ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ မသိုးရွှေသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားဖဲကြိုးဖြတ်ဖွင့်လှစ်ရာတွင် မိုးပျံပူဖောင်းများထဲ၌ ဂုဏ်ပြုဆုငွေထုတ်ယူနိုင်သော ရွှေတိဂုံ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တံဆိပ်ပါ အလံတစ်ခုအားထည့် သွင်းလွှင့်တင်ခဲ့သည်။
အဆိုပါ အလံအား ပဲခူးတိုင်း၊ ဇောင်းတူကျေးရွာရှိ တောတွင်းတစ်နေရာမှတွေ့ရှိကြောင်း ဖေဖော်ဝါရီ ၃ ရက်ကဆက်သွယ်ခဲ့သဖြင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အလံတွေ့ရှိသူမိသားစုအား ဖေဖော်ဝါရီ ၈ ရက်၌ တွေ့ဆုံကာ ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းအားပေးအပ်ချီးမြှင့်ခဲ့သည်။
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ နှစ်စဉ် တန်ဆောင်မုန်း လပြည့်နေ့မတိုင်မှီ အဖိတ်နေ့မှစတင်၍ မသိုးရွှေသင်္ကန်းယက်လုပ်ပြီး လပြည့်နေ့ အာရုဏ်မတက်မှီတွင် အဆူဆူသောဘုရားရှင်တို့အား မသိုးရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကိုနှစ်စဉ်ကျင်းပခဲ့ရာ၂၀၂၅ ခုနှစ်၊ တန်ဆောင်းမုန်းလပြည့်နေ့တွင် (၃၇)ကြိမ်မြောက်ရှိပြီဖြစ်သည်။
