Saturday, July 5, 2025

ဘိုကလေးမြို့နယ်တွင်နှစ်ရက်ဆက်တိုက် မိချောင်းဆွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာတွင် ဇူလိုင် ၂ ရက် နှင့် ၃ ရက် နှစ်ရက်ဆက်တိုက်မိကျောင်းဆွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ရက်...

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများပြန်ကျ

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုတစ်ပါတ်တွင် တစ်လီတာကို ကျပ် ၉၀ မှ ၁၃၅ ကျပ်အတွင်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များတွင် ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသည့်အတွက်...

ဇွန်လအတွင်း ပြည်သူတိုင်ကြားသည့် တရားမဝင်ကုန်သွယ်မှု (၆၇)ကြိမ်ရှိပြီး...

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ဇွန်လအတွင်း တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်ပြီး ပြည်သူများသတင်းပေးတိုင်ကြားမှု (၆၇)ကြိမ်ရှိပြီး  သတင်းရရှိမှုကြောင့် အမှုတွဲ(၁၀၀)ကို ဖမ်းဆီးရမိ အမှုဖွင့်လှစ်နိုင်ခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေး‌ဦးဆောင် ကော်မတီက သိရသည်။ အဆိုပါဖမ်းဆီးရမိမှုမှာ...

ဒုတိယဝန်ကြီးချုပ်ဖြစ်သည့် ဖမ်သမ်ဝီချာရာချိုင်း ယာယီ၀န်ကြီးချုပ်တာဝန် စတင်ထမ်း​ဆောင်

ထိုင်းအစိုးရအဖွဲ့ အ​ပြောင်းအလဲများသည် ယခုရက်ပိုင်းအတွင်း လျှင်မြန်စွာ ​ပြောင်းလဲ​နေရာ တာဝန်မှ ​​ခေတ္တဆိုင်းငံ့ထား​သော ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်၏ ​နေရာကိုအသက် ၇၁ နှစ်အရွယ်ရှိ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး...
HomeNewsLocal Newsရွှေရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီဖွဲ့စည်း

ရွှေရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီဖွဲ့စည်း

နစက မှ နိုင်ငံအတွင်း ရွှေစျေးနှုန်းတည်ငြိမ်မှန်ကန်စေရန် ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီအားဖွဲ့စည်းခဲ့ကြောင်း အောက်တိုဘာ ၂၄ ရက်ကထုတ်ပြန်ခဲ့သည်။

အဆိုပါ ကော်မတီအား နေ့စဥ် ရွှေရည်ညွှန်းစျေးကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဥ်းစည်းကမ်းများနှင့်အညီ သတ်မှတ်ထုတ်ပြန်နိုင်ရန်အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအား ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကော်မတီ၏ ဒု-ဥက္ကဋ္ဌအဖြစ် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌမှတာဝန်ယူဆောင်ရွက်မည်ဖြစ်ကာ အတွင်းရေးမှူးတစ်ဦး၊ တွဲဘက်အတွင်းရေးမှူး(၂)ဦးနှင့်အဖွဲ့ဝင်(၁၀)ဦးပါဝင်ကာ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ဖြစ်သင့်ဖြစ်ထိုက်သော ရွှေရည်ညွှန်းစျေးကို နေ့စဥ် အွန်လိုင်းအစည်းအဝေးပြုလုပ်၍ အတည်ပြုသတ်မှတ်ထုတ်ပြန်ပေးရမည်ဖြစ်သည်။

ထို့ပြင် သတ်မှတ်ထုတ်ပြန်ခဲ့သည့် ရွှေရည်ညွှန်းစျေးအား ပြည်သူများသိရှိနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့်ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပြီး ကမ္ဘာ့ရွှေစျေးနှုန်းထူးခြားစွာပြောင်းလဲခဲ့ပါက ရွှေရည်ညွှန်းစျေးအား အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းထုတ်ပြန်ပေးရမည်ဖြစ်သည်။

