ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇) ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၆.၁၆၃) သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှု ပ်နှံမှု လုပ်ငန်း (၁၈) ခု ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ (၇.၅၉၂) သန်း အပါအဝင် ကျပ်သန်း (၄၆၂၁၆.၃ ၀၁) ကို ခွင့်ပြုပေးထားကြောင်း ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးမှသိရသည်။
အဆိုပါ လုပ်ငန်းများမှ ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်ခွင့်အလမ်းအနေဖြင့် ပြည်တွင်း (၁၅၁၃)ဦးနှင့် ပြည်ပ (၆၈) ကို ဖန်တီးပေးနိုင်ခဲ့ပြီး ဖြစ်သည်။
ထို့ပြင် အစည်းအဝေး၌ Myanmar Pureplant Extracts Company Limited ၏ တိရစ္ဆာန်အစာအတွက်သုံးသော ဂန္ဓမာပန်းမျိုးစိတ်များ (Marigold) ၏ အမှုန့်များအား ထု တ်လုပ်ခြင်းနှင့် တင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုမိန့် လျှောက်ထား တင်ပြလာခြင်းအပေါ် ဆွေးနွေးတင်ပြခဲ့ပြီး အဆိုပါလုပ်ငန်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ (၂.၀၂၇) သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ပြည်တွင်း (၁၈၅) ဦးနှင့် ပြည်ပ (၁၀) ဦးကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။