လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၁၂)လရာသီပွဲတော်များအနက် နယူန်လပြည့်၊ မဟာသမယအခါတော်နေ့ကို ဇွန်လ (၁၀)ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။
နယုန်လပြည့် မဟာသမယ အခါတော်နေ့ အခမ်းအနားကို ယင်းနေ့၌ ကျင်းပမည်ဖြစ်ပြီး ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့ကကြီးမှူးကာ နံနက်(၅) နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းကပ်လှူပူဇော်ခြင်း၊ နံနက်(၆) နာရီတွင် ရွှေတိဂုံစေတီတော် ဩဝါဒစရိယ ဆရာတော်ကြီးများနှင့် စောင့်ရှောက်ရေးသံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူပူဇော်ခြင်း၊ လှူဖွယ်ပစ္စည်းတို့ကို လှူဒါန်းခြင်းများ ပြု လုပ်မည်ဖြစ်သည်။
ထို့ပြင် နံနက် (၆) နာရီခွဲ၌ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ မဟာသမယအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာများနာကြားခြင်းနှင့် ရေစက်ချအခမ်းအနားကို ကျင်းပမည်လည်း ဖြစ်သည်။
ထို့နောက် နံနက် (၇) နာရီအချိန်တွင် မဟာသမယအခါတော်နေ့ ဖြစ်ပေါ်လာပုံကို ဖော်ကျူးသည့် အနေဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ကပိလဝတ်နှင့် ကောလိယ အုပ်စုနှစ်စုခွဲ၍ စေတီတော်ကြီးအား လက်ျာရစ်တစ်ပတ်လှည့်လည်ပူဇော်ကာ ရွှေတိဂုံစေတီတော် ရင်ပြင်တော်မြောက်ဘက်မုခ်ရှိ ချမ်းသာကြီးတန်ဆောင်းတွင် မဟာသမယသုတ် ရွတ်ဖတ်ပူဇော်မည် ဖြစ်သည်။
ထို့နောက် ငြိမ်းချမ်းရေး အထိမ်းအမှတ်အနေဖြင့် ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းများကို တပြိုင်တည်း တီးခတ်မည်ဖြစ်ကာ ရဟန်းရှင်လူပြည်သူများ ကုသိုလ်ယူပါဝင်နိုင်ကြောင်း တို-က်တွန်းနှိုးဆော်ထားသည်။