Monday, December 29, 2025

အင်ဒိုနီးရှားတွင် ဘိုးဘွားရိပ်သာမီးလေ-ာင်၍ လူ ၁၆...

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းပေါ်ရှိ မာနာဒိုမြို့ရှိ ဘိုးဘွားရိပ်သာမီးလေ-ာင်ခဲ့သောကြောင့် လူ ၁၆ ဦး ‌ေ-သဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်...

သုံးနိုင်ငံမဆွေးနွေးမီထိုင်း-ကမ္ဘောဒီးယားအပ-စ်ရပ်‌မှုကို တရုတ်က ကြိုဆို

ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက်သတ္တပတ်ပေါင်းများစွာကြာအောင် ‌ေ-သကျေပျ-က်စီးမှုများရှိခဲ့သည့် နယ်စပ်တို-က်ပွဲများအပြီးတွင် ထိုင်းနိုင်ငံနှင့် အပ-စ်အခတ်ရပ်စဲရေး သဘောတူမှုကိုရရှိခဲ့သည့်အတွက် တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံကို ဂုဏ်ယူဝမ်းမြောက်ကြောင်း တနင်္ဂနွေနေ့ (ဒီဇင်ဘာလ...

အဆင့်မြင့် ကြိုးမဲ့ရထားတွဲယာဥ်တန်းကိုတရုတ်စမ်းသပ်

ဒီဇင်ဘာ ၂၉ တရုတ်နိုင်ငံသည် ကုန်တင်ရထားတွဲအများအပြားကို သံမဏိချိတ်ဆက်မှုများကို အသုံးမပြုဘဲ ကြိုးမဲ့စနစ်ဖြင့် ချိတ်ဆက်မောင်းနှင်နိုင်သည့် ရထားပို့ဆောင်ရေးစနစ်သစ်တစ်ခုကို စမ်းသပ်အောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။ တနင်္လာနေ့က အင်နာမွန်ဂိုလီးယားပြည်နယ်ရှိ ဘော်ရှင် ရထားလမ်းပေါ်တွင်...

နီပေါရက်ပ်ပါဟောင်း ရွေးကောက်ပွဲဝင်ပြိုင်မည်

နီပေါနိုင်ငံတွင် မတ်လအတွင်း ကျင်းပပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲမတိုင်မီတွင် လူထုခေါင်းဆောင်နှစ်ဦးသည် မဟာမိတ်ဖွဲ့လိုက်ကြကာ နီပေါနိုင်ငံရေးကို ဆယ်စုနှစ်သုံးခုကျော်ကြာ လွှမ်းမိုးထားသော ဝါရင့်နိုင်ငံရေးပါတီများကို စိန်ခေါ်သွားလိမ့်မည်ဟု ပါတီအရာရှိများနှင့် လေ့လာသုံးသပ်သူများက...
HomeNewsLocal Newsရွေးကောက်ပွဲသည် ဒီမိုကရေစီတန်ဖိုးများကို ပေါ်လွင်ထင်ဟပ်စေဟု...

ရွေးကောက်ပွဲသည် ဒီမိုကရေစီတန်ဖိုးများကို ပေါ်လွင်ထင်ဟပ်စေဟု UEC ဥက္ကဋ္ဌပြော

ရွေးကောက်ပွဲသည် နိုင်ငံ့ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ခြင်းတစ်ခုတည်းအတွက် မဟုတ်ဘဲ ပြည်သူအားလုံးပါဝင်ဆောင်ရွက်နိုင်မှု၊ လွတ်လပ်မှုနှင့် တရားမျှတမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုစသည့် ဒီမိုကရေစီ၏တန်ဖိုးများကိုပေါ်လွင်ထင်ဟပ်စေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌဦးသန်းစိုးက ပြောသည်။

UEC ဥက္ကဋ္ဌမှ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) အား လာရောက်လေ့လာခဲ့သည့် နိုင်ငံတကာရွေး ကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ဒီဇင်ဘာ ၂၈ ရက်ညနေပိုင်းက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ ကျင်းပသည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် အရေးကြီးသည့်မှတ်တိုင်တစ်ခုဖြစ်ကာ မဲဆန္ဒရှင်များက မိမိမဲပေးပိုင်ခွင့်ကိုအသုံးပြုပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ကြကာ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့များမှလည်း ရွေးကောက်ပွဲကျင်းပသည့်လုပ်ငန်းစဉ်တစ်လျှောက် ဘက်မလိုက်ဘဲ စောင့်ကြည့်လေ့လာခဲ့ကြသည်ကို အထူးကျေးဇူးတင်သည်ဟု ပြောသည်။ 

“အဆွေတော်တို့ရဲ့ စောင့်ကြည့်လေ့လာမှုတွေဟာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုတွေကိုခိုင်မာစေရုံသာမက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ မဲဆန္ဒရှင်တွေနဲ့ ရွေးကောက်ပွဲမှာပါဝင်သူအားလုံးအတွက် ယုံကြည်မှုကို ခိုင်မာစွာတည်ဆောက်ပေးနိုင်မယ်လို့ယုံကြည်ပါတယ်” ဟု UEC ဥက္ကဋ္ဌဦးသန်းစိုးက ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရာတွင် အထောက် အကူဖြစ်စေမည့် နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ ကောင်းမွန်သည့်လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကိုစောင့်မျှော်နေမည်ဖြစ်ကာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မှုသည် မြန်မာနိုင်ငံအတွက် ကောင်းမွန်သည့်အရွေ့တစ်ခုကို ဖော်ဆောင်နိုင်မည်ကိုယုံကြည်သည်ဟု UEC ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောကြားခဲ့သည်။

