မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၁ ရက်ည ၇ နာရီခွဲခန့်က “ပြည့်လျှံအောင်”ရွှေဆိုင်ပိုင်ရှင်မိသားစုစီးလာသည့်ကားကိုတား၍ ရွှေနှင့်ငွေကျပ်သိန်း(၃၀)ကျော်အား ဓာ-းမြတိုက်လုယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
အစိမ်းရောင်ပြောက်ကျားဝတ်စုံဝတ်ဆင်ထားသည့် အမည်မသိအမျိုးသား(၅)ဦးမှ “ပြည့်လျှံအောင်”ရွှေဆိုင်ပိုင်ရှင်နှင့်မိသားစုဝင်များစီးနင်းလာသည့် အိမ်စီးကားကိုတား၍ကားပေါ်တက်လာပြီး ၎င်းတို့ထဲမှ အမျိုးသားတစ်ဦးကမောင်းကာ ရွှေဆိုင်ပိုင်ရှင်နှင့်မိသားစုဝင်များအား ေ-သနတ်ဖြင့်ချိန်၍ မျက်လုံးများအားအဝတ်ဖြင့်စည်းပြီး ကားပေါ်တွင်ပါလာသည့် ရွှေထည်(၁၈) ကျပ်သားခန့်နှင့် ငွေကျပ်သိန်း(၃၀)ကျော်အား ဓ-ားမြတိုက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
” ဓ-ားမြတိုက်ခံရတဲ့အကြောင်းရင်းကိုသိရတာက ပုသိမ်ကြီးမြို့မရဲစခန်းရဲ့လှည့်ကင်းအဖွဲ့က လှည့်ကင်းလှည့်နေတုန်း ပုသိမ်ကြီးမြို့နယ်ထဲမှာရှိတဲ့ ဧက(၁၀၀)ကွင်းရဲ့မန်းကျည်းပင်အောက်မှာ မျက်လုံးတွေကိုအဝတ်နဲ့စည်းခံထားရတဲ့လူ(၃) ယောက်ကိုတွေ့လို့မေးတော့မှအကြောင်းစုံကိုသိခဲ့ရတာ။ သူတို့မျက်လုံးတွေကိုအဝတ်နဲ့စည်းထားတဲ့အတွက် ဒီနေရာကိုဘယ်လိုရောက်လာမှန်းမသိရဘူးတဲ့ နောက်ပြီး ရွှေဆိုင်ပိုင်ရှင်အမျိုးသားကိုလည်း ေ-သနတ်ဒင်နဲ့ထုတယ်လို့သိခဲ့ရတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ထို့ကြောင့် ပုသိမ်ကြီးမြို့မရဲစခန်းမှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် ဖြစ်စဥ်အား အမှုဖွင့်လှစ်၍စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့လည် ၁ နာရီ ၅၀ မိနစ်ခန့်ကလည်း မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်၊ အကွက်(၆၈၉)ရှိ ကမ္ဘောဇဘဏ်(၃၇)တွင် အမည်မသိအမျိုးသားတစ်ဦးမှ ဘဏ်အတွင်းဝင်ရောက်ကာေ-သနတ်ပြချိန်းခြောက်၍ ဘဏ်ငွေလက်ခံဌာနမှ(၅၀၀၀)ကျပ်တန်ငွေစက္ကူ ငွေကျပ်(၁၁၄၅)သိန်းခန့်ကို လု ယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့သည်။