ရွှေညဝါဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကျောင်းဝန်းထဲတွင်သာ မီးပူဇော်သဂြိုလ်မည် ဖြစ်သည်ဟု သိရသည်။
ယခင်က ဆရာတော်၏ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိစျာပနမီးပူဇော်ခြင်းအစီအစဉ်ကို မှော်ဘီမြို့မသုဿာန်၌ ကျင်းပရန် စီစဉ်ထားခြင်းလည်း ဖြစ်သည်။
မီးသင်္ဂြိုဟ်ပြီးနောက် အရိုးပြာအိုးကို ရေမျှောမည်ဟုသိရပြီး လက်ရှိတွင် ဆရာတော်၏ ရုပ်ကလာပ်အား ၎င်း သီတင်းသုံးခဲ့ရာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ကျောင်းတိုက်တွင် ခုနစ်ရက်ထားရှိထားကြောင်း သိရသည်။
ရွှေညဝါဆရာတော်သည် ဇူလိုင်လ ၁၀ ရက် နံနက် ၂ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ အသည်းရောဂါဖြင့် ကုသမှုခံယူနေစဉ် ပျံလွန်တော်မူသွားခြင်းဖြစ်သည်။ ပျံလွန်တော်မူချိန်တွင် သက်တော်( ၆၁ ) ရှိပြီဖြစ်ပြီး ဝါတော် ( ၄၀ ) ရှိပြီဖြစ်သည်။
ဓာတ်ပုံ – ရွှေညဝါကျောင်းတိုက်
