ့ရသူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့က ဒီကနေ့မှာ ပြောဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင်တွေရဲ့ ပဋိပက္ခတွေကြောင့် လူအများအပြားဟာ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရတာရှိပါတယ်။

လူအယောက် ၁၁၀၀ ခန့်ကို နိုဝင်ဘာလအတွင်းမှာ အခြေခံလိုအပ်ချက်တွေကို ကြက်ခြေနီအသင်းက ဆောင်ရွက်ပေးခဲ့တာရှိပါတယ်။

ကျောက်မဲမြို့နယ် မြန်မာနိုင်ငံကြက်ခြေနီအသင်းခွဲမှ ဌာနခွဲမှူး ဦးဖြိုးပြည့်ကျော်က “လိုအပ်ချက်တစ်ချို့ကို ကူညီပေးနိုင်ခဲ့ပေမယ့် ရေရှည်အတွက်တော့ ဒီကမိသားစုတွေအတွက် စိုးရိမ်မိပါတယ်” လို့ပြောဆိုပါတယ်။

“ဒီမိသားစုအများစုဟာ အိမ်မပြန်နိုင်ကြသေးတာ အချိန်အကြာကြီးရှိနေပြီဖြစ်သလို စားနပ်ရိက္ခာပြတ်လပ်သွားနိုင်ခြေလည်းရှိနေပါတယ်။ ဒါ့အပြင် ကိုဗစ်-‌၁၉ရောဂါကလည်း ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုအဖြစ် ဆက်လက်ရှိနေတုန်းပါပဲ” လို့သူကထပ်ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူထောင်ပေါင်းများစွာ ထိခိုက်စေခဲ့တဲ့အပြင်
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက မြို့နယ်အတော်များများမှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားများနေရပ်စွန့်ခွာထွက်ပြေးရမှုတွေ ဆက်လက်ဖြစ်ပေါ်လျက်ရှိနေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားတာရှိပါတယ်။

ထုတ်ပြန်ချက်တွေထဲ တိုက်ပွဲတွေနေ့စဉ်လို ဖြစ်ပွားနေတာမှာ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

“ အဆိုပါတိုက်ပွဲတွေကြောင့် ကယားပြည်နယ် ဖရူဆိုမြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းမှာ ထွက်ပြေးတိမ်းရှောင်ရသူတွေရှိပါတယ်။ ဒါပေမယ့်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ လူဦးရေကိုတော့ အတည်ပြုလို့မရနိုင်သေးပါဘူး။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ကိန်းဂဏန်းများအရ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရပ်စွန့်ခွာလာသူ ၁၇၃,၅၀၀ ခန့် ရှိနေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကထက် ၇၀၀ ကျော်များပြားလာတာပါ”လို့ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ OCHA က ပြောဆိုပါတယ်။

ဓါတ်ပုံ- အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့

(Zawgyi)











Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071