Saturday, February 14, 2026

ငွေ​ကြေး​စျေးကွက် တည်ငြိမ်​မှုများပျ-က်ပြားစေနိုင်သည့်​ကောလဟာလများ​သတိထား

ဗဟိုဘဏ်သည် ဘဏ်များအားဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိသည်။ လက်ရှိအချိန်၌ ရုံးပိတ်ရက်ရှည်ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ...

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာ

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဦးသန်းစိုးမှ ယ နေ့ ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းက UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့်...

ဘယ်လာရုစ်အစိုးရတက္ကသိုလ်နှင့်မြန်မာအာကာသအေဂျင်စီတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ဖေဖေါ်ဝါရီလ ၁၀ ရက် ဘယ်လာရုစ်အစိုးရတက္ကသိုလ် ပညာရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဒုတိယပါမောက္ခချုပ် ဗစ်တာကိုချင် နှင့် မြန်မာအာကာသအေဂျင်စီ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာ ဦးမျိုးသန့်တို့က သက်ဆိုင်ရာအဖွဲ့အစည်းများကိုယ်စား...
HomeNewsLocal Newsရွေးကောက်ပွဲ၌ ဆန္ဒမဲပေးသူ(၁၃ ဒသမ...

ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိပါတီကိုယ်စားလှယ်လောင်းများနစ်နာမှုရှိသည်ဟု ယူဆပါက သတ်မှတ်ကာလအတွင်းကန့်ကွက်လွှာတင်သွင်းနိုင်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါ ရီ ၂၅ ရက်အထိ အပိုင်း(၃)ပိုင်းဖြင့်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ဥက္ကဋ္ဌဦးသန်းစိုးမှ ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်က UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲအပိုင်း(၃)ပိုင်းလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်(၂၄ ဒသမ ၂၂)သန်းရှိပြီး ဆန္ဒမဲပေး သူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိ၍ မဲပေးမှုခိုင်နှုန်းမှာ (၅၄ ဒသမ ၂၂)ရာခိုင်နှုန်းကျော်ဖြစ်သည်ဟု ပြောသည်။

ရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲအပိုင်းလိုက် ထုတ်ပြန်ကြေညာပေးခဲ့ပြီး အနိုင်ရကိုယ်စားလှယ်စာရင်းများအပြင် FPTP မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်တစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ၊ PR မဲဆန္ဒ နယ်များတွင် ကိုယ်စားလှယ်တွက်ချက်မှုပုံစံတို့နှင့်အတူ ပါတီအလိုက် ကိုယ်စားလှယ်ရရှိမှုအခြေအနေများကိုလည်း တစ်ပြိုင်နက်ထုတ်ပြန်ကြေညာပေးခဲ့သည်ဟု ပြောသည်။

ထို့ပြင် UEC အနေဖြင့် မဲရုံတစ်ရုံချင်းစီအလိုက် စာရင်းများရယူ၍ ရလဒ်တွက်ချက်ခြင်းများကို ကော်မရှင်အဖွဲ့ခွဲများနည်းတူဆောင်ရွက်ခဲ့ပြီး စနစ်တကျထုတ်ပြန်ခဲ့ပြီး တိုင်းနှင့် ပြည်နယ်များရှိ မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲရလဒ်အသေးစိတ်များကို နိုင်ငံရေးပါတီများမှခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများလေ့လာကြည့်ရှုနိုင်ရန် ပွင့်လင်းမြင်သာစွာခင်း ကျင်းပြသထားသည်ဟု ပြောသည်။

ထို့ကြောင့် မိမိပါတီ၊ မိမိကိုယ်စားလှယ်လောင်းများ နစ်နာမှုရှိသည်ဟုယူဆပါက သတ်မှတ်ကာလအတွင်း ကန့်ကွက်လွှာတင်သွင်းနိုင်သည်ဟု UEC ဥက္ကဋ္ဌဦးသန်းစိုးက ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငွေ​ကြေး​စျေးကွက် တည်ငြိမ်​မှုများပျ-က်ပြားစေနိုင်သည့်​ကောလဟာလများ​သတိထား

ဗဟိုဘဏ်သည် ဘဏ်များအားဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိသည်။ လက်ရှိအချိန်၌ ရုံးပိတ်ရက်ရှည်ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်တွင် Internet Banking၊ Mobile Banking၊ Mobile Payment များဖြစ်သည့်ဒီဂျစ်တယ်ငွေပေးချေမှုများ၊ Card လုပ်ငန်းများ အဆင် ပြေစွာအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးရန်ညွှန်ကြားထား​ကြောင်းသိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ ATM တွင်ငွေလုံ‌လောက်စွာ ထည့်သွင်းစေခြင်း၊ System Connection ပြတ်တောက်မှုမရှိစေရေး လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာအစီအမံများဆောင်ရွက်ထားရန် ဘဏ်များအားညွှန်ကြားထားသည်ဟု တာဝန်ရှိသူတစ်ဦးက ​ပြောကြားသည်။ ငွေပေးချေမှုလုပ်ငန်းများအဆင်ပြေစွာလည်ပတ်နိုင်ရေး၊...

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာ

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဦးသန်းစိုးမှ ယ နေ့ ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းက UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီ (၅၇)ပါတီအနက် နိုင်ငံရေးပါတီ(၃၁)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ် စားလှယ်(၁)ဦးတို့ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်ဟု ပြောသည်။ ထို့ကြောင့် တိုင်းရင်းသားပါတီများ၊ ပါတီငယ်များလွှတ်တော်အတွင်းကိုယ်စားပြုခွင့်ပိုမိုရရှိလာကာ ရော နှောထားသောကိုယ်စားလှယ်အချိုးကျစနစ်(MMP) ကျင့်သုံးခြင်းဖြင့် ရွေးကောက်တင်မြှောက်ခံရသည့်ပါ တီအရေအတွက်လည်းမြင့်မားလာသည်ဟု ပြောသည်။ " ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပပြီးသွားပေမယ့် ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေဖြစ်တဲ့ အမြဲတမ်းရှင်သန်နေတဲ့ မဲဆန္ဒရှင်စာရင်းဖြစ်စေဖို့ဆောင်ရွက်တာ၊ ကျင်းပပြီးခဲ့တဲ့ ‌ရွေးကောက်ပွဲအပေါ်မှာ အားသာချက်၊ အားနည်းချက်တွေများကိုလည်းပြန်လည်သုံးသပ်နေပါတယ်"ဟု UEC...

ဘယ်လာရုစ်အစိုးရတက္ကသိုလ်နှင့်မြန်မာအာကာသအေဂျင်စီတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ဖေဖေါ်ဝါရီလ ၁၀ ရက် ဘယ်လာရုစ်အစိုးရတက္ကသိုလ် ပညာရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဒုတိယပါမောက္ခချုပ် ဗစ်တာကိုချင် နှင့် မြန်မာအာကာသအေဂျင်စီ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာ ဦးမျိုးသန့်တို့က သက်ဆိုင်ရာအဖွဲ့အစည်းများကိုယ်စား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဘီလာရုစ်နိုင်ငံ အမျိုးသားသိပ္ပံအကယ်ဒမီမှ ကိုယ်စားလှယ်များ တက်ရောက်လျက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါစာချွန်လွှာတွင် ပညာရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ရေးသွင်းဖော်ပြထားပြီး အထူးသဖြင့် ရေဒါဆော့ဖ်ဝဲလ်၊ မိုက်ခရိုအီလက်ထရွန်နစ်နှင့် ဆက်သွယ်ရေးစနစ်များ နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071