ရွှေစံပြဆေးရုံ နဲ့ဘိုးဘွားရိပ်သာတို့မှာ အစာအာဟာရအနေနဲ့အစားသောက်များလှူဒါန်းခဲ့တဲ့ MRTV- 4သရုပ်ဆောင် နေရည်ဝင်းလဲ့

အခုလက်ရှိပြသနေတဲ့ “သရဖူ ” ရုပ်သံဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချောလေး နေရည်ဝင်းလဲ့ က ရွှေစံပြဆေးရုံ ပြည်သူ့ဆေးရုံကြီးနဲ့ဘိုးဘွားရိပ်သာမှာရှိတဲ့သူတွေအတွက် အာဟာရ ဒါနအနေနဲ့
အစားသောက်များလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
အဆိုပါအလှူနဲ့ပတ်သက်ပြီးသရုပ်ဆောင် နေရည်ဝင်းလဲ့ က”၂၆ ရက်၅လ၂၀၂၂ နေ့မှာ ဆန်ပြုတ်/ရေသန့်/ ကြက်ဥပြုတ်များကိုဘိုးဘွားရိပ်သာ ရွှေစံပြဆေးရုံ နဲ့ပြည်သူ့ဆေးရုံကြီးတို့မှာအာဟာရဒါနအလှူလေးကိုလှူဒါန်းဖြစ်တယ် ” လို့သူမလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။



