စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုပြည်သူ့ဆေးရုံတွင် (၁)ရက်နေ့မှ (၄)ရက်အထိ (၁)နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်းသိရသည်။




ရွှေဘိုခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများသည် ရွှေဘိုခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ချမ်းမြေ့လေးထပ်ဆောင် ( ရွှေဘိုပြည်သူ့ဆေးရုံဝင်းအ တွင်း) တွင် လစဉ် တစ်နှစ်အောက် ကလေးများအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုးပေးခြင်း (EPI)၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ vitamin A ဆေးလုံးတိုက်ကျွေးခြင်း၊ အဏုအာ ဟာရမှုန့်ဖြန့်ဝေထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး (Td)ထိုးပေးခြင်းများဆောင်ရွက်ပေးလျက်ရှိသည်။
လစဉ် ရွှေဘိုမြို့နယ် အပါအဝင် ဝက်လက်၊ ခင်ဦးနှင့် အ ခြားမြို့နယ်များမှ လာရောက်ထိုးနှံကြလျက်ရှိပြီး လာရောက်ထိုးနှံသည့် ကလေးမိဘများ၊ ကိုယ်ဝန်ဆောင်မိခင်များအား(သွေးလွန်တုပ်ကွေး/ဝမ်းလျှောဝမ်းပျက်/ကိုဗစ်-၁၉၊ရာသီတုပ်ကွေးအပါအဝင် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ/အခြားကူးစက်ရောဂါ/မကူးစက်သောရောဂါမျာစသည်)ကျန်းမာရေး အသိပညာပေးခြင်းများကိုလည်း ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရ
သည်။
ရွှေဘိုမြို့နယ် သူနာပြုသင်တန်းကျောင်းမှ ပြည်သူ့ကျန်းမာ ရေးသူနာပြုစုမှုပညာ ဘာသာရပ်အတွက် လက်တွေ့ကွင်းဆင်းလေ့လာသော (ဒုတိယနှစ်) သင်တန်းသား/သင်တန်းသူ များကလည်း EPI ကာကွယ်ဆေးထိုးလုပ်ငန်းများကို လက် တွေ့လေ့လာ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