ထို့အတူ ရွှေစျေးနှုန်းမတည်ငြိမ်စေရန် ရည်ရွယ်လုပ်ဆောင်မှုများကို ကာကွယ်တားဆီးခြင်း၊ ရွှေနှင့်ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်တိုင်း/မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း၊ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ကျွမ်းကျင်ပညာရှင်များဖြင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘိုကလေးမြို့နယ်တွင်နှစ်ရက်ဆက်တိုက် မိချောင်းဆွဲမှုဖြစ်ပွား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု လှေလုံးကွဲကျေးရွာတွင် ဇူလိုင် ၂ ရက် နှင့် ၃ ရက် နှစ်ရက်ဆက်တိုက်မိကျောင်းဆွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ရက် ညနေပိုင်းက လှေလုံးကွဲကျေးရွာတွင်နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် ဦးသန့်ဇော်ဦးသည်လယ်ယာလုပ်ငန်းခွင်ကအပြန် နေအိမ်အရှေ့ချောင်းစပ်တွင် အလျား ၁၅ပေခန့် ဗျပ်သုံးပေခန့်မိကျောင်းတစ်ကောင်က ရေထဲသို့ဆွဲချသွားခြင်းဖြစ်ကြောင်း ဒေသခံများက ​ပြောသည်။ ထိုနောက် ဇူလိုင် ၃ရက်နေ့တွင်လည်း ညနေ ၃နာရီကျော်တွင် အသက် ၁၆ နှစ်အရွယ် မောင်ဇော်ဇော်အောင်ကို ရွာကင်းတဲတံတားအနီး ရေချိုးဆင်းချိန် မိကျောင်းက ထပ်မံ ဆွဲချသွားကြောင်း...

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများပြန်ကျ

သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့သည့် ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများယခုတစ်ပတ်တွင် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုတစ်ပါတ်တွင် တစ်လီတာကို ကျပ် ၉၀ မှ ၁၃၅ ကျပ်အတွင်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များတွင် ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသည့်အတွက် စက်သုံးဆီဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။ စင်ကာပူ MOPS ဈေးနှုန်း၊ ပြည်တွင်း ဒေါ်လာငွေလဲနှုန်းတို့အပေါ်မူတည်ပြီး စက်သုံးဆီ ရည်ညွှန်းလက်လီဈေးများကို အပတ်စဉ် ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းလောင်စာဆီဈေးနှုန်း တည်ငြိမ်စေရန် ပြီးခဲ့သည့်လအတွင်း အမေရိကန်ဒေါ်လာ ၁၂၅ သန်းအထိ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးထားကြောင်း သိရသည်။

ဇွန်လအတွင်း ပြည်သူတိုင်ကြားသည့် တရားမဝင်ကုန်သွယ်မှု (၆၇)ကြိမ်ရှိပြီး အမှုတွဲ(၁၀၀)ဖွင့်လှစ်ထား

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ဇွန်လအတွင်း တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်ပြီး ပြည်သူများသတင်းပေးတိုင်ကြားမှု (၆၇)ကြိမ်ရှိပြီး  သတင်းရရှိမှုကြောင့် အမှုတွဲ(၁၀၀)ကို ဖမ်းဆီးရမိ အမှုဖွင့်လှစ်နိုင်ခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေး‌ဦးဆောင် ကော်မတီက သိရသည်။ အဆိုပါဖမ်းဆီးရမိမှုမှာ ခန့်မှန်းတန်ဖိုးကျပ်(၄၆၉၆ ဒဿမ ၉၃၈)သန်း ဖြစ်ပြီး ယင်းတန်ဖိုး၏ (၂၀)ရာခိုင်နှုန်း ကျပ်(၉၃၉ ဒဿမ ၃၈၅)သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ သစ်မျိုးစုံ လုပ်ငန်းသုံးပစ္စည်းများ လူသုံးကုန်ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများများ ပါဝင်ပြီး ကုန်ပစ္စည်းများသယ်ဆောင်လာသည့် မော်တော်ယာဉ်များအပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များ နှင့် ဆိုင်ကယ်များပါဝင်သည်။ တာဝန်သိပြည်သူများအနေဖြင့်လည်း တရားမဝင်ကုန်သွယ်မှုသတင်းများနှင့်ပတ်သက်၍ ဖုန်း ၀၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071