Saturday, June 21, 2025

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည်...

ASEAN-Korea Startup Innovation Week...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025"...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက...

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...
HomeNewsLocal Newsရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ဆင်လိမ္မာလေးများ၏...

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ဆင်လိမ္မာလေးများ၏ ကကွက်ဆန်းများနှင့် ဖျော်ဖြေပေးနေရာ လူအများမှ စိတ်ဝင်တစား လာရောက်ကြည့်ရှုလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြိုနယ်၊ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ဆင်လိမ္မာလေးများ၏ ဆန်းသစ် ကကွက်ဆန်းများနှင့် ဖျော်ဖြေပေးရာ လူအများမှ စိတ်ဝင်တစား ကြည့်ရှုကြကြောင်း လာရောက်လည်ပတ်သည့် ခရီးသွားပြည်သူများထံမှ သိရသည်။

ရွှေစက်တော်မန်းချောင်း၊ အပန်းဖြေဆင်စခန်းတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ (၉) ရက်မှစတင်ကာ ယခုနှစ်တွင် ဆင်လိမ္မာလေးများက လူအများ စိတ်ဝင်စားဖွယ်ရာကောင်းသော ကကွက်အသစ် အဆန်းများဖြင့် တီထွင်ဆန်းသစ်ကာ ကပြဖျော်ဖြေလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ၎င်းရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း၌ ဆင်လိမ္မာလေးများ၏ ကကွက်ဆန်းများအပါအဝင် အခြားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဖြစ်သော VIP ဆောင်များ တိုးချဲ့ပြင်ဆင်ခြင်း၊ ဆင်စခန်းပရိဝုဏ်အတွင်း ကွန်ကရစ်လမ်းအရှည် (၁၉၀၀) ပေ၊ ခင်းပေးထားခြင်း၊ အရိပ်ရ၍ အသီးအမှည့်များအား ဆင်စာအဖြစ် ကျွေးမွေးရန် မန်ကျည်းပင် (၄၀၀၀) စိုက်ပျိုးထားခြင်းတို့ကို ယခင်နှစ်များနှင့် မတူအောင် အဆင့်မြှင့်တင်ထားကြောင်း ဆင်စခန်းတာဝန်ခံများထံမှ သိရသည်။

“ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းက ရွှေစက်တော်ဘုရားနဲ့ (၂) မိုင်ပဲ ဝေးတယ်။ ခြေတော်ရာ နှစ်ဆူကို ဖူးပြီး ဆင်စခန်းကို သွားတယ်။ ဆင်လိမ္မာလေးတွေရဲ့ ကကွက် အသစ်လေးတွေနဲ့ ဖျော်ဖြေတာကို ကြည့်တယ်။ အရမ်းသဘောကျပါတယ်။ ဆင်စီးပြီး မန်းချောင်းတစ်လျှောက် တောတောင်ရေမြေနဲ့ သဘာဝလှတရားတွေကိုလည်း ကြည့်ရတာ အပန်းပြေတယ်”ဟု ခရီးသွား ဧည့်သည့် တစ်ဦးက ပြောသည်။

အဆိုပါ ဆင်စခန်းတွင် ဆင် (၁၄) ကောင်ရှိပြီး ဆင်စီးပြီးအပန်းဖြေမည်ဆိုပါက ဆင်စီးခနှုန်းထားများအနေဖြင့်မှာ ပြည်ပခရီးသွား ဧည့်သည် တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀) နှင့် ပြည်တွင်း ခရီးသွား တစ်ဦးလျှင် ငွေကျပ် (၅၀၀၀) ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ထိုအပြင် ဆင်စခန်းတွင် ရိုးရိုးတည်းခိုဆောင် တစ်လုံးလျှင် ကျပ် (၄၀၀၀၀) ၊ အထူးတည်းခိုဆောင် အခန်းတစ်ခန်းလျှင် ကျပ် (၇၀၀၀၀) ဖြင့် ရေမီးအစုံပါဝင်သော တည်းခိုဆောင်များလည်း စီစဉ်ထားရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်များအတွင်းကလည်း ရွှေစက်တော်ဘုရားဖူးကာလဖြစ်သော တပို့တွဲလဆန်း (၅) ရက်မှ နှစ်ဆန်း (၁) ရက်အထိ (၄)လတာ ကာလများတွင်သာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူနှင့် လာရောက်လေ့လာလည်ပတ်သူ အများအပြားရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်း မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၅ ပေခွဲခန့်တွင် ရောက်ရှိနေကြောင်း အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။ အလားတူ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၅ ပေကျော်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း...

ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025" ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲသို့ အာဆီယံနိုင်ငံများမှ အစပျိုးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးမှ အစပျိုးလုပ်ငန်းရှင်များအကြား တီထွင်ဆန်းသစ်မှု အတွေးအခေါ်များ ဝေမျှနိုင်ရန်၊ အလားအလာရှိသော ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်ရန်၊ အစပျိုးလုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်နှင့် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံရှိ အစပျိုးလုပ်ငန်းရှင်များအကြား ကွန်ရက်ခိုင်မာလာစေရန် ရည်ရွယ်၍ ASEAN -Korea...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ညွှန်ကြား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ "စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့မှာ စက်သုံးဆီဟာ အဓိကအခန်းကဏ္ဍက ပါဝင်နေတဲ့အတွက် စက်သုံးဆီသယ်ယူ ရောင်းချမှုအဆင်ပြေချောမွေ့စေရေးနဲ့ စက်သုံးဆီသယ်ယူရောင်းချရာမှာအခက်အခဲ၊လိုအပ်ချက်တွေကို ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးဖို့အတွက် အခုအစည်းအဝေးကို ကျင်းပရတာ ဖြစ်ပါတယ်။ စက်သုံးဆီလုပ်ငန်းရှင်တွေကလည်း မိမိတို့ဆိုင်က ရောင်းချဖို့ စက်သုံးဆီတွေကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071