Thursday, February 19, 2026

ပူးပေါင်းဆောင်ရွက်မှုများကြောင့် တိုးတက်လာမည့် မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာကဏ္ဍ

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ သိပွံနှင့် နည်းပညာကဏ္ဍအပါအဝင် ကဏ္ဍအချို့၌ပူးပေါင်းဆောင်ရွက်မှုများကို မကြာမှီအချိန်အတွင်း ပြုလုပ်သွားကြမည်ဖြစ်သည်။ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်သည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန...

အုပ်စုကြပ်ထဲရောက်နေသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်း

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းသည် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၌ အုပ်စု(ခ) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သြစတြေးလျအသင်းတို့နှင့်ယှဉ်ပြိုင်ရမည်ဖြစ်၍ အုပ်စုကြပ်သည့်အနေအထားတွင်ရှိနေသည်။ လက်ရှိအချိန်၌ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ...

ပိုမိုအားကောင်းလာနိုင်သည့် လေဖိအားနည်းရပ်ဝန်း

အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင်ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ...

မော်တင်စွန်းဘုရားပွဲကာလ ငွေတောင်ကမ်းခြေနှင့် ကျောက္ကလပ်ကမ်းခြေသို့ လာရောက်လည်ပတ်...

မော်တင်စွန်းဘုရားသို့ လာရောက်လည်ပတ်ကြသောဘရားဖူးခရီးသည်များ မော်တင်စွန်းနှင့် အနီးတစ်ဝိုက်တွင်ရှိသော ငွေတောင်ကမ်းခြေနှင့် သဘာဝအလျောက် တည်ရှိနေသော ကျောက္ကလပ်ကမ်းခြေများသို့လည်း သွားရောက်လည်ပတ်ကြကြောင်း သိရသည်။ ငွေတောင်ကမ်းခြေသို့ မော်တင်စွန်းမှတစ်ဆင့် ဆိုင်ကယ်၊အိုးဝေများနှင့်သွားရောက်ကြပြီး အိုးဝေခမှ...
HomeNewsLocal Newsရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက်...

ရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက် ( MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်

လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြီးဖြစ်ပြီး အရည်သွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ်အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ နိုဝင်ဘာ (၁၄) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

MEVM ကို ပြည်တွင်းနည်းပညာရှင်များ က ပထမဆုံးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး စက်၏ အရည်သွေးနှင့် စံချိန်စံညွှန်းကို စစ်ဆေးပေးရန် အမျိုးသားစံချိန်စံညွှန်းကောင်စီကတင်ပြခဲ့ခြင်း ဖြစ်သည်။

ကောင်စီက မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်များပါဝင်သည့် အဖွဲ့ဝင် (၂၀) ဦးဖြင့် ဖွဲ့စည်းပြီး MEVM မဲပေးစက်ဆိုင်ရာစံချိန်စံညွှန်းမူကြမ်းကို ရေးဆွဲတင်ပြခဲ့ပြီးနောက် အမျိုးသားစံချိန်စံညွှန်းကောင်စီအနေဖြင့် စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ဥပဒေအရ စက်တင်ဘာ ၂ရက်က မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် MEVM မဲပေးစက်များနှင့် စပ်လျဉ်း၍ မြန်မာစံချိန်စံညွှန်းဖြစ်သော MMS 63:2025 မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ စံချိန်စံညွှန်းနှင့်အညီ ကိုက်ညီစစ်ဆေးပြီးဖြစ်၍ အရည်အသွေးကိုက်ညီမှု ထောက်ခံချက် (Certificate of Conformity – CoC) နှင့် မြန်မာစံချိန်စံညွှန်း အမှတ်တံဆိပ် (MMS Standard Mark) အသုံးပြုခွင့် လိုင်စင်ရရှိထားပြီးဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသန်းစိုး က ယမန်နေ့ ကျင်းပသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့သည်။

သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းရှိမရှိကိုလည်း လျှပ်စစ်အီလက်ထရောနစ်နှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ အကဲဖြတ်စစ်ဆေးရေးကော်မတီ ဖွဲ့စည်းပြီး အကဲဖြတ်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပူးပေါင်းဆောင်ရွက်မှုများကြောင့် တိုးတက်လာမည့် မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာကဏ္ဍ

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ သိပွံနှင့် နည်းပညာကဏ္ဍအပါအဝင် ကဏ္ဍအချို့၌ပူးပေါင်းဆောင်ရွက်မှုများကို မကြာမှီအချိန်အတွင်း ပြုလုပ်သွားကြမည်ဖြစ်သည်။ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်သည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် ဘယ်လာရုစ်နိုင်ငံ၊ အမျိုးသားသိပ္ပံအကယ်ဒမီပညာရှင်နှင့် သိပ္ပံနှင့်နည်းပညာဗဟိုဌာန ညွှန်ကြားရေးမှူး မစ္စတာ အလက်ဆီရှကာဒါရီဗစ်ချ် တို့ ဖေဖော်ဝါရီ ၁၈ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အုပ်စုကြပ်ထဲရောက်နေသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်း

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းသည် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၌ အုပ်စု(ခ) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သြစတြေးလျအသင်းတို့နှင့်ယှဉ်ပြိုင်ရမည်ဖြစ်၍ အုပ်စုကြပ်သည့်အနေအထားတွင်ရှိနေသည်။ လက်ရှိအချိန်၌ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ရောက်ရှိခဲ့ပြီး Kasem Bundit University တွင် နေထိုင်တည်းခိုကာ စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်။  ထို့နောက် ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြိုင်ပွဲကျင်းပမည့်   Nakhon Ratchasima သို့ထွက်ခွာမည်ဖြစ်ကာ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းတွင် ကစားသမား(၁၆)ဦး၊ အုပ်ချုပ်နည်းပြ(၁၀)ဦးလိုက်ပါသွားခဲ့သည်။

ပိုမိုအားကောင်းလာနိုင်သည့် လေဖိအားနည်းရပ်ဝန်း

အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင်ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး လာမည့် ၂၄ နာ ရီအတွင်း သီရိလင်္ကာနိုင်ငံသို့ ဦးတည်ရွေ့လျားနိုင်ကြောင်း သိရသည်။ ထို့ပြင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ယင်း လေဖိအားနည်းရပ်ဝန်းမှာ ပိုမိုအားကောင်းလာနိုင်ကြောင်းခန့်မှန်းရသည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071