Sunday, May 18, 2025

တနင်္လာနေ့၌ ထရမ့်ပ်က ပူတင်/ဇယ်လန်းစကီးတို့နှင့် စကားပြောမည်

ဝါရှင်တန်၊မေ ၁၇ရုရှား-ယူကရိန်းအရေးအတွက် နှစ်ဖက်အပ-စ်အခ-တ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် လာမည့် တနင်္လာနေ့တွင် ရုရှားနှင့်ယူကရိန်းသမ္မတများကို သီးသီးခြားတွ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကပြောကြားခဲ့သည်။ “တနင်္လာနေ့မနက် ၁၀ နာရီမှာ သမ္မတပူတင်ကိုဖုန်းနဲ့ဆွေးနွေးသွားမှာပါ၊ ဆွေးနွေးမှာကတော့...

ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွက် မြန်မာပါဝင်ရန်...

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂၀၂၅...

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့်...

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင်...

ပထမအကြိမ်ရုရှား-အာရပ်ထိပ်သီးအစည်းအဝေး ပူတင်လက်ခံကျင်းပမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အောက်တိုဘာလ ၁၅ ရက် နေ့တွင် ပထမဆုံးအကြိမ် ရုရှား-အာရပ် ထိပ်သီးအစည်းအဝေးပွဲကို ကျင်းပရန်အတွက် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှ...
HomeNewsLocal Newsရွှေတိဂုံစေတီတော်မြတ်ကြီး၌ ၁၅ ကြိမ်မြောက်...

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ၁၅ ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပမည်

ရွှေတီဂုံစေတီတော်မြတ်ကြီး၌ ၁၅ ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား ဖေဖော်ဝါရီ ၃ ရက်(တပိုတွဲလဆန်း ၁၄ ရက်)ညနေ ၄ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ ရွှေတိဂုံစေတီတော် အရှေ့ဘက်အောက်ပစ္စယံ ထန်းပင်ကုန်းကွင်း၌ ကျင်းပသွားမည်ဖြစ်ကာ ရွှေတိဂုံစေတီတော်ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊အခွန်ထမ်းများ၊မိတ်ဖက်အသင်းများနှင့်ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဌာနများမှ အသင်းပေါင်း(၂၄)သင်းတို့ ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထမနဲထိုးပြိုင်ပွဲပြီးနောက် ရရှိလာသည့် ထမနဲဖြင့်ဖြင့် ဖေဖော်ဝါရီ ၄ ရက်နံနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တော်ပေါ်ရှိ ဧည့်ခံတန်ဆောင်းနှင့်ရွှေစေတီတန်ဆောင်း၌ ထမနဲဆွမ်းတော်ကြီးကပ်လှူခြင်းနှင့်သြဝါဒပါတိမောက်အခါတော်နေ့အခမ်းအနားများကို ကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် နံနက် ၆ နာရီ၌ ဘုရားအမှူးပြုသည့် သံဃာတော်(၆၂)ပါးအား ထမနဲဆွမ်းတော်ကြီးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ နံနက် ၇ နာရီတွင် ချမ်းသာကြီးတန်ဆောင်း၌ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းတို့ကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထမနဲတစ်ဒယ်လျှင် ၅၅၀၀၀ ကျပ်နှုန်းသတ်မှတ်ထားကာ ပါဝင်လှူဒါန်းနိုင်ကြောင်းနှင့်ဆွမ်းဆန် စိမ်းလောင်းလှူနိုင်ကြောင်းလည်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တနင်္လာနေ့၌ ထရမ့်ပ်က ပူတင်/ဇယ်လန်းစကီးတို့နှင့် စကားပြောမည်

ဝါရှင်တန်၊မေ ၁၇ရုရှား-ယူကရိန်းအရေးအတွက် နှစ်ဖက်အပ-စ်အခ-တ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် လာမည့် တနင်္လာနေ့တွင် ရုရှားနှင့်ယူကရိန်းသမ္မတများကို သီးသီးခြားတွ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကပြောကြားခဲ့သည်။ “တနင်္လာနေ့မနက် ၁၀ နာရီမှာ သမ္မတပူတင်ကိုဖုန်းနဲ့ဆွေးနွေးသွားမှာပါ၊ ဆွေးနွေးမှာကတော့ တစ်ပတ်ကို ပျမ်းမျှ ယူကရိန်းနှင့်ရုရှားစစ်သား ၅,၀၀၀ ကျော်‌ေ-သဆုံးနေရတဲ့ သွေးချောင်းစီးစစ်ကြီးကိုရပ်တန့်ဖို့ပါပဲ။ ကုန်သွယ်ရေး ကိစ္စတွေလည်း ဆွေးနွေးမှာပါ” ဟု ထရမ့်ပ်ကပြောကြားခဲ့သည်။ ယင်းနောက်၎င်းအနေဖြင့် ယူကရိန်းသမ္မတဇယ်လန်းစကီးအပါအဝင် နေတိုးအဖွဲ့ဝင်များနှင့်ပါ အသီးသီးတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကာ အဆိုပါနေ့သည် အကျိုးရှိသောနေ့တစ်နေ့ဖြစ်လာကာ အပစ်အခတ်ရပ်စဲရေးသည် ဖြစ်လာလိမ့်မည်ဟု ယုံကြည်‌ကြောင်း ပြောကြားခဲ့သည်။ သောကြာနေ့က တုကီယေးနိုင်ငံ အစ္စတန်ဘူလ်၌ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲအပြီး၌ နှစ်ဖက်ကိုယ်စားလှယ်များသည် စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများကို အသစ်တကြိမ်...

ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွက် မြန်မာပါဝင်ရန် ဖိတ်ခေါ်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း "Bridging Tastes" ခေါင်းစဉ်ဖြင့် ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်ကို ကျင်းပမည်ဖြစ်ပြီး မြန်မာမှ ပါဝင်ပြသရန် ဖိတ်ခေါ်ထားသည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံများအား ဒူးရင်းသီးနှင့် ဒူးရင်းသီးအခြေခံထုတ်ကုန်များ (သို့မဟုတ်) အခြားစားသောက်ကုန်များကို ပြသရန် ဖိတ်ခေါ်ထားခြင်းသည်။ ACC မှ သက်ဆိုင်ရာ သံရုံးများအတွက် ပြသစင် (Booth) တစ်ခု အခမဲ့...

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့် FBI ညွှန်ချုပ်ဟောင်းအား ထောက်လှမ်းရေးက ခေါ်စစ်

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင် တွေ့ဆုံခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ခရစ္စတီ နိုအမ်က ပြောကြားခဲ့သည်။ X (ယခင်က Twitter)၌ ပို့စ်တင်ရာတွင် နိုအမ်က "ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ" ဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း ကိုမီးအား နောက်ထပ်အရေးယူမှုများ ခံရနိုင်ခြေရှိမရှိနှင့် ပတ်သက်၍မူ မည်သည့်အချက်အလက်မျှ မဖော်ပြခဲ့ပေ။ အမည်ဖော်ပြလိုခြင်းမရှိသော တရားဥပဒေစိုးမိုးရေးအရာရှိတစ်ဦး၏ အဆိုအရ သမ္မတလုံခြုံရေးတာဝန်ယူထားသည့် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ Secret Service မှ ကိုမီးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071