Home News Local News ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရေတွက်မှုများအရ USDP က အသာစီးရနေ

ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရေတွက်မှုများအရ USDP က အသာစီးရနေ

0
115

ဒီဇင်ဘာ (၂၈) ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရေတွက်မှုရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အသာစီးရနေကြောင်း မဲရေတွက်မှုရလဒ်များအရ သိရသည်။

ထို့ပြင် ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ပြည်သူ့ပါတီမှာလည်း အပြိုင်အဆိုင်မဲရလဒ်များ ရရှိထားကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ပါတီက နေရာတော်တော်များများမှာ အသာစီးရထားပါတယ်” ဟု USDP မှ ကိုယ်စားလှယ်လောင်းတစ်ဦးကပြောသည်။

ရွေးကောက်ပွဲပထမပိုင်းတွင် ကမာရွတ်၊ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်မြို့နယ်နှင့် အလုံမြို့နယ်တို့ပါဝင်ပြီး ယင်းမြို့နယ်များ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အသာစီးရထားခြင်းဖြစ်သည်။

ရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နှင့် ဇန်နဝါရီ (၂၅) ရက်တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here