ရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်ကကျင်း ပခြင်းအားလေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက် ပွဲစောင့်ကြည့်လေ့လာသူများအား ဇန်နဝါရီ ၂၅ ရက်ညပိုင်းက ရန်ကုန်မြို့၌ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးသန်းစိုး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းတို့တက်ရောက်ခဲ့ကြသည်။
UEC ဥက္ကဋ္ဌဦးသန်းစိုးမှ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ စောင့်ကြည့်လေ့လာမှုသည် လွတ်လပ်မှုနှင့် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုကို ခိုင် မာစေရုံသာမက ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါ တီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒ ရှင်များနှင့် ရွေးကောက်ပွဲတွင် ပါဝင်သူအားလုံး၏ ယုံ ကြည်မှုကိုပိုမိုခိုင်မာစေမည်ဟု ပြောကြားသည်။
ထို့ပြင် ယနေ့ အခမ်းအနားမှတစ်ဆင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကြား ပူးပေါင်းဆောင်ရွက်မှုနှင့် နားလည်မှုကိုပိုမိုခိုင်မာစေမည်ဟုယုံကြည်ကာ မြန် မာနိုင်ငံ၏ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေမည့် အဆွေတော်တို့၏ လေ့လာတွေ့ရှိချက်များနှင့် အ ကြံပြုချက်များကို စောင့်မျှော်နေမည်ဟု ပြောသည်။
ထို့အတူ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မှုသည် မြန်မာနိုင်ငံ၏ ကောင်းမွန်သည့် အရွေ့တစ်ခုကိုဖော်ဆောင်နိုင်ခြင်းဖြစ်ကာ ရွေးကောက်ပွဲအပိုင်း(၃)ပိုင်း လုံးကို အောင်မြင်စွာကျင်းပနိုင်ခဲ့၍ အထူးဂုဏ်ယူဝမ်း မြောက်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် UEC ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ဂုဏ်ပြုညစာသုံးဆောင်ရာ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦး စီးဌာန၊ ယဉ်ကျေးမှုအကအဖွဲ့၏ မြန်မာ့ရိုးရာယဉ် ကျေးမှုအဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုပန်းခြင်းများနှင့် ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ရွေးကောက်ပွဲအပိုင်း(၃)အား ဘယ်လာရုစ်နိုင်ငံမှ ကိုယ် စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော် မရှင်မှ ကိုယ်စားလှယ်အဖွဲ့၊ နီပေါနိုင်ငံ ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံ ရွေး ကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ ကိုယ်စား လှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်နှင့် International Conference of Asian Political Parties (ICAPP)အဖွဲ့မှကိုယ်စားလှယ်အဖွဲ့တို့ စောင့်ကြည့်လေ့လာခဲ့ကြသည်။
