လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည် မြို့နယ်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ယနေ့ အောက်တိုဘာ(၂၈)ရက် ညပိုင်းတွင် အသိပေးထုတ်ပြန်ကြောင်း သိရသည်။
အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင်ကျင်းပမည်ဖြစ်ပြီး ကချင်၊ကယား၊ကရင်၊ စစ်ကိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ရှမ်း၊နှင့် ဧရာဝတီတိုင်း က မြို့နယ်များတွင် ကျင်းပမည်ဖြစ်ကြောင်း အသိပေးထားသည်။
လာမည်ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့ ၌ မြို့နယ် (၁၀၂)မြို့နယ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ယခုအချိန်တွင် ပထမအကြိမ်မဲစာရင်းများကြေညာထားပြီးဖြစ်သလို ကိုယ်စားလှယ်လောင်းစာရင်းများကိုလည်း အသိပေးထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။