ထို့နောက် UEC ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ဂုဏ်ပြုညစာသုံးဆောင်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန ယဉ်ကျေးမှုအကအဖွဲ့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုပန်းခြင်းများနှင့် ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်ဒိုနီးရှားတွင် ဘိုးဘွားရိပ်သာမီးလေ-ာင်၍ လူ ၁၆ ဦး ‌ေ-သဆုံး

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းပေါ်ရှိ မာနာဒိုမြို့ရှိ ဘိုးဘွားရိပ်သာမီးလေ-ာင်ခဲ့သောကြောင့် လူ ၁၆ ဦး ‌ေ-သဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် အန်တာရာသတင်းဌာနက ဖော်ပြခဲ့သည်။ Werdha Damai ဘိုးဘွားရိပ်သာ၌ လေ-ာင်ကျွမ်းသောမီးကို တနင်္ဂနွေအနှောင်းပိုင်းတွင် အပြီးငြိမ်းသ-တ်နိုင်ခဲ့ကြောင်းနှင့် မီးလေ-ာင်မှုဖြစ်ပွာရသည့်အကြောင်းရင်းကို အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲအရာရှိ အလမ်ဆယက် ပီ ဟာစီဘူအန်က ပြောကြားခဲ့သည်။ သတင်းရုပ်သံလိုင်း မက်ထရိုတီဗီက ရို-က်ကူးခဲ့သော ဗီဒီယိုတွင် ရိပ်သာအတွင်း၌ မီးလေ-ာင်ကျွမ်းလျက်ရှိကာ ညကောင်းကင်ယံသည် လိမ္မော်ရောင်သို့ ပြောင်းလဲနေပြီး ဒေသခံများသည် မီးလေ-ာင်နေသော အဆောက်အအုံတွင်းမှ...

သုံးနိုင်ငံမဆွေးနွေးမီထိုင်း-ကမ္ဘောဒီးယားအပ-စ်ရပ်‌မှုကို တရုတ်က ကြိုဆို

ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက်သတ္တပတ်ပေါင်းများစွာကြာအောင် ‌ေ-သကျေပျ-က်စီးမှုများရှိခဲ့သည့် နယ်စပ်တို-က်ပွဲများအပြီးတွင် ထိုင်းနိုင်ငံနှင့် အပ-စ်အခတ်ရပ်စဲရေး သဘောတူမှုကိုရရှိခဲ့သည့်အတွက် တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံကို ဂုဏ်ယူဝမ်းမြောက်ကြောင်း တနင်္ဂနွေနေ့ (ဒီဇင်ဘာလ ၂၈ ရက်နေ့) တွင် ပြောကြားခဲ့သည်။ ယခုအခါ အဆိုပါ သုံးနိုင်ငံမှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် နှစ်ရက်ကြာပြုလုပ်မည့် အစည်းအဝေးသို့ တက်ရောက်ရန် ပြင်ဆင်လျက်ရှိပါသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် လတ်တလောကာလအတွင်း ဒုတိယအကြိမ်မြောက် အပ-စ်အခတ်ရပ်စဲရေးကို စနေနေ့တွင် သဘောတူညီခဲ့ပြီး အနည်းဆုံးအနေဖြင့် လူ ၁၀၁ ဦး ‌ေ-သဆုံးခဲ့ပြီး ငါးသိန်းကျော် နေရပ်စွန့်ခွာခဲ့ရသည့်...

အဆင့်မြင့် ကြိုးမဲ့ရထားတွဲယာဥ်တန်းကိုတရုတ်စမ်းသပ်

ဒီဇင်ဘာ ၂၉ တရုတ်နိုင်ငံသည် ကုန်တင်ရထားတွဲအများအပြားကို သံမဏိချိတ်ဆက်မှုများကို အသုံးမပြုဘဲ ကြိုးမဲ့စနစ်ဖြင့် ချိတ်ဆက်မောင်းနှင်နိုင်သည့် ရထားပို့ဆောင်ရေးစနစ်သစ်တစ်ခုကို စမ်းသပ်အောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။ တနင်္လာနေ့က အင်နာမွန်ဂိုလီးယားပြည်နယ်ရှိ ဘော်ရှင် ရထားလမ်းပေါ်တွင် ပြုလုပ်ခဲ့သော စမ်းသပ်မှု၌ စုစုပေါင်းကုန်တင်နိုင်စွမ်း တန်ချိန် ၃၅,၀၀၀ (အီဖယ်မျှော်စင်အလေးချိန်၏ ၃ ဆခွဲခန့်) ရှိသည့် ကုန်တင်ရထား ၇ စီးကို ကြိုးမဲ့စနစ်ဖြင့် ချိတ်ဆက်အသုံးပြုခဲ့ပါသည်။ အဆိုပါရထားများကို တစ်စင်းချင်းစီ သီးခြားမောင်းနှင်ပါက ထားရှိရမည့် ဘေးကင်းလုံခြုံရေးအကွာအဝေးထက် ပိုမိုနီးကပ်စွာထားရှိ၍ တစ်ပြိုင်နက်တည်း အတူတကွ မောင်းနှင်နိုင်ခဲ့ပါသည်။ ဤနည်းပညာသည် ရထားလမ်းသစ်များကိုထပ်မံခင်းရန်မလိုဘဲ တရုတ်နိုင်ငံ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071